Saturday 30 April 2011

‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ်အမေးအဖြေ ၁- ဒီပဲယင်းအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးရန်။စသည်...

‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ်အမေးအဖြေ

2011-04-29
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်းနဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း တင်ဆက်နေပါတယ်။ ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။
ဧပြီ ၂၉ ရက်နေ့ အစီအစဉ် “၁- ဒီပဲယင်းအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးရန်။ ၂- အဲဒီဖြစ်စဉ်မှာ ထိခိုက်နစ်နာခဲ့သူတွေကို ထိုက်သင့်တဲ့ နစ်နာကြေးပေးရန်။ ၃- နောင်အခါမှာ ဒီလိုအဖြစ်အပျက်မျိုး ထပ်မံ မဖြစ်ဖို့ နှစ်ဦးနှစ်ဖက် ပူးပေါင်း ဆောင်ရွက်ရန်။ ၄- ဒီပဲယင်းနဲ့ပတ်သက်လို့ အဖမ်းဆီးခံနေရသူတွေ အားလုံးကို ပြန်လွှတ်ပေးရန် ဆိုတာတွေဖြစ်ပါတယ်။ NLD ဖက်ကတော့ မိမိတို့ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို အမျိုးသားညီလာခံ လွှတ်ဖို့ သဘောတူလိုက်ပါတယ်။ ဒီအချက်အားလုံးကို နှစ်ဦးနှစ်ဖက် လက်ခံပြီးမှ အမျိုးသားညီလာခံ စဖို့ ရက်အနည်းငယ်လေး အလိုမှာ အန်တီ့ကို မလွှတ်ပေးဘူး ပြောတာကစပြီး သဘောတူညီချက်တွေရော ဆွေးနွေးတာတွေရော ပျက်သွားပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၂၉ အစီအစဉ်မှာ ဖြေကြားခဲ့ပါတယ်။
ထိုင်းမြန်မာနယ်စပ်က စာရေးဆရာ သန်းဝင်းလှိုင်နဲ့ မလွင်လွင်မြင့်၊ မလေးရှားက ကိုဇော်ဌေး၊ စင်ကာပူက မကြေးမှုံ၊ ဂျပန်နိုင်ငံက ကိုဘုန်းလှိုင်၊ တောင်ကိုရီးယားက ဝိုင်မြင့်ချို၊ အမေရိကန်ပြည်ထောင်စုက မခိုင်သီတာအောင်တို့ရဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားပါတယ်။
လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဧပြီ ၂၉ ရက်)
အသံဖိုင်ယူရန်

အိန္ဒိယ-မြန်မာ အဆင့်မြင့် စစ်အရာရှိများ နယ်စပ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

အိန္ဒိယ-မြန်မာ အဆင့်မြင့် စစ်အရာရှိများ နယ်စပ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

2011-04-29
မြန်မာနဲ့ အိန္ဒိယ နယ်စပ် စစ်ဖက်ဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲကို စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဧပြီ ၂၈ ရက် မနေ့ကစပြီး ရှေ့လ မေ ၂ ရက်နေ့အထိ ပြုလုပ်နေပါတယ်။
Photo: AFP
အိန္ဒိယနိုင်ငံ မဏိပူရ ပြည်နယ်၊ မြန်မာနယ်စပ်အနီး လှုပ်ရှားနေသော သူပုန်စခန်းတခုမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများကို အိန္ဒိယစစ်တပ်က ပြသထားသည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

အဲဒီဆွေးနွေးပွဲမှာ အဓိက အားဖြင့် အိန္ဒိယစစ်တပ်က သူတို့အစိုးရကို ပုန်ကန်နေတဲ့ သူပုန်တွေကို မြန်မာပိုင်နက်ထဲအထိ လိုက်တိုက်နိုင်ဖို့ တောင်းဆိုနေတာ ဖြစ်တယ်လို့ အိန္ဒိယ မြန်မာနယ်စပ်မှာ နေထိုင်တဲ့ နယ်စပ်အရေး လေ့လာသူတဦး က ပြောပါတယ်။
“အိန္ဒိယဖက်က အိန္ဒိယနိုင်ငံနဲ့ ပတ်သက်တဲ့ သူတို့ ဖမ်းလိုတဲ့ လူဖြစ်စေ၊ ပစ္စည်းဖြစ်စေ၊ ရှိခဲ့ရင်လည်း ဗမာနိုင်ငံက ခွင့်ပြုဖို့ ကိစ္စတွေ၊ နှစ်နိုင်ငံ ခုနက လူကျူးကျော်မှု၊ ပစ္စည်း ကျူးကျော်မှုကိစ္စတွေလည်း ဒီလို ပူးပေါင်းဆောင်ရွက်မဲ့ ဟာတွေ၊ ဒါမျိုးတွေ ဆွေးနွေးနိုင်တယ်။”
“အဲဒီကျတော့ ဗမာပြည်ဖက် ဝင်တိုက်မလား၊ မတိုက်ဖူးလား၊ တိုက်လို့ ဖြစ်မလား ဆိုတဲ့ဟာတွေကိုတော့ ဒါ ဆွေးနွေးမှာပဲ၊ အရင်တုန်းကလည်း အကြိမ်ကြိမ် ဆွေးနွေးနေတာပဲ။ ပေးစရာရှိတာတွေလည်း အိန္ဒိယက ပေးနေတာ။ အဲဒီဥစ္စာ ဝင်တိုက်လို့ ရအောင်လည်း သူတို့ ပေးနေတာ။”
“ဒီနေ့ထိကတော့ ဗမာဖက်ကို အိန္ဒိယဖက်က ဝင်လုပ်တဲ့ဟာတွေ တော်တော် တောနက်တဲ့ အပိုင်းတွေပေါ့နော။ ဟုမ္မလင်းနဲ့ တမူးကြား ဒါမျိုးနေရာတွေမှာ အိန္ဒိယတပ်တွေ ဝင်ပြီးတော့ ၄-၅-၆ ကီလိုမီတာ ဝင်ပြီးတော့ ရှင်းလင်းတာတွေ လုပ်တာတို့ ဒါ ကျွန်တော်တို့ သိရတယ်လေ။”
အဲဒီဆွေးနွေးပွဲမှာ အိန္ဒိယဖက်က ၁၂-ဦးပါ စစ်ဖက် ကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ချုပ် Hooda ဦးဆောင်ပြီး မြန်မာဖက်က ဒေသ စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ဆန်းချစ် ဦးဆောင်ပြီး ဆွေးနွေး နေပါတယ်။
ဒီလ ၂၇ ရက်နေ့ကလည်း အိန္ဒိယ ထောက်လှမ်းရေးဌာန RAW ရဲ့ အကြီးအကဲ S. K. Tripathi ဟာ နေပြည်တော်ကို ရောက်ရှိခဲ့ပြိး မြန်မာအစိုးရ စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

မြန်မာ ကွန်ရက်အဖွဲ့ ၁၁ ဖွဲ့က ဦးသိန်းစိန်အစိုးရကို ဝေဖန်ထောက်ပြ

မြန်မာ ကွန်ရက်အဖွဲ့ ၁၁ ဖွဲ့က ဦးသိန်းစိန်အစိုးရကို ဝေဖန်ထောက်ပြ

2011-04-29
ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နဲ့ အစိုးရအပေါ် သုံးသပ်ချက်နဲ့ ပြည်သူလူထုသို့ အသိပေးတင်ပြချက်တစောင်ကို ဒီမိုကရေစီရေး အင်အားစု ကွန်ရက် ၁၁ ဖွဲ့က ဧပြီ ၂၉ ရက် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ဦးသိန်းစိန်အစိုးရအဖွဲ့မှာ ၃၅ နေရာရှိတဲ့အနက် စစ်ဖက်က ၂၆ နေရာယူထားပြီး ကျန်နေရာတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက နေရာယူထားတာကို သုံးသပ် တင်ပြထားတဲ့အကြောင်း ကွန်ရက်တဖွဲ့ဖြစ်တဲ့ ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်များ အင်အားစုက ကိုရန်နိုင်က ပြောပါတယ်။
“ဦးသိန်းစိန် သမတလုပ်တဲ့ ဒီ ၂၀၁၀ အလွန် အစိုးရဟာ ဒီ ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံနဲ့ ဥပဒေရေး၊ တရားရေးတို့၊ အုပ်ချုပ်ရေးတို့ စတဲ့ ကဏ္ဍတွေမှာ စစ်အုပ်စု ထိပ်သီးခေါင်းဆောင်တွေကပဲ နေရာယူထားတာကို ကျွန်တော်တို့ သုံးသပ် တွေ့ရှိရတယ်။ အရပ်ဝတ် စစ်ဗိုလ်တွေ အနေနဲ့ရော နောက်တခါက စစ်ဖက်ကနေ စည်းရုံးထားတဲ့ ဒီ ကြံ့ဖွတ်ပါတီ ထိပ်သီးတွေကပဲ ဒီ အစိုးရအဖွဲ့မှာ အသီးသီး နေရာယူထားတာကို ကျွန်တော်တို့ သုံးသပ်တွေ့ရှိရတယ်။”
“နောက် တချက်က ဒီ ၂၀၁၀ ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ ဒီကြံ့ဖွတ်စစ်အစိုးရဟာ စစ်အာဏာရှင်စနစ်ကို ကိုယ်စားပြုတဲ့ အစိုးရတရပ် အဖြစ်ကနေပြီးတော့ ဒီမိုကရေစီစနစ်ကို လမ်းကြောင်းက အမှန်တကယ် သွားမယ်ဆိုရင် တိုင်းပြည်အတွင်းမှာ ပထမဦးဆုံး အနေနဲ့ ကျွန်တော်တို့ အခု တောင်းဆိုထားတဲ့ အချက်တွေကို ပြုလုပ်ပေးဖို့ လိုအပ်တယ်ဆိုတာကို ထောက်ပြထားတယ်။”
ကြေငြာချက်မှာ နိုင်ငံရေး အကျဉ်းသားတွေအားလုံး ချွင်းချက်မရှိ လွှတ်ပေးဖို့၊ ပြည်တွင်းစစ် ရပ်စဲပြီး ပြည်တွင်း ငြိမ်းချမ်းရေး ချက်ချင်း ဆောင်ရွက်ဖို့၊ စစ်အစိုးရလက်ထက် တလျှောက်လုံးမှာ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု နယ်ပယ်တွေမှာ ဒီမိုကရေစီ အခွင့်အရေးတွေ တားဆီးပိတ်ပင်တဲ့ အမိန့်ကြေညာချက်တွေကို ဖျက်သိမ်းပေးဖို့၊ နိုင်ငံရေးပါတီတွေ ဖွဲ့စည်းခွင့် အပါအဝင် လူထုလူတန်းစား အလွှာ အသီးသီးရဲ့ အသင်းအပင်း ဖွဲ့စည်းခွင့်နဲ့ စည်းရုံး လှုပ်ရှားခွင့်တွေ ခွင့်ပြုဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲရေးအတွက် သက်ဆိုင်တဲ့ အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆိုတာတွေကို တောင်းဆိုထားပါတယ်။
ဒီအချက်တွေ မဖြည့်ဆည်းဘူးဆိုရင် အစိုးရ နာမည်ကို ဘယ်လို တပ်တပ်၊ လွှတ်တော်ကို ဘယ်လို ပုံစံနဲ့ပဲ ကျင်းပကျင်းပ ဟန်ပြလုပ်ရပ်တွေပဲ ဖြစ်တာမို့ စစ်အာဏာရှင် စနစ်ကို ဆက်ကျင့်သုံးပြီး တိုင်းပြည်ကို လိမ်ညာနေတာပဲ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်၊
ဒီ ကြေငြာချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီး၊ ၈၈ မျိုးဆက် ကျောင်းသားများ။ ရက္ခအလင်းတန်း၊ ရွှေဝါရောင်တော်လှန်ရေး၊ ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်များ အင်အားစု၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ ၂၀၀၇ မျိုးဆက် ကျောင်းသားများ သမဂ္ဂ၊ ရခိုင်ကျောင်းသားများ သမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၊ အခြေခံပညာ ကျောင်းသားများ သမဂ္ဂနဲ့ မြေလတ် ကျောင်းသားများ အဖွဲ့တို့က ပူးပေါင်း ထုတ်ပြန်လိုက်တာပါ။

နိုင်ငံရေးအကျဉ်းသား လွှတ်ရန် မြေအောက် ၁၁ ဖွဲ့ တိုက်တွန်း

နိုင်ငံရေးအကျဉ်းသား လွှတ်ရန် မြေအောက် ၁၁ ဖွဲ့ တိုက်တွန်း

ချင်းမိုင် (မဇ္ဈိမ) ။     ။ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ တပ်ပေါင်းစုနှင့် ပြည်တွင်း၌မြေအောက်လှုပ်ရှား နေသည့် ကျောင်းသားအဖွဲ့များ အပါအဝင် ၁၁ ဖွဲ့က ဦးသိန်းစိန် အစိုးရကို သောကြာနေ့တွင် ကြေညာချက်ထုတ်၍ တိုက်တွန်းလိုက်သည်။
sing1(နိုင်ငံရေးအကျဉ်းသားများပြန်လွှတ်ပေးရန်မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုနှင့် 
မြေအောက်လှုပ်ရှားနေသည့်ကျောင်းသားအဖွဲ့များအပါအဝင်၁၁ဖွဲ့)
 
အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းသို့ အမှန်တကယ်သွားလိုကြောင်း ဖော်ပြလိုပါက ပထမဆုံးအဆင့် အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်နှင့် နိုင်ငံရေး အင်အားစုများနှင့်ပါ တွေ့ဆုံဆွေးနွေးရန် လိုအပ်သည်ဟု ၁၁ ဖွဲ့ ကြေညာချက်တွင် ဖော်ပြထားခြင်း ဖြစ်သည်။


“နိုင်ငံရေး တည်ငြိမ်မှု မရှိခြင်းသည် ကျန်တဲ့အရေး အားလုံးပါ ယိမ်းယိုင်နေတယ်။ အဲဒီအတွက်နိုင်ငံရေး တည်ငြိမ်မှု မရှိတဲ့အခါမှာ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေးတွေသည် အားလုံး ချွတ်ခြုံကျတယ်။ အဲဒီအတွက် ဒီအရေးတွေ ကောင်းဖို့အတွက် နိုင်ငံရေးတည်ငြိမ်အောင် သက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးပါ၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးကြပါလို့ ဦးဇင်းတို့ တိုက်တွန်းတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးမှ ဆရာတော် ဓမ္မသီရိက မဇ္ဈိမကို အမိန့်ရှိသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ၂ဝဝ၇ မျိုးဆက်ကျောင်းသား များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် မြေလတ်ကျောင်းသားများအဖွဲ့များ ပါဝင်သည့် အဖွဲ့ ၁၁ ဖွဲ့၏ ကြေညာချက်တွင် ၂ဝဝ၈ အခြေခံဥပဒေသည် စစ်တပ်အုပ်စိုးသူ လူတန်းစားတရပ်ပေါ်ထွန်း လာရန် ရေးဆွဲထားသည့် ဥပဒေဖြစ်သည်ဟု ဝေဖန်ထားသည်။

စစ်တပ် ကြီးစိုးမည့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး လုပ်ငန်းစဉ်များကိုဆက်လက်ကြိုးပမ်း မည်ဖြစ်ပြီး၊ ပြည်သူလူထုအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားသေးသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီးနောက် မြန်မာနိုင်ငံတွင်ကွန်ယက်ချိတ် ဆက်၍ နိုင်ငံရေးနှင့် လူမှုရေး လုပ်ငန်းများအတွက် လှုပ်ရှားမှုများ ကျယ်ပြန့်စွာ လုပ်ဆောင်လာကြသည်။ ကွန်ယက်ဖြင့် လှုပ်ရှားရာ၌  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသားများလွှတ်ပေး ရန် တောင်းဆိုသည့် လက်မှတ်ရေးထိုး ကောက်ခံမှုများ နိုင်ငံတဝှန်း ရှိနေသည်။

ဧပြီလ ၁၇ ရက်မှစ၍ လက်မှတ်များ ကောက်ခံခဲ့ရာ တသောင်းကျော် ရရှိကာ၊ ယခု လှုပ်ရှားမှုသည်ပြည်သူ တရပ်လုံး ဆန္ဒဖြစ်ကြောင်း လက်မှတ်ကောက်ခံမှု ကွန်ယက်တွင် ဦးဆောင်ပါဝင်သူ ဦးဖြိုးမင်းသိန်းက ဆိုသည်။

“နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ တွေ့ဆုံဆွေးနွေးဖို့၊ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုတဲ့အခြေအနေ တွေဟာ ပြည်သူလူထုတရပ်လုံးရဲ့ အသံ၊ ဒီမိုကရေစီရေး လှုပ်ရှားသူ အားလုံးရဲ့ တူညီတဲ့ အသံတခုပါပဲ။ တူညီတဲ့ လှုပ်ရှားမှုတွေ ဖြစ်လာတာပါပဲ” ဟု သူက ဆိုသည်။

၎င်းတို့သာမက ၂ဝ၁ဝ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီ ၅ ပါတီကလည်း နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အကျဉ်းကျခံများ လွှတ်ပေးရေး အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ပေးရန် ဦးသိန်းစိန် အစိုးရကို ယခုလ ၂၇ ရက်နေ့တွင် ကြေညာချက်ထုတ်ကာ တောင်းဆိုခဲ့သေးသည်။

sing
နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် မြေအောက် ၁၁ ဖွဲ့ လက်မှတ်ရေးထိုးထားသည်ကို တွေ့ရစဉ်

အထင်ကရ စာရေးဆရာကြီးဖြစ်သူ ၉၃ နှစ်အရွယ် ဆရာကြီးဒဂုန်တာရာကလည်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးစေလိုကြောင်း ယခုလအတွင်း မဇ္ဈိမနှင့် အင်တာဗျူးတရပ်တွင် ပြောဆိုခဲ့သည်။

ထို့အပြင် မတ်လ လွှတ်တော်အစည်းအဝေးများအတွင်း အမျိုးသားလွှတ်တော်အမတ်များကပါ တင်ပြမှုများ ရှိခဲ့ပြီး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကမူ ၎င်းအဆိုသည် လွှတ်တော်တွင်း မဆွေးနွေးမီ ပြင်ပမီဒီယာများသို့ ပေါက်ကြားခဲ့ခြင်းကြောင့် ဆွေးနွေးမှုကို ပယ်ဖျက်ပစ်ခဲ့သည်။

မတ်လ ၂၂ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းလှကျော်က နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ရှိမရှိ မေးမြန်းခဲ့ရာ၊ ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦးက ထိုကိစ္စသည် အမျိုးသား လုံခြုံရေးကောင်စီ၏ လုပ်ပိုင်ခွင့်ဖြစ်သဖြင့်သမ္မတကျမ်းကျိန်ပြီးသည် အထိ စောင့်ဆိုင်းစေလိုကြောင်း ဖြေကြားခဲ့သည်။ သို့သော် သမ္မတ ကျမ်းကျိန်အပြီး တလကြာမြင့်သည့် ယခုအချိန်အထိ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးသည်ကို မတွေ့ရသေးပေ။

မြန်မာအကျဉ်းထောင်များတွင် အကျဉ်းကျသံဃာ ၂၂၅ ပါး အပါအဝင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂ဝ၇၆ ဦး ရှိကြောင်း AAPP-B ၏ ယခုလထုတ် စာရင်းတွင် ဖော်ပြထားသည်။ ပြန်လွှတ်ပေးရန်အတွက် ဦးသိန်းစိန် အစိုးရ၏ ဝန်ကြီးများနှင့် ဖွဲ့စည်းထားသည့် သာသနာ့နုဂ္ဂဟအသင်းအနေဖြင့် ကြိုးပမ်းသင့်ကြောင်းပါ ယနေ့ထုတ်ပြန်သည့် ကြေညာချက်တွင် ပါဝင်လက်မှတ်ရေးထိုးသူ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ် ပေါင်းစုအဖွဲ့ကြီးမှ အသျှင်ဓမ္မသီရိက ပြောဆိုခဲ့သည်။

Thursday 28 April 2011

ဒေါ်စုပြောတဲ့ ဗိုလ်ချုပ်ရဲ့ ထူးခြားအရည်အချင်းများ....။

‎"ကာလ ဒေသ၊ ပယောဂကို၊ နှိုင်းဆထောက်ချင့်၊ သင့် မသင့်ကို၊ ဥာဏ်ဖြင့်ဝေဖန်၊ ...".ဒေါ်စုပြောတဲ့ ဗိုလ်ချုပ်ရဲ့ ထူးခြားအရည်အချင်းများ....။

Monday 25 April 2011

ကျိုက်ဒုံမြို့နယ်တွင် ဒီကေဘီအေ နှင့် အစိုးရစစ်တပ်ကြား တိုက်ပွဲ ပြင်းထန် အစိုးရတပ်ဘက် ၃၆ဦး ထိခိုက် သေဆုံး












ကျိုက်ဒုံမြို့နယ်တွင် ဒီကေဘီအေ နှင့် အစိုးရစစ်တပ်ကြား တိုက်ပွဲ ပြင်းထန် အစိုးရတပ်ဘက် ၃၆ဦး ထိခိုက် သေဆုံး

ဧပြီ ၂၅။ စောသိန်းမြင့်(ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကျိုက်ဒုံမြို့နယ်တွင် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီ အေ)နှင့် မြန်မာအစိုးရတပ်ဖွဲ့အကြား ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်က ၁၉ဦး သေဆုံး ပြီး ၁၇ဦးထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။

ဒီကေဘီအေ တပ်မဟာ (၅)မှူး ဗိုလ်မှူးချုပ် စောလားပွယ် ကိုယ်တိုင် ဦးဆောင်၍ ကျိုက်ဒုံမြို့၏ တောင် ဘက်မနီးမဝေးရှိ မိတန်ကျေးရွာနှင့် မိနန်းအပ်ကျေးရွာကြားတွင် လှုပ်ရှားနေသော စစ်ကွပ်ကဲရေးဌာန ချုပ် စကခ(၅)၊ နည်းဗျူဟာ (၁)လက်အောက်ခံ ခမရ (၅၄၃) တပ်ရင်းကို ၁၂နာရီကြာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ၀င်ရောက်ပစ်ခတ်ခဲ့သည်ဟု ဒီကေဘီအေနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက“မနေ့က ဒီကေဘီအေ တပ်ရင်း ၉၀၈၊ ၉၀၂၊ ၉၀၁အဖွဲ့တွေ ပူးပေါင်းပြီးတော့ စကခ (၅)လက် အောက်ခံ နည်းဗျူဟာ (၁) ခမရ ၅၄၃က စစ်ကြောင်း (၂)လှုပ်ရှားတပ်ဖွဲ့ကို ၀င်တိုက်တယ်။ နအဖဘက် က ၁၉သေ၊ ၁၇ဦး ဒဏ်ရာရတယ်။ တိုက်ပွဲဖြစ်ပွားချိန်ကတော့ မနက် ၆နာရီမှ ညနေ ၆နာရီအထိ။”ဟု ကေအိုင်စီကို ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် အစိုးရစစ်တပ်ဘက်က သေဆုံးသူများထဲတွင် စစ်ကြောင်း ၂မှူးအပါအ၀င် ဒုဗိုလ် တစ်ဦး၊ အရာခံဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနှင့် ဒုတပ်ကြပ် ၂ဦးပါဝင်ခဲ့သလို ဒဏ်ရာရသည့် (၁၇)ဦး အနက်မှ ဗိုလ်တစ်ဦး၊ အရာခံဗိုလ်တစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦးပါရှိခဲ့သည်ဟု ဒီကေဘီအေ သတင်းရပ် ကွက်အရ သိရသည်။

ထိုကဲ့သို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားမှုကြောင့် ကျိုက်ဒုံမှ ပိုင်ခလန်ကားလမ်းကိုလည်း အစိုးရစစ်တပ် ဘက်မှ ပိတ်ပစ်လိုက်သလို ကားနှင့်ဆိုင်ကယ်အစီးများစွာကိုလည်း ဖမ်းဆီးထိန်းသိမ်းထားသည်ဟု အ မည် မဖော်လိုသည့် မိတန်ရွာသားတဦးက ပြောသည်။

၎င်းက “တိုက်ပွဲဖြစ်တာ ၂ရက်ရှိပြီး မနေ့က ဖြစ်တဲ့တိုက်ပွဲမှာ ပိုင်ခလန်ဘက်ကို သွားမယ့် လမ်းဖားရွာ သားတဦး ထိမှန်သေဆုံးသွားတယ်။ အခု ဗမာစစ်တပ်က လမ်းပိတ်ပစ်လိုက်တယ်။ ဘယ်သူမှ သွားလာ လို့မရဘူး။ ကားတွေ၊ ဆိုင်ကယ်တွေလည်း ဖမ်းထားတယ်။ ရွာသားတွေဟာ ကြောက်လန့်ပြီးတော့ ဘယ် မှ မသွားရဲကြတော့ဘူး။ ”ဟု ပြောသည်။

ထို့အပြင် ဒီကေဘီအေတပ်များသည် မိတန်ကျေးရွာအတွင်း ၀င်ရောက်တပ် စွဲထားပြီး အမြောက်လက် နက်ကြီးများ ထောင်ထားသောကြောင့် ရှေ့ဆက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်သည့် အခြေအနေ တွင်ရှိသည်ဟု မိတန်ရွာသားများက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၂၂ရက် (သောကြာနေ့)တွင်လည်း တပ်အင်အား ၂၀ဦးပါ ဗိုလ်ချစ်သဲ ဦးစီး သည့် ဒီကေဘီအေတပ်ဖွဲ့သည် အဆိုပါ အစိုးရ စစ်ကြောင်းအား မိတန်ချောင်းဝကျေးရွာထဲတွင် သွား ရောက်ပစ်ခတ်ခဲ့ရာ နှစ်ဘက်ထိခိုက်မှုမရှိကြောင်း သိရသည်။

ဒီကေဘီအေတပ်မဟာ(၅)တပ်ဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၀ခုနှစ် နိုဝင်ဘာလက စစ်အစိုးရ ကျင်းပပြုလုပ် သည့် ရွေးကောက်ပွဲကို ဆန့်ကျင့်သည့်အနေဖြင့် အစိုးရစစ်တပ်ကို တော်လှန်တိုက်ခိုက်ခဲ့သည်။

Wednesday 20 April 2011

ကွန်ရက်ဖွဲ့သတင်း စစ်တပ်အငြိမ်းစားများကြား ဂယက်ရိုက်

ကွန်ရက်ဖွဲ့သတင်း စစ်တပ်အငြိမ်းစားများကြား ဂယက်ရိုက်
E-mail Print
မြန်မာ့ တပ်မတော်အတွင်း မျိုးချစ်တပ်မတော်သားများ ကွန်ရက် ဖွဲ့စည်းသည်ဆိုသည့် သတင်းထွက်ပေါ်လာ မှုကြောင့် အငြိမ်းစား တပ်မတော် အရာရှိများသည် နယ်မြေခံ အာဏာပိုင်များ၏ စုံစမ်း စောင့်ကြည့်ခံနေကြရကြောင်း သိရသည်။

myanmar-armed-forces-day-2010
၂၀၁၀ ပြည့် မတ်လ၂၇ ရက်က ကျရောက်သည့် ၆၅ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား၌ တွေ့ရသော တပ်မတော်သားများ (ဓာတ်ပုံ - AP)

မကြာသေးမီရက်ပိုင်းက တပ်မတော်တွင် လက်ရှိတာဝန်ထမ်းဆောင်နေကြသော မျိုးချစ်တပ်မတော်သားများက တပ်တွင်း ကွန်ရက်ဖွဲ့ကာ အဆိုပါကွန်ရက်မှဦးဆောင်ပြီး တပ်မတော်သားများသည် ပြည်သူ့ဘက်မှ ရပ်တည်ရေးအတွက် လုပ်ဆောင် သွားကြမည်ဖြစ်ကြောင်း ဘီဘီစီ နှင့် လွတ်လပ်သောအာရှအသံ(RFA) ရေဒီယို သတင်းဌာနများတွင် ကြေညာသွာခဲ့သည်။

“တပ်တွင်းကွန်ရက်ဆိုတာကြီး သတင်းတွေထွက်လာတော့ ကျနော်တို့ရပ်ကွက်လူကြီးဆိုတဲ့သူတွေနဲ့ သူတို့ရဲ့လက်ရုံး တပည့်လေးတွေက စောင့်ကြည့်တာတို့၊ ချဉ်းကပ်တာ စုံစမ်းတာတို့လုပ်လာတယ်၊ အန်ကယ်တို့ က ဒီကွန်ရက်ဆိုတာကို သိတောင်သိတာမဟုတ်ဘူး”ဟု မရမ်းကုန်းမြို့နယ်တွင်နေထိုင်သူ အငြိမ်းစားဗိုလ်မှူးကြီးတဦးက ဧရာဝတီသို့ပြောသည်။

မြန်မာ့တပ်မတော်စစ်သည်အင်အား ၄ သိန်းကျော်ရှိသည့်အနက်မှ တပ်ကြပ်ကြီးအဆင့်ရှိသူ ၁၁ ဦး၏ လျှို့ဝှက် ဖွဲ့စည်း သည်ဟုဆိုသော အဆိုပါကွန်ရက်ဖွဲ့စည်းမှုသည် မည်မျှကိုယ်စားပြုသည်ကို ခန့်မှန်းရခက်ပြီး လက်ရှိ တပ်မတော်သားများနှင့် အငြိမ်းစားတပ်မတော်သား အသိုင်းအ၀ိုင်းမှ အဆိုပါကွန်ရက်အပေါ် ယုံကြည်မှုနည်းသော သတင်းများလည်းထွက်ပေါ်နေသည်။

“ကျနော်တို့ကတော့ ဒါဟာ မဖြစ်နိုင်ဘူးထင်တယ်၊ ကွန်ရက်ဖွဲ့တယ်ဆိုတာ အင်တာနက်သုံးနိုင်မှ ဖြစ်မှာ။ တပ်တွင်း မှာ အင်တာနက်သုံးနိုင်တဲ့ ကွန်ပျူတာသုံးနိုင်တဲ့ အခြေအနေအခွင့်အလမ်းအရမ်းနည်းတယ်။ ဖုန်းနဲ့ကလုံခြုံမှု မရှိတာကြောင့် လည်းဖြစ်တယ်။ ဒါမျိုးကွန်ရက်ဖွဲ့ဖို့ဆိုတာ အလွန်ခက်ပါတယ်။ အငြိမ်းစားတချို့တော့ ဒီသတင်းကြောင့် စောင့်ကြည့် ခံရ တာတော့ ရှိတယ်”ဟု ထိုင်းမြန်မာနယ်စပ်ရှိ တပ်မတော်အရာရှိဟောင်း ဗိုလ်ထက်မင်းက ပြောသည်။

ရန်ကုန်တိုင်း ရွှေပေါက္ကံမြို့သစ်တွင် နေထိုင်သူ အငြိမ်းစားဗိုလ်ကြီးတဦးကမူ“တပ်တွင်းကွန်ရက်ဖွဲ့တယ်ဆိုတာ ဟုတ်တယ် ဆိုရင်တောင် ကျနော်တို့ တပ်ကနေ အငြိမ်းစားယူထားတဲ့ သူတွေနဲ့က ဘာမှလဲမဆိုင်ဘူး။ အခု ရပ်ကွက်ရုံးက လူတချို့က လာမေးတာ၂ ခါ ရှိနေပြီ။ လာမေးတာက ဆက်စပ်နိုင်လား ဆိုတာ စုံစမ်းတာနေမှာပေါ့။ မိသားစုတွေက စိုးရိမ်တာပေါ့။ သိ တဲ့ အတိုင်း သူတို့အာဏာရှိသူတွေက လုပ်ချင်တာလုပ်မှာ”ဟု ပြောသည်။

တပ်မတော်သား အငြိမ်းစားအရာရှိကြီးများသည် ယခင်စစ်အစိုးရလက်ထက် စစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာ့စီးပွားရေး ဦး ပိုင် လီမိတက် တို့တွင် အစုရှယ်ယာဝင်များ၊ အဖွဲ့ဝင်များအဖြစ်ရှိနေကြပြီး စီးပွားရေးလုပ်ငန်းများ လုပ်ပိုင်ခွင့် ရရှိနေ သူများဖြစ်ကြသည်။

သို့သော်လည်း မြန်မာစစ်တပ်တွင် တပ်မှူး၊ တပ်သားများအနေဖြင့် စစ်တပ်ခေါင်းဆောင်များအပေါ် မကျေနပ်မှုများ ရှိသည် မှာ နှစ်ကာလ ရှည်ကြာကတည်းကဖြစ်ပြီး အာဏာဖီဆန်နိုင်သည့်အခွင့်အရေး မည်သည့်အခါမှ မရခဲ့ပေ။

အထူးသဖြင့် စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့် ရာထူးမှ ဖယ်ရှားခံလိုက်ရပြီးနောက် စစ်ထောက်လှမ်းရေး ဟောင်း အများစုက မကျေနပ်မှုများရှိနေသည်ဟု သိရသည်။

“ကျနော့်အမြင်ကတော့ တပ်ထဲမှာ ဒီလိုကိစ္စမျိုး ဖွဲ့စည်းဖို့ဆိုတာ အတော်ခဲယဉ်းတယ်လို့ပြောချင်တယ်။ ဒါဟာ တပ်တွင်းမှာ အင်မတန်ကြီးလေးတဲ့ အပြစ်ကျူးလွန်မှုဖြစ်တယ်။ တကယ်မှန်ကန်တယ်ဆိုရင်တော့ ကြိုဆိုတယ်။ မဟုတ်ရင်တော့

တို့တွေ အနေခက်တာပဲ အဖတ်တင်သွားမယ်”ဟု တပ်မတော် စစ်ထောက်လှမ်းရေးဟောင်း တဦးက ပြောသည်။

မြန်မာနိုင်ငံ တပ်မတော်သမိုင်းတလျှောက်တွင် ဖယ်ရှားခံလိုက်ရသော ဗိုလ်ချုပ်ကြီးခင်ညွန့်၏ စစ်ထောက်လှမ်းရေး အဖွဲ့သည် အကြီးမားအကျယ်ပြန့်ဆုံးဖြစ်ခဲ့သည်။ ခိုင်မာစွာဖွဲ့စည်းထားသည့် စစ်ထောက်လှမ်းရေး အဖွဲ့ဝင်များသည်ပင်၂၀၀၄ ခုနှစ်တွင် ၀င်ရောက်စီးနင်း၊ ဖမ်းဆီးမှုပြုလုပ်ခြင်းများကို ခံခဲ့ကြရသည်။

၁၉၇၀ နှစ်လွန်ကာလ အာဏာရှင်ဟောင်း ဦးနေ၀င်း လက်ထက် မအောင်မြင်သောအာဏာသိမ်းရန်ကြံစည်မှုဖြစ်ပေါ်ခဲ့ပြီး ဦးဆောင်သူ ဗိုလ်ကြီးအုန်းကျော်မြင့် ကို သေဒဏ်အမိန့်ချမှတ်ခဲ့ပြီးနောက် အင်းစိန်အကျဉ်းထောင်တွင် ကြိုးပေးကွပ်မျက် ခဲ့သည်။

ရှစ်လေးလုံးဒီမိုကရေစီအရေးတွင် ကြည်း၊ ရေ၊ လေ တပ်မတော်သားများအနေဖြင့် ပြည်သူနှင့်လက်တွဲကာ ၄င်းတို့၏ ဆန္ဒကို ပူးပေါင်းဖော်ထုတ်ပြသခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင်လည်း အပြောင်း အလဲကို လိုလားကြောင်း ဒီမိုကရေစီပါတီများကို ဆန္ဒမဲပေးထောက်ခံပြီး ပြည်သူနှင့် တသားတည်း ရပ်တည်ခဲ့ဖူးသည်။

Tuesday 19 April 2011

နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး ဒဂုန်တာရာနှင့် အော်ပီကျယ် ပန်ကြား


ချင်းမိုင် ။     ။ မြန်မာနိုင်ငံ၏ အသက်ကြီးဆုံး စာရေးဆရာ အသက် ၉၂ နှစ်ရွယ် ဒဂုန်တာရာက ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်ကို နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရေး တနင်္လာနေ့က တိုက်တွန်းလိုက် သည်။
dagon-taryar
“ဒီလူတွေက အနာဂတ် မြန်မာနိုင်ငံတော်ကို ဖွဲ့စည်း တည်ထောင်ရမယ်လူတွေပဲဗျ အလကား လူတွေ မဟုတ်ဘူး၊ အပြစ်မရှိတဲ့လူတွေ လွှတ်ဖို့ကောင်းပြီဗျာ၊ နှစ်တွေကလည်း ကြာလှပြီ၊ အဲဒါကိုတော့ လေးလေး နက်နက် ပြောချင်တယ်၊ အဲဒီလူတွေဟာ ထောင်ထဲမှာ ရှိဖို့ မကောင်းတဲ့ လူတွေပဲ။ အဲဒီလူတွေကိုတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ကောင်းပြီ၊ ဒါ ကျနော် လေးလေးနက်နက် ပြောချင်တာပဲ။ အကယ်၍ ကျနော့်စကားကို နားထောင်မယ်ဆိုရင်ပေါ့ဗျာ။ အထူးသဖြင့် တောင်းပန်ချင်တာပါပဲ” ဟု ဆရာကြီး ဒဂုန်တာရာက မဇ္ဈိမကို ပြောသည်။

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးအတွက် မတ်လတွင် ကျင်းပသည့် လွှတ်တော်တွင် လွှတ်တော် အမတ်များ အဆိုပြုတင်သွင်းမှုများ ရှိခဲ့သေးသည်။ သို့သော် ထိုအဆိုပြုမှုမှာ လွှတ်တော်တွင်း မဆွေးနွေးမီ ပြည်ပမီဒီယာများသို့ ပေါက်ကြားခဲ့သည်ဆိုသည့် အကြောင်းပြချက်ဖြင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပယ်ဖျက်ခဲ့သည်။

လွှတ်တော်တွင်း ဆွေးနွေးမှုများသည် ပြည်သူလူထုဆန္ဒကို ကိုယ်စားပြုပြီး နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးသင့်ကြောင်းလည်း အစိုးရသစ်ကို ဆရာဒဂုန်တာရာက တိုက်တွန်းသည်။

“လွှတ်တော်ကတော့ တရားတယ် မတရားတယ် ကျနော် မပြောလိုဘူး၊ အခု လွှတ်တော် ရှိလာပြီဆိုတော့ လွှတ်တော်က ပြည်သူတွေရဲ့ အသံကို ဖမ်းလို့ရမယ်၊ ကလေးတွေကို လွှတ်ပေးပါ၊ သူတို့ဟာ အနာဂတ်ကို ပိုင်တဲ့လူတွေဗျ။ ကျနော် တောင်းပန်ချင်ပါတယ်” ဟုသူကဆိုသည်။

ဆရာဒဂုန်တာရာသည် ၁၉၅၂ က ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးဆောင်သည့် ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ)၏ ဒုတိယ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံစာရေး ဆရာအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကဗျာဆရာ သမဂ္ဂဥက္ကဋ္ဌ တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။ ဆရာဒဂုန်တာရာသည် “စာပေသည် ပြည်သူ့အတွက်”ဟူသည့် ကြွေးကြော်သံဖြင့် ထင်ရှားသည့် ဒုတိယ ကမ္ဘာစစ်ပြီးစ စာပေသစ်လှုပ်ရှားမှုခေါင်းဆောင်၊ တာရာမဂ္ဂဇင်းပိုင်ရှင် အယ်ဒီတာအဖြစ် အထူးထင်ရှားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း နိုင်ငံရေး အကျဉ်းသား ၆၅ဝ ကို လစဉ် ကျပ် ၅,ဝဝဝ နှုန်း ထောက်ပံ့ပေးနေသည်။

နိုင်ငံရေး အကျဉ်းသားများကို ကူညီမှုများပေးနေသည့် NLD လူမှုအထောက်အကူပြုအဖွဲ့မှ ဦးနိုင်းနိုင်းကလည်း နိုင်ငံရေး အကျဉ်းသားများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကြိုးပမ်းရင်း အကျဉ်းကျခံရသူများဖြစ်၍ နိုင်ငံရေး အကျဉ်းသားများ မရှိသင့်ကြောင်း ဆိုသည်။ ထို့ပြင် ယခု ပြောင်းလဲလိုက်သည့် အစိုးရသစ်သည် နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်၍ ဟန်ပြ လိုက်လျောမှုမျိုးပင် မရှိသေးကြောင်း ဝေဖန်လိုက်သည်။

“အခု သူတို့ အာဏာကို လွှဲပါတယ် ဆိုပြီးတော့ လူမြင်သူမြင်အောင်လုပ်တဲ့ အချိန်မှာဆိုရင်လဲ ဟန်ပြလောက် လုပ်ပြမယ် ထင်တာပေါ့လေ။ ဒါပေမဲ့ ဟန်ပြလေးတောင် မလုပ်ဘူး၊ စိတ်မကောင်းစရာပဲ” ဟုသူကဆိုသည်။

မြန်မာနိုင်ငံ၏ ထင်ရှားသည့် ကာတွန်းဆရာတဦးဖြစ်သူ ဆရာအော်ပီကျယ်ကလည်း နိုင်ငံရေး အကျဉ်းသားများ ယင်းတို့ အယူအဆ ခံယူချက်များကို ဖော်ထုတ်ပြသခြင်းကြောင့် အဖမ်းခံရနေပြီး ထိုအဖြစ်မျိုး မဖြစ်သင့်ဟု သုံးသပ်သည်။

“ဒီဟာတွေက ဖမ်းရမယ့်ကိစ္စ ထောင်ထဲနေရမယ့် ကိစ္စမှ မဟုတ်တာဗျာ သူတို့ တွေက ဖျက်လိုဖျက်ဆီး လုပ်တဲ့သူတွေလည်း မဟုတ်ပါဘူး၊ ကိုယ့်အယူအဆနဲ့ကိုယ် နေတဲ့သူတွေပဲဗျာ၊လွှတ်ကိုလွှတ်ပေးသင့် တာပေါ့ဗျာ”  ဟုဆိုသည်။

နိုင်ငံသမ္မတ ဦးသိန်းစိန်၏ မတ်လ ၃ဝ ရက်နေ့ ကျမ်းကျိန်အပြီး မိန့်ခွန်းတွင် ငြိမ်းရေးခြင်း၊ တရားမျှတခြင်း စသည့် လောကပါလတရားများ ဖော်ဆောင်သွားမည်ဟု ပါရှိသည်။ ထိုလောကပါလ တရားများကို သမ္မတက ဖော်ဆောင်သွားရန်လိုအပ်ပြီး တိုင်းပြည်ကို တိုးတက်ချင်ပါက နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးသင့် ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ နိုင်ငံရေးဦးဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေက ဆိုသည်။

“နိုင်ငံရေး အကျဉ်းသားတွေမှာ ကောင်းမွန်တဲ့ စိတ်ကူး စိတ်သန်းတွေရှိတယ်၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက် စေချင်လို့ ထောင်ထဲရောက်နေကြတာကိုး။ သူတို့သာ လွတ်လာပြီး ဒီမိုကရေစီ လူ့အဖွဲ့အစည်းထဲမှာပါလာ မယ်ဆိုရင် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လာနိုင်မယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါကြောင့် ဒီလူတွေကို ပစ်ပယ်ပြီး ထောင်ထဲမှာ သိမ်းမထားသင့်ပါဘူး” ဟုဆိုသည်။

နိုင်ငံရေး အကျဉ်းသားများ စောင့်ရှောက်ရေး မြန်မာနိုင်ငံ AAPP(B) ၏ ယခုလထုတ် စာရင်းများအရ မြန်မာနိုင်ငံ၏ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂ဝ၇၃ ယောက် ရှိနေသည်။

တရားမဝင်သူများနှင့် မဆက်သွယ်ရန် နိုင်ငံရေးပါတီများကို သတိပေး ---ခင်ဦးသာ

တရားမ၀င် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်မှု မပြုကြရန် တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၃၇ ခုကို အစိုးရသစ်၏ ရွေးကောက်ပွဲ ကော်မရှင်က ဧပြီ ၅ ရက်နေ့စွဲဖြင့် အကြောင်းကြားစာ ပေးပို့ သတိပေး လိုက်ကြောင်း သိရသည်။

parliament-tin-aye
ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးကို ပြည်ထောင်စုနေ့ အခမ်းအနားတွင်တွေ့ရစဉ် (ဓာတ်ပုံ - AP)
“တရားမ၀င် အဖွဲ့အစည်းဆိုတာက ဘာလဲ၊ ဘယ်လိုအဖွဲ့ကို ပြောတာလဲဆိုတာ သေချာရှင်းပြထားတာ မရှိဘူး။ ကျနော်တို့နဲ့ ဆက်သွယ်နေတဲ့ အထဲမှာ တရားမ၀င်တာ တခုမှမရှိပါဘူး” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက ဧရာဝတီ ကိုပြောသည်။

တရားဝင် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများသည် တရားမ၀င်သော အဖွဲ့အစည်းများနှင့် မဆက်သွယ်ရဟူ၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တွင် ဖော်ပြထားသည်ကို အခြေခံကာ ယခုအကြိမ် ထပ်မံအသိပေးလိုက်ခြင်း ဖြစ်သည်။ 

မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ သတိပေးသည်ကို မသိရသော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် မဆက်သွယ်ရန် ရည်ရွယ်သည်ဟု ယူဆရကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်များက ပြောသည်။

“ကျနော်တို့နိုင်ငံရေးပါတီတွေ ပတ်သက်နေတာက NLD ပဲရှိတော့ ဒါကိုရည်ညွန်းပြောတယ်လို့ ထင်တယ်။ ဒါပေမယ့် NLD ပါတီက အခုချိန်ထိ အစိုးရက ဖျက်သိမ်းတာကို တရားဝင်မကြေညာ သေးဘူးလေ။ ဒီတော့ ကျနော်တို့က သူတို့နဲ့ ပြောဆိုတာတွေ ဆက်လုပ်မှာပါ” ဟု ဦးသုဝေက ဆိုသည်။

“NLD က ရွေးကောက်ပွဲ မ၀င်ပေမယ့် အစိုးသစ်နဲ့ ဆက်သွယ်တာတို့၊ စာပို့တာတို့လည်း ရှိနေတာပဲလေ။ ဒီတော့ NLD ကို ရည်ညွန်းတယ် ဆိုရင်လည်း အစိုးရ အနေနဲ့ တိတိကျကျ ဆုံးဖြတ်သင့်ပြီလို့ ထင်တယ်” ဟု ၎င်းက ပြောသည်။

အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ၏ ခေါင်းဆောင် ဦးခင်မောင်ဆွေကမူ လက်ရှိ သတိပေးစာသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌ ပါရှိသည့် စည်းကမ်းချက်များကို ပြန်လည် သတိပေးခြင်းသာ ဖြစ်ကြောင်း၊ တရားမ၀င် အဖွဲ့အစည်း ဆိုသည်မှာ ပြည်ပရောက် အဖွဲ့များနှင့် နယ်စပ်ဒေသ လက်နက်ကိုင် အဖွဲ့များကို ရည်ညွှန်းသည်ဟု ယူဆကြောင်း ပြောဆိုသည်။

“NLD လို မြို့ပေါ်မှာ လှုပ်ရှားနေတဲ့ အဖွဲ့တွေနဲ့ ဆက်သွယ်တာက ဘာမှမဖြစ်လောက်ဘူးလို့ ထင်တယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲအလွန် ကာလများ၌ နိုင်ငံရေးပါတီများ၊ ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့သည်။

NLD ၏ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကမူ ရွေးကောက်ပွဲကော်မရှင်၏ စာ၌ ၎င်းတို့ပါတီအား ရည်ညွှန်းထားခြင်း မရှိကြောင်း၊ ၎င်းတို့၏ လုပ်ဆောင်ချက်များကို ပုံမှန်အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

“NLD ရဲ့လှုပ်ရှားမှုတွေက နိုင်ငံရေးမဟုတ်ပေမယ့် လူမှုရေးတွေမှာ ရှေ့တန်းရောက်လာတာ တွေ့ရတယ်။ နိုင်ငံတကာ အဖွဲ့တွေ၊ သံတမန်တွေနဲ့တွေ့နေတယ်၊ ပြည်သူတွေရဲ့ထောက်ခံမှုကလဲ ရှိနေတုန်းပဲ။ ဒီတော့ အစိုးရသစ်က NLDရဲ့ လုပ်ဆောင်မှုတွေကို ဟန့်တားလိုတဲ့ သဘောလို့ယူဆတယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။

အစိုးရသစ်၏ ထောက်ခံမှု မရသော်လည်း လတ်တလော အနေအထားအရ NLD သည်အရေးပါနေဆဲ နိုင်ငံရေးအဖွဲ့အစည်း တခု ဟုလည်း ၎င်းက ဆက်ပြောသည်။

နအဖ စစ်အစိုးရ ဦးဆောင်ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၀) ၌ နိုင်ငံရေးပါတီ တရပ်ရပ်သည် တည်ဆဲဥပဒေအရ မတရားအသင်း ကြေညာခံရခြင်း၊ နိုင်ငံတော်အား လက်နက်ကိုင် ပုန်ကန်နေသောအဖွဲ့ဟု နိုင်ငံတော်က သတ်မှတ်ထားသော အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပတ်သက်ပါက တရားဝင် နိုင်ငံရေးပါတီ အဖြစ်မှ ပယ်ဖျက်ခံရမည်ဟု ဖော်ပြထားသည်။

သတိပေးစာများသည် နိုင်ငံရေးပါတီ ၃၇ ခု၊ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်နှင့် ပြည်ထဲရေး ၀န်ကြီးဌာန စသည့်ဖြင့်လိပ်မူ ပေးပို့ထားပြီး ပြည်ထဲရေးဌာန အနေဖြင့် သေချာစွာ စောင့်ကြည့်ရန် ဖော်ပြထားသည်ကို တွေ့ရကြောင်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏ ယာယီ ဥက္ကဋ္ဌ  ဦးနေမျိုးဝေက ဆိုသည်။

“အစိုးသစ်က ပေါ်လာပြီဆိုတော့ ပါတီတွေရဲ့ လှုပ်ရှားမှုတွေကို ချုပ်ကိုင်ချင်တဲ့ သဘောလို့ ယူဆတယ်” ဟု ဦးနေမျိုးဝေက ပြောသည်။

နိုင်ငံရေးပါတီများ အနေဖြင့်လည်း တရားမ၀င်သည့် အဖွဲ့အစည်းများကို တိတိကျကျ သိထားရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ တရားမ၀င်သည့် အဖွဲ့များကို သိရှိရန် အစိုးသစ်ထံ တောင်းဆိုသွားမည်ဖြစ်ကြောင်း သူက ဆိုသည်။

“ဥပမာ NLD ကိုရည်ညွန်းတယ်ဆိုလည်း NLD ကိုတရားမ၀င်တော့ဘူးလို့ ကြေညာသင့်တယ်။ NLD ရုံးက မှတ်ပုံတင် ထားတဲ့ ပါတီရုံး မဟုတ်ပေမယ့် တနေ့ တနေ့ကို ဆန်တတင်းချက်လောက် ထမင်းကျွေးနေတာတွေ တွေ့ရတယ်” ဟု ဦးနေမျိုးဝေက ပြောသည်။

NLD အပါအ၀င် နိုင်ငံရေးပါတီ ၁၀ ခုအား ၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခြင်း မရှိ၍ နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ပြီး ဖြစ်ကြောင်း ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလက ကြေညာခဲ့သည်။

အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုသည့် မတ်လ ၃၀ ရက်နေ့က ဒုတိယဗိုလ်ချုပ်ကြီးဟောင်း တင်အေးကို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ယခင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌမှာ ဦးသိန်းစိုး ဖြစ်သည်။

Monday 18 April 2011

နိုင်ငံရေး အကျဉ်းသားတွေ အရေးတကြီး ကုသခွင့် ဆုံးရှုံး

နိုင်ငံရေး အကျဉ်းသားတွေ အရေးတကြီး ကုသခွင့် ဆုံးရှုံး

မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေး လစ်လျူရှုခံနေရဆဲ၊ကုသခွင့်တွေ ဆုံးရှုံးနေဆဲလို့ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)က ပြောပါတယ်။

အရေးတကြီး ဆေးဝါးကုသမှု ခံဖို့ လိုအပ်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ဆေးဝါးကုသမှု မခံရပဲ ရှိနေတဲ့အပေါ် သူတို့ အလွန်စိုးရိမ်တယ်လို့ AAPP ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။

အဲဒီလို နိုင်ငံရေးသမားတွေ အနက် ၂၀ဝ၇ ခု သံဃာ့လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၁၇ နှစ်ကျခံနေရတဲ့ တောင်ကုတ် အမျိုးသားဒီမိုကရေစီ အဖွဲ့က ကိုမင်းအောင်ဟာ နှလုံးသွေးကြောနဲ့ပတ်သက်လို့ ရောဂါ ခံစားနေရတာ တနှစ်ခန့်ကြာမြင့်နေပြီ ဖြစ်ပေမဲ့ ဆေးဝါးကုသခွင့်မရဘူးလို့ ဆိုပါတယ်။

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဆိုရင်လည်း နှလုံးရောဂါ၊ အဆစ်အမြစ်ကိုက်ရောဂါတွေ ခံစားနေရပြီး ကျန်းမာရေး တဖြေးဖြေး ဆိုးလာနေတယ်လို့ AAPP တွဲဘက် အတွင်းရေးမှုး ကိုဘိုကြည်က ပြောပါတယ်။

၁၉၈၈ ကနေ အခု အချိန်ထိ အကျဉ်းထောင်တွေထဲမှာ ထောင်တွင်းမှာ အသက်ဆုံးရှုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၄၀ ကျော်ရှိနေခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ထပ်ပြီး အသက်ဆုံးရှုံးကြမှာကို စိုးရိမ်တယ်လို့ သူကပြောပါတယ်။

တချို့ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတချို့ကို ဆေးကုသခွင့်ပြုပေမဲ့ အကျဉ်းထောင်အများစုကတော့ ဆေးကုသခွင့်မပေးဘူးလို့ ဆိုပါတယ်။

အကျဉ်းထောင်တွေထဲ ကြက်ခြေနီအသင်းကို ပြန်ဝင်ရောက်ခွင့်ပြုဖို့ ကုလသမဂ္ဂ လု့အခွင့်အရေးကောင်စီနဲ့ အထွေထွေ ညီလာခံတွေရဲ့ ဆုံးဖြတ်ချက်တွေထဲမှာ မြန်မာအစိုးရကို တောင်းဆိုထားတယ်လို့ AAPP ကပြောပါတယ်။

တောင်းဆိုလွှာ လှုပ်ရှားမှု လူငယ် ကွန်ယက် ဦးဆောင်

တောင်းဆိုလွှာ လှုပ်ရှားမှု လူငယ် ကွန်ယက် ဦးဆောင်

မြန်မာ နိုင်ငံ တဝန်း အကျဉ်း ထောင်တွေ မှာ ရှိနေကြတဲ့ နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်ပေးဖို့၊ ပြည်တွင်းစစ် ရပ်စဲဖို့၊ ပြည်ပရောက် နိုင်ငံသားတွေ အားလုံး မြန်မာ နိုင်ငံတွင်းကို လုံခြုံစိတ်ချစွာ ပြန်လာ နိုင်ရေး အခြေ အနေ ကောင်းတွေ ဖန်တီးပေးဖို့ စတာတွေ အတွက် တောင်းဆိုလွှာ လက်မှတ် ရေးထိုးတဲ့ လှုပ်ရှားမှု တစ်ရပ်ကို တနင်္ဂနွေ နေ့က မြန်မာ နိုင်ငံ တွင်းမှာ စတင်ခဲ့ ပါတယ်။

ဒီမိုကရေစီ ကွန်ယက်ကြီးကနေ နိုင်ငံရေး ပြောင်းလဲ ဖို့ စတင် လုပ်ဆောင်နေ

လက်မှတ် ရေးထိုးခဲ့ကြသူတွေ ထဲမှာ ဝါရင့် နိုင်ငံရေး သမားကြီးတွေအပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ လည်း ပါဝင်တယ်လို့ အဲဒီ လှုပ်ရှားမှုကို ဦးဆောင်တဲ့ လူငယ် ကွန်ယက်က ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဖြိုးမင်းသိန်းက ဘီဘီစီကို ပြောပါတယ်။

၁၉၈၈ ခုနှစ် နိုင်ငံရေး လှုပ်ရှားမှုက စတင်ပြီး နိုင်ငံရေး ထဲမှာ ပါဝင်လှုပ်ရှား လာကြသူတွေကို လက်မှတ် တွေ စတင် ကောက်ခံတာ ဖြစ်ပြီး ပြည်သူ လူထုရဲ့ အသံကို ကြားသိ ရအောင် မကြာခင်မှာ တိုင်းနဲ့ ပြည်နယ်တွေက ပြည်သူတွေဆီ သွားပြီး ရယူ စုဆောင်းမယ်လို့ လည်း သူက ပြောပါတယ်။

လွှတ်တော်တွင်းမှာ ရွေးကောက်ခံ ကိုယ်စားလှယ် တွေရဲ့ တင်ပြ တောင်းဆိုချက် တချို့ကို လက်ခံ ဆွေးနွေးခြင်း မရှိခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ ပေမဲ့ အခုတော့ ပြောင်းလဲ လာတဲ့ အခြေ အနေ အရ အစိုးရသစ်က အကောင်းဘက်ကို ရှေးရှုပြီး လုပ်ဆောင် လိမ့်မယ် လို့ မျှော်လင့် ကြောင်းလည်း ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

အခု လှုပ်ရှားမှုဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အကျယ်ချုပ် ကနေ ပြန်လွတ် လာလာချင်း ဒီမိုကရေစီ ကွန်ယက်ကြီး ထူထောင်ပြီး အဲဒီကနေ မြန်မာ့ နိုင်ငံရေးကို ပြောင်းလဲဖို့ ကြိုးစား ကြမယ် ဆိုတဲ့ အကြံပြုချက်အတိုင်း အခု လှုပ်ရှားမှု စတင်တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အခု ရုံးပိတ်ရက်ကာလ အတွင်း စုဆောင်းလို့ ရသမျှ လက်မှတ် တွေကို နိုင်ငံတော် သမ္မတ ရုံးကို ပေးပို့ သွားမှာ ဖြစ်ပြီး တိုင်းနဲ့ ပြည်နယ် အသီးသီးကို ကွင်းဆင်း ကောက်ခံမယ့် အချိန်ကာလကို တော့ ရက် သုံးဆယ် သတ်မှတ် ထားတယ်လို့ သူက ဆက်ပြော ပါတယ်။

လက်မှတ် အရေ အတွက် ဘယ်လောက် ရအောင် ကောက်ယူမယ် ဆိုတာထက် ကျယ်ပြန့်တဲ့ လှုပ်ရှားမှု တစ်ရပ် အရ လူထု အသံအဖြစ် ပေါ်ထွက်လာအောင် လုပ်ဆောင်ဖို့ ရည်ရွယ်တယ် လို့လည်း ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
 

Sunday 17 April 2011

ရက်ပေါင်း ၉၀ အတွင်း နိုင်ငံ ရေး အကျဉ်းသား တွေ လွှတ် ပေးဖို့  နဲ့  ပြန်လည် လွှတ်ပေး ခြင်း မပြုပါက မြန်မာနိုင်ငံတွင်လူထု အုံ ကြွှမှု လုပ်မယ်၊ ပ-လ-တ-က ကြိုဆိုထောက်ခံ။

Sunday, April 17, 2011


ရက်ပေါင်း ၉၀ အတွင်း နိုင်ငံ ရေး အကျဉ်းသား တွေ လွှတ် ပေးဖို့  နဲ့  ပြန်လည် လွှတ်ပေး ခြင်း မပြုပါက မြန်မာနိုင်ငံတွင်လူထု အုံ ကြွှမှု လုပ်မယ်

နိုင်ငံရေး အကျဉ်း သားများ လွှတ်ပေး ရန် တောင်းဆို ပြီ



အကျဉ်းထောင် တွေ ထဲ မှာ စစ်အစိုးရ ရဲ့  မတရား ဖမ်းဆီး အကျဉ်း ချထားခြင်း ခံရတဲ့ နိုင်ငံ ရေး
အကျဉ်းသားတွေ အမြန် ဆုံး လွှတ်ပေး ဖို့  ပြည်တွင်း လှုပ်ရှား မှု အဖွဲ့  တွေ နဲ့  နိုင်ငံ ရေး အကျဉ်း
သား မိသား စု တွေ က မြန်မာ နှစ်ဆန်း တစ်ရက်နေ့ မှာ အရပ်သား အစိုးရ အသွင် ဟန်ဆောင်
ထားတဲ့ စစ်အစိုးရ ကို တောင်း ဆို လိုက်ပါတယ်။
အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချုပ် နဲ့  ၈၈ မျိုး ဆက် ကျောင်းသား ခေါင်းဆောင် တွေကတော့ နိုင်ငံ
ရေး အကျဉ်းသား တွေ အမြန် ဆုံး လွှတ်ပေးဖို့ ၊ ပြည်တွင်း စစ်ရပ် ဆဲ ဖို့ နဲ့  တိုင်းပြည်တွင်း ဖိနှိပ်မှု
တွေကြောင့် ပြည်ပ ရောက် နေသူတွေ အမြန်ဆုံး  ပြန်လာ နိုင်ဖို့  စုပေါင်း လက်မှတ် ထိုး တောင်း
ဆို ခဲ့ကြတာ ဖြစ်ပါတယ်။
ပြည်တွင်း စစ်အစိုးရ လှုပ်ရှားမှု  အဖွဲ့  တစ်ခု ဖြစ်တဲ့Just Do It  အဖွဲ့ က လည်း ဧပြီလ ၁၀ ရက်
နေ့ က သူတို့ ရဲ့  ဖေ့ဘွတ် စာမျက် နှာ မှာ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံ ရေး အကျဉ်းသား တွေ
လွှတ် ပေးဖို့  နဲ့  ပြန်လည် လွှတ်ပေး ခြင်း မပြုပါက လူထု အုံ ကြွှမှု လုပ်မယ် လို့ ဖော်ပြထားပါတယ်။
နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး တောင်းဆိုမှု မှာ ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦး အပါ
အ၀င် တိုင်းရင်း ခေါင်းဆောင် တွေ ၊ ကျောင်းသား အုပ်စု တွေ နဲ့  နိုင်ငံရေး အကျဉ်းသား မိသားစု
တွေ ပါဝင် လက်မှတ် ရေးထိုးထားကြပါတယ်။
စစ်အစိုးရက နိုင်ငံ ရေး အကျဉ်းသား တွေ ကို ပြန်မလွှတ်ပေး ဖို့ ဆိုရင် တိုင်းပြည်မှာ တစ်နည်းနည်း
နဲ့  မကျေလည် မှု တွေ ကနေ ပေါက်ကွဲမှု တွေ ဖြစ်လာ နိုင်တယ် လို့  ၀ါရင့် နိုင်ငံ ရေး သမားကြီး တစ်
ဦးက FNG ကို ပြောပါတယ်။
နိုင်ငံရေး အကျဉ်းသား တွေ ပြန်လွှတ်ပေး ရေး တောင်း ဆိုမှု တွေ မှာ မြန်မာ နိုင်ငံ တ၀ှမ်းက လူငယ်
တွေ နဲ့  အစိုးရ၀န်ထမ်းတွေ ပါ စိတ်ပါ ၀င်စား လာကြတာ တွေ့ ရကြောင်း ရန်ကုန် မြို့ က နိုင်ငံ ရေး
အကျဉ်းသား ဟောင်း တစ်ဦး ဖြစ်တဲ့ ကို ဇော်မျိုး က FNG ကို ပြောပါတယ်။

စစ်တပ်တွင်းမှာ ကွန်ယက်အောင်မြင်စွာဖွဲ.စည်းနိုင်ပြီ၊ ပင်လုံတပ်ပေါင်းစုံကူညီစောင့်ရှောက်ရေးအဖွဲ့ ပ-လ-တ-က မှကြိုဆိုထောက်ခံပါသည်။

စစ်တပ်တွင်းမှာ ကွန်ယက်အောင်မြင်စွာဖွဲ.စည်းနိုင်ပြီ
...................................................................
တပ်မတော်သားတွေပါဝင်တဲ့ မျိုးချစ်တပ်မတော်ကွန်ယက် 17.04.2011 ကဖွဲ.စည်းနိုင်ခဲ့ပါတယ်
တပ်ဖွဲ.ပေါင်းစုံက တပ်ကြပ်ကြီး ၁၁ ဦးက ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်း အစပ်က စက်လှေတစီးပေါ်မှာ စုပေါင်း ဆွေးနွေးကြတယ်လို့ ပြောပါတယ်။ အဲ့ဒီဆွေးနွေးပွဲက အရင်က တပ်တခုနဲ့တခု တောင်းဆိုချက်တွေ မတူညီတဲ့ အပိုင်းတွေကို ဆွေးနွေးကြပြီးတော့ ရှေ.ဆက်ပြီးတော့ တောင်းဆိုချက်တွေ တူညီဖို့ဆိုပြီးတော့ ဆွေးနွေးကြပါတယ်။ ပါဝင်ဖွဲ.စည်းတဲ့တပ်တွေကတော့
ဟိုင်းကြီးကျွန်းရေတပ်စခန်း၊မှော်ဘီက ၅၀၁ ရေတပ်စခန်း မိထ္တိလာ လေကြောင်းအတပ်သင်ကျောင်း တပ်မ ၇၇ လက်အောက်ခံ ခလရ ၆ နဲ့ ခမရ ၇၈ ၊ ပင်မစက်လက်နှက်ခဲယမ်းခြောက်သိုလှောင်ရေးတပ်နဲ့ ပင်မလျှပ်စစ် အင်ဂျင်နီယာ တပ်အပြင် အင်းမတပ်တွေလဲ ပါဝင်ပါတယ်။
မျိုးချစ်တပ်မတော်ကွန်ယက် အဖွဲ.၀င် တပ်မ ၁၁ လက်အောက်ခံ ရဲမော် ခမရ ၂၁၄ က တပ်ကြပ်ကြီးကပြောတာကတော့ အဲ့ဒီမှာ အားလုံးကျွန်တော်ပါဝင်တာကတော့ အားလုံး ၁၁ ဦးပေါ့ဗျာ တပ်ကြီး ၅ ဦး တပ်ကြပ် ၃ ဦးနဲပ ဒုတပ်ကြပ် ၃ ဦးပါတယ်။
အထက်အရာရှိတွေ မပါဘဲနဲ့ ကွန်ယက်အောင်မြင်ပါ့မလားလို့မေးတော့ အောင်မြင်နိုင်ကြောင်းနဲ့ ဒီလိုပြင်ဆင်နေတာ ကြာနေပြီ ဖြစ်ကြောင်း နဲ့ အထက်က ညွန်ကြားမှုနဲ့ လုပ်တာဖြစ်ကြောင်း တပ်မတော်တွင်းမှာ ဖွဲ.စည်းပုံနဲ့ ပတ်သက်ပြီးသဘောထားကွဲလွဲမှုတွေ ဖြစ်နေတာများနေပြီး အစိုးရဘက်ကတုန့်ပြန်လာရင်လည်း ဒီအတိုင်းဘဲ ရပ်တည်သွားမယ် တဖြည်းဖြည်း ကြီးမားသွားအောင် လုပ်ဆောင်သွားမယ်လို့ပြောပါတယ်။ နိုင်ငံရေးတောင်းဆိုမှု အဆင့်ထိတောင်းဆိုသွားမယ်လို့ ဆိုပါတယ်။ နောက်ကွယ်မှာ ဗိုလ်ချုပ်အဆင့်တွေအထိလဲ ပါတယ်လို့ဆိုပါတယ်။ နိုင်ငံရေးကို နိုင်ငံရေးနဲ့ဆွေးနွေးဖို့နဲ့ တွေ.ဆုံဆွေးနွေးရေးကိုပါ တောင်းဆိုသွားမယ်လို့ဆိုပါတယ်။
BBC
(ပင်လုံတပ်ပေါင်းစုံကူညီစောင့်ရှောက်ရေးအဖွဲ့ ပ-လ-တ-က မှကြိုဆိုထောက်ခံပါသည်။)

မြန်မာ့တပ်မတော်မှ တပ်သား၆ယောက်ထွက်ပြေး၊ SSA နှင့် ABSDFမှ ကူညီစောင့်ရှောက်။

မြန်မာ့တပ်မတော်မှ တပ်သား၆ယောက်ထွက်ပြေး၊ SSA နှင့် ABSDF မှ ကူညီစောင့်ရှောက်။

ရှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ခိုလမ်မြို့နယ်ခွဲက မြန်မာအစိုးရစစ်တပ်ရဲ့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်သား၆ ယောက်ဟာ တပ်တွင်းကနေလက်နက်ခဲယမ်းနဲ့အတူ ထွက်ပြေးပြီးတောင်ပိုင်းရှမ်းပြည် တပ်မတော် ရွက်ဆစ်အဖွဲ့တို့ဆီမှာ လက်နက်ချခိုလှုံနေတယ်လို့သိရပါတယ်။

ခိုလမ်မြို့နယ်ခွဲမှာ အခြေစိုက်နေတဲ့ မြန်မာအစိုးရစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း (ခလရ) ၁၅၂ က တပ်သား ၆ ယောက်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဧပြီလ ၁၄ ရက်နေ့မှာ အဲဒီခိုလမ်ဒေသတဝိုက်မှာ လှုပ်ရှားနေတဲ့ SSA တောင်ပိုင်းရဲ့ တပ်ရင်းအမှတ် ၃၆၃ ဆီမှာ သူတို့နဲ့အတူပါလာတဲ့ MA1, MA 2 စတဲ့ လက်နက်၉ လက်နဲ့ ခဲယမ်းအချို့တွေကို အပ်ပေးပြီး အဲဒီကစစ်ကြောင်းတွေနဲ့အတူ နေထိုင်နေတယ်လို့ SSA တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးစိုင်းလောင်ဆိုင်က ဘီဘီစီကိုပြောပါတယ်။

သူ့ပြောပြချက်အရ- အဲဒီတပ်သားတွေ လက်နက်လာအပ်ပေးတဲ့အတွက် သူတို့ကို တယောက် ကျပ် ၁ သိန်းစီ SSA ကနေဆုငွေချီးမြင့်ပေးတယ်လို့ဆိုပါတယ်။ သူတို့တွေ တပ်တွင်းက ဘာကြောင့်ထွက်ပြေးလာရတယ်ဆိုတာကို ဗိုလ်မှုးစိုင်းလောင်ဆိုင်က သူတို့အပြောအရ စစ်ထဲကိုအတင်းသွတ်သွင်းခံရပြီး အလုပ်ကြမ်း ခိုင်းခံနေရကြောင်း အခုစစ်ဌာနချုပ်လုပ်မဲ့နေရာတွေမှာလည်း လယ်မြေတွေအဓမ္မသိမ်းနေကြောင်း ဒါ့အပြင်ရိက္ခာမလုံလောက်လို့ ဒေသခံတွေဆီက ခိုးယူလုယက်စားသောက်နေရလို့ လက်ရှိတပ်တွင်းအခြေအနေကို လက်မခံနိုင်တဲ့အတွက် ထွက်ပြေးရတာလို့ဆိုပါတယ်။

အခုထွက်ပြေးလာတဲ့တပ်သား ၆ ယောက်ထဲမှာ တပ်ကြပ်တဦးလဲပါတယ်လို့သိရပါတယ်။ သူတို့တွေကတော့ တပ်ကြပ် တင်ကိုလတ်၊ တပ်သား မိုးစစ်၊ မောင်ထွေး၊ ကျော်သူ၊ တိုးတက်အောင်နဲ့ မြင့်ချစ်ဦးတို့ပဲဖြစ်ပါတယ်။အခုလောလောဆယ်တော့ သူတို့တွေကို SSA က ပဲတာဝန်ယူစောင့်ရှောက်ပေးနေတယ်လို့ဆိုပါတယ်။

နောက်ကျရင်တော့သူတို့တွေရဲ့ဆန္ဒအတိုင်း သူတို့အိမ်ပြန်ချင်ရင် သူတို့နေရပ်ကိုပို့ပေးဖို့ စီစဉ်ပေးမယ်။ အိမ်မပြန်ပဲ ထိုင်း-မြန်မာနယ်စပ်မှာအလုပ်လုပ်ချင်ရင်လဲ စီစဉ်ပေးမှာလို့ဆိုပါတယ်။ ဒါမှမဟုတ် အက်စ်အက်စ်အေမှာ သို့မဟုတ် မြန်မာကျောင်းသားတပ်မတော် (ABSDF) မှာ တာဝန်ထမ်းဆောင်ချင်ရင်လဲ သူ့တို့ရဲ့သဘောထားအတိုင်းအားလုံးစီစဉ်ပေးသွားမှာဖြစ်တယ်လို့ ဗိုလ်မှုးစိုင်းလောင်ဆိုင်ကပြောပါတယ်။


(ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်ထောင်စုတပ်မတော်ကြီးပေါ်ပေါက်ရေးအတွက် အထောက်အကူပြုသဖြင့် SSA နှင့် ABSDF တို့အား ပင်လုံတပ်ပေါင်းစုံကူညီစောင်ရှောက်ရေးအဖွဲ့ ပ-လ-တ-က မှ ကြိုဆိုဂုဏ်ပြုပါသည်။)

နှစ်သစ်ကူးမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆို

နှစ်သစ်ကူးမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆို

မြန်မာနှစ်သစ်ကူးအခါသမယမှာ မြန်မာ တွေဟာ ကုသိုလ်ကောင်းမှုတွေ လုပ်ကြ၊ ပရိတ်တရားတော်တွေ နာကြသလို နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေ ကလည်း အကျဉ်းကျနေသူတွေ အမြန်ဆုံး လွတ်မြောက်ဖို့ ဘုရားမှာ ဆုတောင်းကြ ပြီးနောက် မြန်မာအစိုးရ ဆီကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံ တစ်ဝန်းက အကျဉ်းထောင် တွေထဲမှာ ရှိနေကြ တဲ့ နိုင်ငံရေးအကျဉ်းသား ၂၈ ဦးရဲ့ မိသားစုတွေက ရန်ကုန်က သာဓုကန်ဘုရားမှာ အလှူဒါနတွေ လုပ်ခဲ့ကြသလို ငါးလွှတ်၊ ငှက်လွှတ်လုပ်ခဲ့ကြပါတယ်။

အကျဉ်းသားမိသားစုတွေထဲမှာ ၈၈ ကျောင်းသူ မသက်သက်အောင်၊ NLD က ဦးမျိုးခင်၊ နောက်ပြီး မနိုဘယ်အေး၊ သံဃာ့ လှုပ်ရှားမှုမှာ ပါတဲ့ အရှင်စန္ဒာဝရ စတဲ့ သူတွေရဲ့ မိသားစုတွေ ပါဝင်ကြပါ တယ်။

မိသားစုတွေဟာ လက်မှတ်ရေးထိုးပြီး အစိုးရသစ်ဆီကို မကြာခင် ပို့မယ်လို့ ပြောပါတယ်။

မအူပင်ထောင်က ကိုသန်းနိုင်ကိုယ်စား မကွေးတိုင်းNLD အဖွဲ့ဝင်တစ်ဦးက လက်ခံ

အစိုးရသစ်အနေနဲ့ အရင်စစ်အစိုးရနဲ့ လုပ်ရပ် မတူဘူးဆိုတာ ပြချင်ရင်၊ နိုင်ငံသားတွေ အပေါ် စေတနာမှန်ကန်မှုကို ပြသချင်တယ်ဆိုရင် ပထမဆုံးခြေလှမ်းအနေနဲ့ နိုင်ငံရေးအကျဉ်းသား တွေကို လွှတ်ပေးဖို့ လိုတယ်လို့ ပြီးခဲ့တဲ့နှစ်ကမှ ထောင်က လွတ်လာတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က အဖွဲ့ဝင်ဟောင်း ကိုဟန်ဝင်းအောင်ကလည်း ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရန်ကုန် ရွှေဂုံတိုင်ရုံးချုပ်မှာလည်း နှစ်သစ်ကူးမှာ သံဃာ တွေကို ဆွမ်းကပ်တာ၊ သက်ကြီးပူဇော်ပွဲလုပ်တာတွေ ရှိခဲ့သလို၊ နိုင်ငံရေး အကျဉ်းသား ၃ ဦးကို အညတရသူရဲကောင်းဆု ဆိုတဲ့ ဆုပေးအပ်ပွဲ လည်း ကျင်းပခဲ့ပါတယ်။

ဂျပန်ရောက်မြန်မာတွေကနေ NLD ကတဆင့် ပေးအပ်တဲ့ ဂုဏ်ပြုဆု ချီးမြှင့်ခံရတဲ့ သူတွေကတော့ အင်းစိန်ထောင် ရောက်နေတဲ့ ဦးခင်ဝင်း (ခ) ဘိုးတော်ခင်ဝင်း၊ လားရှိုးထောင်က မဂ္ဂင်ကျောင်းတိုက်ဆရာတော် ဦးအိန္ဒက နဲ့ မအူပင်ထောင်က ကိုသန်းနိုင် တို့ဖြစ်ပြီး သူတို့ရဲ့ မိသားစုဝင်တွေကို ဆုငွေ ၁၀ သိန်းစီ ပေးအပ်ခဲ့ပါတယ်။

တခြားအလှူရှင်တွေကလည်း နိုင်ငံရေး အကျဉ်းသားနဲ့ မိသားစုတွေအတွက် ကူညီခဲ့ကြတယ်လို့ သိရပါတယ်။
 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် သို့ မေတ္တာရပ်ခံပန်ကြားခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် သို့ မေတ္တာရပ်ခံပန်ကြားခြင်း
သို့

ဦးသိန်းစိန်
နိုင်ငံတော်သမ္မတကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ရက်စွဲ - ၂၀၁၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်။
(မြန်မာနှစ်ဆန်းတစ်ရက်- ၁၃၇၃-ခုနှစ်)


အကြောင်းအရာ။ ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းသာယာရေးကို ရှေးရှုသည့် လုပ်ဆောင်ချက် များကို အကောင်အထည်ဖော်ပေးပါရန် မေတ္တာရပ်ခံပန်ကြားခြင်း။

နိုင်ငံတော်သမ္မတကြီးခင်ဗျား

ကျွန်ုပ်တို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး၏ အမျိုးသား ပြန်လည်သင့်မြတ် ရေးနှင့် ပြည်တွင်းငြိမ်းချမ်းသာယာရေးကို ရိုးသားစွာဖြင့် လိုလားကြသူများ ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် နိုင်ငံတော်သမ္မတကြီးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့သစ်ကို မေတ္တာရပ်ခံ တင်ပြလိုသည်မှာ လက်ရှိ နိုင်ငံတော် အစိုးရသစ်သည် သာမန်ရွေးကောက် တင်မြှောက်ခံ အစိုးရတစ်ရပ်ကဲ့သို့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ငါးနှစ် သက်တမ်းအတွင်း ထမ်းဆောင်ရုံမျှဖြင့် လုံလောက်မည်ဟု မယူဆနိုင်ပါ။ အစိုးရသစ်သည် မြန်မာ့နိုင်ငံရေး သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်သည့် ဒီမိုကရေစီစနစ်ကို ပီပြင်စွာ ဖော်ဆောင် ပေးရမည့် ကြီးလေးသောတာဝန်ကို ထမ်းရွက်ဖော်ဆောင်ရမည့် အစိုးရတစ်ရပ်ဖြစ်ပါသည်။

သမ္မတကြီးနှင့်သမ္မတကြီး၏အစိုးရသစ်သည် ထိုတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဟု ပြည်သူလူထုအနေဖြင့် မျှော်လင့်တောင့်တလျှက် ရှိကြပါသည်။

မြန်မာနိုင်ငံ၏နိုင်ငံရေးပြဿနာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဖြစ်ပွားလျှက် ရှိသည့်ပြဿနာများကို အောင်မြင်စွာ တွေ့ဆုံဆွေးနွေးဖြေရှင်းနိုင်ရေး အပါအ၀င်၊ အစိုးရသစ်အနေဖြင့် ယုံကြည် ချက်ကြောင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် နိုင်ငံရေး အကျဉ်း သားများ အားလုံးကို ခြွင်းချက်မရှိ ပြန်လည် လွှတ်ပေးခြင်း၊ ပြည်ပရောက် အဖွဲ့အစည်း အသီးသီးနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ရောက်ရှိ နေကြသူများ၊ ဒုက္ခသည်များ အဖြစ် ခိုလှုံ နေကြရသော မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံးကို လုံခြုံ အေးချမ်းစွာဖြင့် မိမိတို့နေရပ်သို့ ပြန်လာနိုင်မည့် အခြေအနေများ အမြန်ဆုံး ဖန်တီးပေးခြင်းဖြင့် သဘောထား ကြီးမားစွာ အပြုသဘောဆောင်ကြောင်းနှင့် ဒီမိုကရေစီ၏ အနှစ်သာရများကို အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိကြောင်း ပြသစေလိုပါသည်။

စစ်မှန်သော ဒီမိုကရေစီစနစ်ထွန်းကားရန် သမ္မတကြီးနှင့် သမ္မတကြီး၏ အစိုးရသစ်အနေဖြင့် အကောင်းဆုံး စွမ်းဆောင်ပေးစေလိုပါသည်။ စစ်မှန်သောအမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးတို့နှင့် နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးရေးတို့ သည်သာ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်း စေမည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်ပါသည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံအတွင်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား စစ်ရေးအရအပြန် အလှန်တိုက်ခိုက်နေမှုများ အားလုံးကို ချက်ချင်းရပ်စဲပြီး၊ နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးဖြေရှင်းကြရန်နှင့် နိုင်ငံတော်၏ ပြဿနာအရပ်ရပ်ကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းဖြင့် အဖြေရှာကြရန်ကိုလည်း ပြည်သူများက မျှော်လင့် တောင့်တလျှက် ရှိပါသည်။

သို့ဖြစ်ပါ၍ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို အောင်မြင်စွာဖော်ဆောင် နိုင်ရန်အတွက် ပဏာမခြေလှမ်းအဖြစ် ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးပါရန်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား စစ်ရေးအရ အပြန်အလှန် တိုက်ခိုက်နေမှုများ အားလုံးကို ချက်ချင်း ရပ်စဲပြီး၊ နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး ဖြေရှင်း ကြရန်နှင့်၊ ပြည်ပရောက် အဖွဲ့အစည်းအသီးသီးနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရောက်ရှိနေကြသူများ၊ ဒုက္ခသည်များအဖြစ် ခိုလှုံ နေကြရသော မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံးကို လုံခြုံအေးချမ်းစွာဖြင့် မိမိတို့နေရပ်သို့ ပြန်လာနိုင်မည့်အခြေအနေများ အမြန်ဆုံး ဖန်တီး ပေးပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးလိုလားသူများ

Thursday 14 April 2011

တိုက်ကြီးရှိ ခမရ ၇၀၉နဲ့ ၇၁၀တို့ ထပ်မံအပစ်ခံရ

တိုက်ကြီးရှိ ခမရ ၇၀၉နဲ့ ၇၁၀တို့ ထပ်မံအပစ်ခံရ

အင်္ဂါနေ့ည(၈)နာရီလောက်မှာ ရန်ကုန်တိုင်း မှော်ဘီအခြေချ အမှတ်(၄) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တိုက်ကြီး မြို့မှာရှိတဲ့ ခမရ (၇ဝ၉) တပ်ဖွဲ့ တချို့နဲ့ ခမရ(၇၁ဝ) ပူးပေါင်းတပ်ကို ရန်ကုန်တိုင်း အထူးတပ် တွေက ဝင်ရောက်ပစ်ခတ်ရာမှာ (၃) ဦး ပြင်းထန်စွာ ဒါဏ်ရာရရှိသွားတယ် လို့ ခမရ (၇ဝ၉) က တပ်ကြီးတဦးက ဘီဘီစီကို ပြောပါတယ်၊

ဒီပစ်ခတ်မှုဟာ ဒုတိယအကြိမ်အပစ်ခံရတာဖြစ်တယ်လို့ဆိုပါတယ်၊ တပ်ကြပ်ကြီးတဦး ပြောတာကတော့ လုံခြုံရေးယူထားတဲ့ ရန်ကုန်တိုင်းကတပ်တွေ ခြံစည်းရိုးနား ကပ်လာစဉ် လှမ်းမေးရာက စတင် ပစ်ခတ်မှုတွေဖြစ်ပြီး ၇၀၉ ဘက်မှ ရဲဘော်သုံးယောက် ပြင်းထန်စွာ ဒဏ်ရာရတယ်လို့ ပြောပါတယ်။

ဒီပစ်ခတ်မှုကိစ္စနဲ့ ပါတ်သက်ပြီး တိုင်းမှုးအပါဝင် ဒကစမှုး ဗိုလ်မှုးကြီးအောင်သီဟကိုယ်တိုင် တပ်ရင်းရုံး အထိ လာရောက် ဖြေရှင်းပေမဲ့ အဖြေတစုံတရာ မရရှိဘူးလို့ ဆိုပါတယ်၊

အဖြေမရတဲ့အတွက် ရန်ကုန်တိုင်းဘက်က လက်နက်ကြီးတွေနဲ့ စစ်အင်အား တိုးချဲ့ထား သလို ခမရ ၇၀၉ နဲ့ ၇၁၀ တို့ဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်လည် ပြင်ဆင်ထားတယ်လို့ အဲဒီတပ်ကြပ်ကြီးက ဆက်ပြောပါတယ်။

ပထမအကြိမ် ပစ်ခတ်မှုတုန်းကတော့ တပ်ကြပ်ကြီးတဦး ပွဲချင်းပြီးသေဆုံးပြီး တဦးဒါဏ်ရာ ရရှိသွားပါတယ်၊ တကယ်တော့ဒီပြသနာဟာ ခမရ (၇ဝ၉) တပ်ဖွဲ့နဲ့ ခမရ (၇၁ဝ) တပ်တွေ ပူးပေါင်း တောင်းဆိုထားတဲ့ အချက်(၄) ချက်ကြောင့် စတင် တင်းမာ သွားတာဖြစ်ပါတယ်၊

အဲဒီတောင်းဆိုချက်တွေကတော့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ပေးဖို့၊ ပြီးတော့ စစ်မှုထမ်းဟောင်းဥပဒေကို ပြင်ဆင်ပြီးလစာတိုးပေးဖို့ အပါဝင် နိုင်ငံတွင်းက နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းပေးဖို့နဲ့ ပြည်သူတွေ ထောက်ခံတဲ့ အစိုးရမျိုး ပြန်လည်ဖွဲ့စည်းပေးဖို့ ဆိုတဲ့ အချက်တွေကို ရန်ကုန်တိုင်း တိုင်းမှုးထံ တင်ပြရာက တင်းမာ လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 

၁၉၄၇ အခြေခံဥပဒေကိုကြောက်တဲ့ ဗိုလ်နေ၀င်း---အဘဦးသန်းထွန်းနှင့်ဆွေးနွေးပွဲ


Monday 11 April 2011

စစ်ဥပဒေနှင့် စစ်ဗိုလ်ချုပ်များ....အပိုင်း(၂) ဆောင်းပါးရှင် - ဗိုလ်အေးမင်းဦး

တပ်တွင်းမှ အဖြစ်မှန်များ အနေနှင့် တပ်မတော်တွင် အောက်ခြေ လူတန်းစားတစ်ရပ်ဖြစ်သည့် အခြားအဆင့်များနှင့် မိသားစုများသည် ကျွန်များသဖွယ် ဖြစ်နေကြသည်။ တပ်မတော်အတွင်း ဝင်ခါစမှာတော့ နိုင်ငံကို ကာကွယ်ဖို့ဖြစ်သည်။ သို့သော် တပ်မတော်အတွင်း တကယ် ရောက်သွားသောအခါ ဗိုလ်ချုပ်ကြီးများ၊ မိသားစု ဆွေမျိုးများ၏ အသက်ကိုသာ ကာကွယ်နေရသည့် ကျွန်များသာ ဖြစ်သွားကြသည်။ တပ်အလုပ်များအပြင် ၄င်းတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများ၊ ကတော်ဆိုသူများ၏ ခိုင်းစေမှုများ၊ ၄င်းတို့ သားသမီးများ၏ ခိုင်းစေမှုများ၊ မဆီမဆိုင် ဆွေမျိုးတော်စပ်သူများ၏ ခိုင်းစေနေမှုများကိုပါ အခမဲ့ လုပ်ကိုင်ပေးနေရသည်။

၎င်းအဖြစ်အပျက်များသည် တာဝန်ထမ်းဆောင်သူ စစ်သည် တစ်ဦးတည်းသာ ကျွန်ဖြစ်နေသည် မဟုတ်။ ယင်းစစ်သည်၏ မိန်းမ၊ သားသမီးများပါမကျန် ၄င်းတို့၏ကျွန်များ ဖြစ်နေကြရသည်။ အမှန်တကယ်ဆိုလျှင် ရဲဘော်သည်လည်း လူသားတစ်ယောက်ပင် ဖြစ်သည်။ ၄င်းတွင်လည်း မိသားစုရှိသည်။ နိုင်ငံတော်ကို ကာကွယ်ရန် တပ်မတော်သို့ ဝင်လာသောသူသည် စစ်သည်တစ်ဦးတည်းသာ ဖြစ်သည်။ သူ၏တာဝန်မှာ စစ်တိုက်ရန်သာဖြစ်ပြီး ကလေးထိန်းရန် မဟုတ်ပါ။

စစ်သည်၏ မိသားစုသည် ၄င်းစစ်သည်၏ ဘဝဖြစ်သည်။ စစ်တပ်အကြီးအကဲ၏ မိသားစုသည်လည်း စစ်တပ်နှင့်မဆိုင်။ စစ်သည်တစ်ယောက်ကို ဆန္ဒမပါဘဲ အတင်းအကြပ် ခိုင်းစေပိုင်ခွင့်မရှိ။ ထို့ထက်ပိုလျှင် ယင်းစစ်သည်၏ မိသားစုများကိုပါ အကြီးအကဲဆိုသူက ခိုင်းစေခွင့် မရှိရပါ။ အကြီးအကဲ၏ ဇနီး သားသမီးဆိုသူများက ယင်းစစ်သည်နှင့်တကွ ယင်းစစ်သည်၏ မိသားစုများကိုပါ ခိုင်းစေခွင့် မရှိရ။ သက်ဆိုင်သော အကြီးအကဲသည် သက်ဆိုင်သော စစ်သည်အား နိုင်ငံတော်တာဝန်၊ တပ်တာဝန်များကိုသာ ခိုင်းစေသင့်သည်။ ယခုတော့ ထိုသို့မဟုတ်ပါ။ အကြီးအကဲဆိုသူများ၏ ဇနီးများ၊ သားသမီးများက တပ်မတော်သား စစ်သည်တစ်ဦး အပါအဝင် ဇနီးနှင့်သားသမီး မိသားစုများကိုပါ အော်ချင်အော်၊ ဟောက်ချင်ဟောက်၊ ဆဲချင်ဆဲ၊ ၄င်းတို့ အဖိုးအခ ပေးထားသော အခိုင်းအစေများသဖွယ် ခိုင်းစေနေကြသည်မှာ အစဉ်အလာသဖွယ် ဖြစ်နေကြပေသည်။

ဝမ်းနည်းဖွယ်ရာ ပဒေသရာဇ်စနစ်မှ အမူအကျင့်များ ရှိနေသေးသည်။ ခိုင်းတာလုပ် ပြန်မပြောနဲ့၊ မဝေဖန်နဲ့ ဟူသော အမိန့်ပေးမှုများက တပ်မတော်အတွင်း ပြည့်နှက်နေပေပြီ။ လိုရင် လိုသလို၊ မလိုရင် မလိုသလို အပြစ်ပေး အရေးယူမှုများလည်း ရှိသည်။ သေချာတွေးကြည့်လျှင် လက်အောက် ရဲဘော်များသည်သာ တပ်မတော်၏ အဓိက အားထားရာ ဖြစ်သည်။ နိုင်ငံတော်ကို အသက်ပေး ကာကွယ်နေသူများ၊ မိသားစုဘဝ အပျက်ခံ ကာကွယ်နေသူများ၊ ဘဝအနာဆုံး ပေးဆပ်နေသူများသည် ရဲဘော်များသာ ဖြစ်သည်။

ယင်းကို အကြီးအကဲဆိုသူများက တပ်မတော်တရပ်လုံး အကြီးအကဲများပါမကျန် ဆွဲထည့်လို့ နိုင်ငံတော်ကို ကာကွယ်နေသည်ဟု ဆိုကြသည်။ စည်းစိမ်ရစ်လို့ ကြွယ်ဝချမ်းသာ နေကြသည်က အကြီးအကဲများဖြစ်ပြီး ဆင်းရဲတွင်းနက်လို့ ဖြစ်သလိုစား ဖြစ်သလိုဘဝနဲ့ သေဆုံးသွားရသူများက လက်အောက်ငယ်သား ရဲဘော်များပင်ဖြစ်သည်။

တပ်မတော်နှင့် ဌာနဆိုင်ရာများတွင် အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။ ရဲဘော် သားသမီးများသည် နိုင်ငံခြားသွားရောက်ခွင့် မရှိ။ ဤသည်ကို လူဝင်မှုကြီးကြပ်ရေးရုံးတွင် အခြားအဆင့်ရဲဘော်၏ သမီးတစ်ဦး နိုင်ငံခြားတွင် အလုပ် လုပ်ကိုင်လို၍ နိုင်ငံကူးလက်မှတ် ထုတ်ယူရန် လိုအပ်သော ပုံစံ (၁ဝ) နှင့် ပုံစံ (၁၇) အတွက် တောင်းယူနေစဉ် လဝကမှ ဝန်ထမ်းက ပြောဆိုနေခြင်းကို ကြားခဲ့ရသည်။

သို့သော်လည်း စစ်ဗိုလ်ချုပ်များ၊ အကြီးအကဲဆိုသူများ၏ သားသမီးများကတော့ နိုင်ငံခြားတွင် အလုပ်လုပ်ရန်ပင် မဟုတ်၊ ပညာသင်လို့ကောင်း၊ ဈေးဝယ်ထွက်လို့ကောင်း၊ Night Club တက်လို့ ကောင်းနေကြသည်။ ဤသို့ဆိုလျှင် ၄င်းတို့ ထုတ်ပြန်ထားသော အမိန့်များသည် အဘယ်မှာ တရားမျှတပါမည်နည်း။ အခြားအဆင့် ရဲဘော်များ၏ သားသမီးများ၊ မိသားစုများ မကောင်းစားရ၊ အခွင့်အရေး မရှိစေရ၊ မကြီးပွားစေရဟူသော အမိန့်နှင့် ထပ်တူထပ်မျှပင် ဖြစ်သည်။

တကယ်ဆိုလျှင် ရဲဘော်သားသမီးသည်လည်း လူသားပင်ဖြစ်သည်။ သူ့ဘဝရှေ့ရေးအတွက် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ တိုးတက်ပိုင်ခွင့်၊ တက်လှမ်းပိုင်ခွင့် ရှိသင့်ပေသည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံး လမ်းပြပေးနေသော အစိုးရတရပ် အနေဖြင့် လူတစ်ဦးတစ်ယောက်၏ ပြောရေးဆိုခွင့်၊ လုပ်ပိုင်ခွင့်၊ လူ့အခွင့်အရေးများကို နားလည်ပေးနိုင်ရမည်၊ အခွင့်အရေးများ ပေးနိုင်ရမည်။ ၄င်းတို့ ကိုယ်တိုင်ကပင် ဒီမိုကရေစီ၏ စံနှုန်းများအတိုင်း လိုက်နာကျင့်သုံးနေရတော့မည်။ ထိုသို့မှ မဟုတ်လျှင်တော့ ၄င်းတို့ စီစဉ်ပေးထားသော ဒီမိုကရေစီစနစ်ဟူသည် နိုင်ငံတကာမှာ မျက်နှာပန်းလှအောင် ဟန်ပြလုပ်ဆောင်နေတဲ့ အတုအယောင် ဒီမိုကရေစီသာ ဖြစ်ပါလိမ့်မည်။

ယနေ့ကျင်းပနေသည့် လွှတ်တော်တွင် သဘာပတိဆိုသော ပုဂ္ဂိုလ်ကြီးများမှာ မကြာသေးခင်အချိန်က ဗိုလ်ချုပ်ကြီး ယူနီဖောင်းဝတ်သူများဖြစ်ပြီး အရပ်ဝတ်လဲကာ လူသူမရှိသော မဲဆန္ဒနယ်များတွင် အသားလွတ် အနိုင်ယူ တက်ရောက်လာသူများ ဖြစ်သည်။ အခြားနယ်မြေ မဆိုထားနှင့် သူတို့၏ ဇာတိနယ်မြေများတွင်ပင် သတ္တိရှိရှိ ၀င်ရောက်ယှဉ်ပြိုင် အရွေးခံဖို့ စိုးရွံ့ကြသည်မှာ မြေကြီးလက်ခတ် မလွဲဧကန် ဖြစ်ပါသည်။

ဒီမိုကရေစီစနစ် ကျင့်သုံးနေပါပြီဆိုသော အသံသာ ထွက်လာပါမည်။ လက်တွေ့မှာ ပဒေသရာဇ်စနစ်အတိုင်းသာ ဆက်လက် ရှိနေပေဦးမည် ဖြစ်ပါသည်။ ပြည်သူလူထုတွင် ဘာအခွင့်အရေးမှ ရှိမည်မဟုတ်။ သို့ဆိုလျှင် မြန်မာနိုင်ငံသည် ယခင်အတိုင်းသာ ရှိနေပါဦးမည်။ ဘာမှတော့ ထူးခြားလာမည် မဟုတ်ပါ။ သို့ဆိုလျှင် အာဏာရှင်စနစ်ကို ဆန့်ကျင်ကာ ဒီမိုကရေစီအရေးအတွက် အသက်စွန့် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသော ရဟန်းရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူများ၊ အာဏာရှင်များ၏ အကျဉ်းထောင်များထဲတွင် ဘ၀နေ၀င်ချိန်အား စောင့်စားရင်း ပေးဆပ်နေကြသူများအား အဘယ်သို့ သမိုင်းကြွေး ဆပ်ကြမှာလဲ။ မျိုးဆက်သစ်တို့အတွက် အဘယ်သို့ တာဝန်ကျေပြွန်စွာ လူသားအခွင့်အရေး ပေးအပ်နိုင်ပါမည်လဲ စဉ်းစားရင်း……..

စစ်ဥပဒေနှင့် စစ်ဗိုလ်ချုပ်များ....အပိုင်း(၁) ဆောင်းပါးရှင် - ဗိုလ်အေးမင်းဦး

စစ်ဥပဒေနှင့် စစ်ဗိုလ်ချုပ်များ....အပိုင်း(၁) ဆောင်းပါးရှင် - ဗိုလ်အေးမင်းဦး

မြန်မာ့တပ်မတော်သည် ယခင်က အလွန်တရာမှ ဂုဏ်သိက္ခာ ရှိခဲ့သည်။ ပြည်သူလူထုနှင့် တပ်မတော်သည် တသားတည်း ဖြစ်ခဲ့သည်။ ယနေ့စစ်တပ်ကတော့ ယခင်နှင့် မတူတော့ပေ။ ပြည်သူလူထုနှင့် စစ်တပ်သည် ကွဲပြား၍ ရန်သူသဖွယ် ဖြစ်နေကြပေပြီ။ ထို့အတူ စစ်တပ်အတွင်းတွင်လည်း ဤသို့ ဖြစ်ပျက်လျှက်ရှိသည်။ အထက်ဗိုလ်ချုပ်များသည် အောက်ခြေ ရဲဘော်မှ အရာရှိငယ် အဆင့်အထိ နှိုင်းယှဉ်သော် ကွဲပြား၍ သခင်နှင့် ကျွန်သဖွယ် ဖြစ်နေပေပြီ။

ဗိုလ်ချုပ်နှင့်အထက် အကြီးအကဲများသည် လက်အောက် ရဲဘော်များမှ အရာရှိငယ် အဆင့်အထိ ငယ်သားများအား တာဝန်မယူဘဲ လက်အောက်ကို လွှဲချဖို့၊ ဖိနှိပ်ဖို့၊ နှိပ်ကွပ်ဖို့နှင့် ကျွန်များသဖွယ် သဘောထားကာ ခိုင်းစေနေကြပြီ။ ထုတ်ပြန်ထားသော၊ ပြဌာန်းထားသော ဥပဒေများ၊ ကျင့်ဝတ်များသည်လည်း ပျောက်ဆုံးနေပြီ။ တပ်မတော်သည် စည်းကမ်းရှိသော အဖွဲ့အစည်း ဖြစ်ရမည်ဟုဆိုကာ စည်းကမ်းချက်များ၊ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များ ခမ်းခမ်းနားနား ပြဌာန်းခဲ့သည်။ သို့သော် ၄င်းဥပဒေများသည် အထက်အရာရှိကြီးများနှင့် မဆိုင်ဘဲ လက်အောက် ငယ်သားများအတွက်သာ ဖြစ်ခဲ့တော့သည်။

အကြီးအကဲ ဗိုလ်ချုပ်များသည် ဥပဒေအထက်တွင်ရှိပြီး လိုသလို ခွစီးနေကြပြီ။ ထို့ကြောင့် စစ်ဥပဒေသည် အဓိပ္ပာယ်တစ်မျိုး သက်ရောက်သွားတော့သည်။ ထို့ကြောင့် “စစ်ဥပဒေဟူသည် လက်အောက်ငယ်သား အောက်ခြေ လူတန်းစားများအတွက်သာ ထုတ်ပြန်ထားခြင်းဖြစ်သည်” ဟု နားလည်ရပေတော့မည်။ ရဲဘော်အဆင့်မှ အရာရှိငယ်အဆင့်ထိ လူတန်းစားများသည် စစ်တပ်မှ ထုတ်ပြန်ထားသော ဥပဒေနှင့် ငြိစွန်းလျှင် ၄င်းပြစ်မှုပြစ်ဒဏ်များကို မလွဲမသွေ ကျခံရမည် ဖြစ်သည်။ သို့သော် ၄င်းဥပဒေများသည် အကြီးအကဲများနှင့်တော့ လားလားမျှ မသက်ဆိုင်ပေ။

အဘယ့်ကြောင့် ယခုကဲ့သို့ ပြောပါသနည်း။ ရှင်းပါသည်။ စစ်ဥပဒေနှင့် ငြိစွန်း၍ အပြစ်ပေးခံ၊ အပြုတ်ခံ၊ ထောင်ချခံရသူများကို ကြည့်ပါက ရဲဘော်မှ ဗိုလ်ကြီးအဆင့်ထိ လူများကိုသာ တွေ့နေရသည်။ အထက်လူကြီး ဆိုသူများသည်ပင် ဥပဒေနှင့် မငြိစွန်းသော လုပ်ငန်းများ လုပ်ကိုင်နေသလား၊ သန့်ရှင်းနေသလား၊ သမာဓိရှိရှိ နေထိုင် ကျင့်ကြံနေသလားဟု စဉ်းစားမိသည်။ မထင်ပါ။ န၀တမှ ပထမဦးဆုံးအကြိမ် ဖယ်ရှားခံရသော ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၊ ထွန်းကြည်၊ မြင့်အောင် ၊ မောင်သင့် စသည်တို့သည် တစုံတရာ အရေးယူခံရခြင်း မရှိဘဲ လွတ်မြောက်နယ်မြေမှာ ပျော်ရွှင် မြူးတူးနေကြသည်။ ဒုတိယဗိုလ်ချုပ်ကြီး မောင်သင့်ဆိုလျှင် ညီအမနှစ်ဦးကို တပြိုင်နက် မယားပြိုင်သဘော ယူထားသေးသည်။ ကောင်းလေစွ။

ဥပဒေနှင့် ငြိစွန်းသော အလုပ်များ လုပ်ကိုင်နေကြသည်မှာ စစ်ဗိုလ်ချုပ်များပင် ဖြစ်တော့သည်။ အာဏာကို ပါဝါတစ်ခုလို အသုံးချကြသည်။ ရဲဘော်အဆင့်မှ ဗိုလ်ကြီးအဆင့် လူများသည် မိသားစုအတွက် ရုံးကန်ရင်း အပြစ်ဖြစ်ကြသည်။ ဥပမာ ဆိုင်ကယ် ကယ်ရီ၊ မှောင်ခိုပစ္စည်း လုပ်မိကြသည်။ ထုတ်ပြန်ထားသော ဥပဒေနှင့် ငြိစွန်းသည်။ အပြစ်ရှိသည် မှန်၏။ ပြုတ်မည် (သို့) ထောင်ချခံရမည်။ ပြစ်ဒဏ်များ ချမှတ်ပြပါလိမ့်မည်။ အကြီးအကဲများ၊ စစ်တရားသူကြီးဆိုသူများ။ သို့သော် ယင်းစစ်ဗိုလ်ချုပ်များ၊ စစ်တရားသူကြီးများ၊ အကြီးအကဲ ဆိုသူများသည်ပင် ဇိမ်ခံကားများ အစီးရာနှင့်ချီ၍ တရားမဝင် သွင်းနေကြသည်။ လေလံအဖြစ် ပြန်လည် ရောင်းစားနေကြသည်။ ချမ်းသာနေကြသည်မှာ ဆွေစဉ်မျိုးဆက် စားမကုန်နိုင်အောင် ဖြစ်သည်။

ဤသို့ တရားမ၀င်ကိစ္စများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည်ကို မည်သူ တရားစီရင်ပါမည်နည်း။ ထုတ်ပြန်ထားသော စစ်ဥပဒေသည် အဘယ့်သို့ ရောက်သွားပါသနည်း။ ၄င်းတို့ကိုယ်တိုင် ထုတ်ပြန်ထားသော ဥပဒေများအတိုင်းသာ အရေးယူရပါလျှင် စစ်တပ်အတွင်း အကြီးအကဲဟူသည် ရှိနိုင်တော့မည်ပင်မထင်။ ငယ်သားများအား အပြစ်ပေး ထောင်ချနေသော စစ်တရားသူကြီးများ ကိုယ်တိုင်ပင် ထောင်ထဲတွင် အရိုးထုတ်ရဖွယ်ရှိမည်။ ကားမှောင်ခိုမှု၊ လာဘ်စားမှု၊ အာဏာသုံး မတရားသိမ်းပိုက်မှု၊ ကိုယ်ကျိုးရှာ စီးပွားရေးသမားများနှင့် ပေါင်းကာ စီးပွားရှာမှု၊ မိန်းမပျက်များနှင့် ပျော်ပါးမှု၊ မိန်းမ ရှုပ်ထွေးမှု စသည့် မမြင်ဘူးသေးသော အမှုများ အမြောက်အများ ရှိပါဦးမည်။ ဂုဏ်သိက္ခာဟူသည် မရှိ။ “ကာရင် အိုကေ” ဆိုသော ကာရာအိုကေ စားသောက်ဆိုင်၊ ကေတီဗွီများနှင့် မိန်းကလေး အနှိပ်ခန်း မာဆာ့ခ်ျဆိုင်များသို့ ဝင်ကာ အပျော်အပါး လိုက်စားကြသည်။ အငယ်အနှောင်းများ ထားကြသည်။ ဘာကြောင့် ဥပဒေကို လူတန်းစားခွဲခြား သတ်မှတ်ထားပါသလဲ။

နေပြည်တော်မှရန်ကုန် အစည်းအဝေးအသွား လူပင်မရောက်သေး၊ ဟိုတယ် (၃) လုံးတွင် ပျော်ပါးနေကြ မိန်းမပျက် (၃) ယောက်က တစ်ခန်းစီတွင် အသင့် စောင့်လျှက်ရှိသည်။ ခေါင်းဆောင်ဆိုသုများ ငွေကြေး သိန်းပေါင်း သန်းနှင့်ချီကာ ချမ်းသာကြသည်။ ဤမျှ များပြားသော ငွေများ အဘယ်က ရကြပါသနည်း။ စစ်တပ်အကြီးဆုံး တပ်ချုပ်ပင် (၁၂) သိန်း မကျော်သော လစာနှင့် ၄င်းတို့ချမ်းသာမှုများကို စဉ်းစားနှိုင်းယှဉ်ကြည့်လျှင် စစ်ဥပဒေအပြင် နယ်ဘက်ဥပဒေများနှင့်ပါ မုချ ငြိစွန်းနေပေလိမ့်မည်။

ရဲဘော်မှ အရာရှိငယ်အဆင့် လူများတွင်တော့ စစ်တပ်မှ အနားယူလျှင် နေစရာအိမ်ပင် မရှိပေ။ ဘဝ အာမခံချက်လည်း မရှိပေ။ စစ်ဗိုလ်ချုပ်များကတော့ မြေကွက်များ၊ အိမ်ကြီးအိမ်ကောင်းများက မြို့တိုင်းလိုလိုတွင် ရှိကြသည်။ သိန်း ထောင်သောင်းကျော်တန် မြေကွက်များ တစ်ကွက်ပြီးတစ်ကွက် ဝယ်နိုင်နေကြသည်။ မည်သူစစ်ဆေးပါသနည်း။ ဗိုလ်ကြီးတစ်ယောက် ဤမျှ ချမ်းသာသွားပါက စစ်ဆေးမှုများ မှိုလိုပေါက် ရောက်လာပါလိမ့်မည်။

စစ်တပ်အကြီးအကဲများနှင့် ဝန်ကြီးများ ဤမျှ ချမ်းသာနေကြသည်ကိုတော့ စစ်ဆေးရန် မသိကျိုးကျွံ ပြုနေကြသည်။ ဥပဒေမရှိသယောင် မေ့ထားကြသည်။ ဤအချက်များကြောင့်ပင် အောက်ခြေအဆင့် ရဲဘော်များ၊ အရာရှိများသည် မကျေနပ်ချက်များနှင့် တင်းမာမှုများ တစ်စ တစ်စ ပိုတိုးလာနေသည်။ နာကြည်းချက်များ၊ အငြိုးအတေးများနှင့် ခဲထားကြသည်။ ဘယ်အချိန်မှာ ထပေါက်ကွဲမလဲ ဆိုသည်သာ စောင့်ကြည့်နေရသည်။ အကြီးအကဲများကလည်း မိမိတို့ အမှားများ လုပ်မိနေကြသည်၊ မတရားမှုများ လုပ်နေကြသည်ကို သိ၍ အမှန်တရား ထုတ်ဖော်သူများကို အတင်းအကြပ် လိုက်လံတားဆီး နှိပ်ကွပ်နေကြသည်။

တပ်တွင်း စည်းလုံးညီညွတ်ရေး ဟောပြောပွဲများ၊ စစ်စည်းကမ်းဆိုင်ရာ ဟောပြောပွဲများ၊ တပ်တွင်းစည်းရုံးရေး ကော်မတီများ အစရှိသော အသင်းအဖွဲ့များ ဖွဲ့၍ တပ်မတော်သားများကို တက်ရောက်စေကာ ၀ါဒမှိုင်းသွင်းပြီး ၄င်းတို့အား တော်လှန်ပုန်ကန်လာမည်ကို ကြောက်ကန် ကန်နေကြသည်။ အမှန်တကယ်ဆိုလျှင် တပ်တွင်းစည်းလုံး ညီညွတ်ရေးကို ပျက်ပြားအောင် လုပ်ဆောင်နေသူသည် ၄င်းတို့သာ ဖြစ်နေသည်။ မည်သူ တစ်ဦးတစ်ယောက်ကမှ တကူးတက သွေးထိုးပေးစရာ မလို။ ၄င်းတို့၏ လုပ်ရပ်များက အလိုလို သွေးထိုး ခွဲခြားပြီးသား ဖြစ်နေသည်။

၎င်းတို့ ခြိမ်းခြောက်ပုံအရ အစိုးရ ဝန်ထမ်းများအားလုံးသည် ကြံ့ဖွံ့ကိုသာ ဇွတ်အတင်း မဲပေးခဲ့ကြရပါသည်။ ထို့အပြင် ၄င်းဝန်ထမ်းနှင့် ပတ်သက်သော အရပ်သား ဆွေမျိုးများ၊ ဇနီးနှင့်သားသမီးများ၊ ဇနီး၏ဆွေမျိုးများ အားလုံးတို့သည်လည်း ကြံ့ဖွံ့ကိုသာ မဲပေးခဲ့ကြသည်။ မဲမပေးပါက အဆိုပါဝန်ထမ်း၏ ဘဝသည် ၄င်းတို့လက်ထဲတွင် ပျောက်ခြင်းမလှ ပျောက်သွားပေမည်။ ဤစနစ်နှင့် မဲပေးခိုင်းခဲ့ကြပြီး တရားမျှတသော ရွေးကောက်ပွဲကြီးကို ဟန်လုပ်ကာ ကျင်းပခဲ့သည်။ သိပ်ပြီး စိတ်မချရပါက မဲဆန္ဒနယ်မြေများတွင် ကြိုတင်မဲများ ကောက်ယူပြီး ထောက်ခံမဲ ရယူခဲ့သည်။ သူတို့အခြေခံဥပဒေ ထောက်ခံခြင်း မဲပေးသည့် အခါကလည်း ဤနည်းအတိုင်း ပြုလုပ်သွားခဲ့ကြသည့်အတွက် ဝန်ထမ်းနှင့် လုံးဝ ကင်းရှင်းသူများသာ မထောက်ခံကြခြင်း ဖြစ်သည်။

အမှန်တကယ်မှာ တပ်မတော်သားများသည် တပ်မတော်မှ ထွက်ချင်နေကြသည်။ ထွက်ချင်ပါသော်လည်း ပေးမထွက်သည့်အတွက် ယခုရွေးကောက်ပွဲ အပြောင်းအလဲကို မျှော်လင့်ချက်ရှိရှိ စောင့်မျှော်နေကြသည်။ သို့အတွက် ပါတီအသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များသည် ဒီမိုကရေစီစနစ် ကျင့်သုံးဖော်ဆောင်မည့် ခေါင်းဆောင်များပီပီ တပ်မတော်သားများ၊ ဝန်ထမ်းများအားလုံးအတွက် ၄င်းတို့ဆန္ဒ သဘောအလျောက် နုတ်ထွက်လိုက နုတ်ထွက်နိုင်ရန် အာမခံချက်များ၊ အပြောင်းအလဲများ လွှတ်တော်တွင် ပြုလုပ်ပေးကြရန် ၄င်းတို့ကိုယ်စား တောင်းဆိုလိုက်ပါသည်။ ထို့အပြင် သမ္မတလောင်းများသည် မြန်မာနိုင်ငံအား အကြောက်တရားဖြင့် အုပ်ချုပ်ခြင်းမှ ကင်းဝေးပြီး ပီပြင်သော မှန်ကန်သော ဒီမိုကရေစီစနစ်၊ Human Right စနစ်များ ချမှတ်ကျင့်သုံးပေးကြရန် မြန်မာပြည်သူများကိုယ်စား အလေးထား ရေးသားလိုက်ရပေသည်။

Friday 8 April 2011

သူတို့ရဲ့ တောင်းဆိုချက်တွေကိုကြည့်ရင်၊ ပြည်သူဘက်က ရပ်တည်မယ့်တပ်မတော်သားတွေဆိုတာထင်ရှား တယ်။

To: 8888peoplepower@yahoogroups.com
Sent: Thu, 7 April, 2011 22:56:11
Subject: [8888peoplepower] မှော်ဘီတပ်ကို ရန်ကုန်တိုင်းတပ်ဖွဲ့ ၀င်ရောက်ပစ်ခတ်

မှော်ဘီတပ်ကို ရန်ကုန်တိုင်းတပ်ဖွဲ့ ၀င်ရောက်ပစ်ခတ်

ယနေ့ (၇.၄.၂၀၁၁)နေ့မှာ ရန်ကုန်တိုင်း မှော်ဘီမြို့နယ်အခြေချ အမှတ် (၄) စစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ် လက်အောက်ခံ
တိုက်ကြီးမြို့နယ် အခြေစိုက်ခမရ (၇၀၉)၊ (၇၁၀) တပ်ရင်းတွေနဲ့ရန်ကုန်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အထူးတပ်ရင်းတွေ
တိုက်ပွဲ ဖြစ်ပွားတယ်လို့ BBC မြန်မာဌာနရဲ့ စာမျက်နှာဖော်ပြထားပါတယ်။

မတရား ၀င်ရောက် တိုက်ခိုက်ခံရတဲ့ ခမရ (၇၀၉)၊ (၇၁၀)တပ်ရင်းတွေဟာ ...
(၁) နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးရေး၊
(၂) စစ်မှုထမ်းဟောင်း ဥပဒေကို ပြင်ဆင်ပြီး လစာ တိုးပေးရေး၊
(၃) နိုင်ငံအတွင်းက နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းပေးရေး၊
(၄) ပြည်သူတွေ ထောက်ခံတဲ့ အစိုးရမျိုး ပြန်လည်ဖွဲ့စည်းပေးရေး၊

အထက်ပါ အချက် (၄)ချက်ကို လွန်ခဲ့တဲ့ (၁.၄.၂၀၁၁)နေ့က စကခမှူး ဗိုလ်မှူးကြီး အောင်သီဟ ကတဆင့် ရန်ကုန်တိုင်း
တိုင်းမှူးထံ တင်ပြ တောင်းဆိုရကစပြီး တင်းမာမှုတွေ စတင်ဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။

အဲဒီတင်းမာမှုကြောင့် ယနေ့ (၇.၄.၂၀၁၁)နေ့ နံနက်ပိုင်းမှာရန်ကုန်တိုင်း အထူးတပ်ဖွဲ့ဝင်တွေ အတင်း အဓမ္မ ၀င်ရောက်ပြစ်ခတ်
မှုကြောင့် ခမရ (၇၀၉)နဲ့ (၇၁၀) ဖက်မှ တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

(ဒီသတင်းကို မည်သူမဆို ထပ်ဆင့်ကူးယူ ဖော်ပြနိုင်ပါတယ်၊

ဒီလိုဆက်တိုက်ဖြစ်လာနေတဲ့သတင်းမျိုးကတော့၊ အားတက်စရာသတင်းဘဲလို့ ထင်တယ်။ သူတို့ရဲ့
တောင်းဆိုချက်တွေကိုကြည့်ရင်၊ ပြည်သူဘက်က ရပ်တည်မယ့်တပ်မတော်သားတွေဆိုတာထင်ရှား
တယ်။ ပြီးတော့အရမ်းကိုသတ္တိရှိတယ်ဆိုတာကိုလည်းပြဆိုနေတယ်။

ကျွန်တော်တို့ရဲ့ဒီမိုကရေစီတော်လှန်ရေးကြီး ဘဲဥအစရှာမရသလိုဖြစ်နေချိန်မှာ၊ ဒီလိုပြည်သူ့ကိုယ်စားပြု
တပ်မတော်သားတွေရဲ့လုပ်ရပ်ကို၊ ကျွန်တော်တို့အနေနဲ့ အားပေးပံ့ပိုးနိုင်မယ်ဆိုရင်၊ ဒီထက်အရှိန်ပြင်း
တဲ့လုပ်ဆောင်မှုတွေကို၊ သူတို့အတွင်းထဲမှာလုပ်ဆောင်လာနိုင်မှာဖြစ်တယ်လို့ယုံကြည်တယ်။ အဲဒီက
နေတဆင့်တက်ပြီး၊ သတ္တိကြောင်တဲ့ အနည်းစုသောအဏာရှင်တွေကို ဖယ်ရှားပစ်နိုင်မယ်လို့ထင်တယ်။
ဒါဟာအရှေ့အလယ်ပိုင်းမှ ဖြစ်စဉ်တွေနဲ့ ပုံစံတူတဲ့ အစပြုမှု့လို့လဲဆိုလို့ရတယ်။

အဲဒါကြောင့် ၎င်းတပ်မတော်သားတွေကို၊ ကျွန်တော်တို့အတိုက်အခံတွေက၊ အပြည့်အဝထောက်ခံတယ်
ဆိုတာကို၊ သူတို့တွေသိအောင် လုပ်နိုင်ရင်ကောင်းလိမ့်မယ်။ ဗိုလ်မှူးအောင်လင်းထွဋ်တို့၊ ဗိုလ်ကြီးစိုင်း
သိန်းဝင်းတို့ရဲ့ အကူအညီနဲ့ဆိုလျှင် သိပ်ကောင်းလိမ့်မယ်။

အနိမ်ဆုံးအဆင့်၊ ကိုမိုးသီးဘလော့ဂ်မှာပြောထားသလို၊ တပ်မတော်သားတွေအတွက်ရေဒီယိုတွေ
ထောက်ပံ့ပေးတာကနေစလို့ရမယ်ထင်တယ်။

ကိုကို10

-------------------------------------------

Monday 4 April 2011

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေကဏ္ဍ ဧပြီလ ၁၊ ၂၀၁၁ RFA အစီအစဉ်

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေကဏ္ဍ
ဧပြီလ ၁၊ ၂၀၁၁ RFA အစီအစဉ်
ဦးဖြူဝင်း(ခ) လန်ထောင်စပ်စုလေး၊ ကိုမျိုးထွန်း(နယူးယောက်)၊ ဦးသန်းဆွေ(ဂျပန်)၊ မမေဘယ်(လ်) (ဂျပန်)၊  မအိအိ(ထိုင်းနိုင်ငံ)၊ မဇင်မာဖြိုး(ထိုင်းနိုင်ငံ)၊ ကိုဂျွန်မိုး (သြစတြေးလျ) တို့၏ အမေးများ

မေးသူ။ ။ ဦးဖြူဝင်း(ခ) လန်ထောင်စပ်စုလေး
မေးခွန်း။ ။ ကျွန်တော်ကတော့ နိုင်ငံရေးအကျဉ်းသားဟောင်း၊ နယူးဒေလီမြို့ Prospect Burma ကျောင်းရဲ့ အငြိမ်းစားကျောင်းအုပ်ကြီး ဦးဖြူဝင်း(ခ) လန်ထောင်စပ်စုလေးပါ။ ကျွန်တော်တို့ ပင်လုံတပ်ပေါင်းစုံကူညီစောင့်ရှောက်ရေးဆိုပြီးတော့ ကွန်ယက်အဖွဲ့လေးတခု ၂၀၁၁ခု၊ ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့မှာ ပြည်ထောင်စုနေ့မှာ ပြည်တွင်းပြည်ပစတင်လှုပ်ရှားနေကြပါပြီ။ 
  အဖွဲ့ရဲ့ရည်ရွယ်ချက်ကတော့ ပြည်သူသာအမိ၊ ပြည်သူသာအဖဆိုပြီးတော့၊ လက်ရှိမြန်မာ့တပ်မတော်ကြီးကို ပြည်သူချစ်တဲ့တပ်မတော်ကြီးပြန်ဖြစ်ဖို့ပါ။ မြန်မာပြည်ရဲ့ လက်နက်ကိုင်တပ်ပေါင်းစုံတွေအနေနဲ့လည်း ညီညီညွတ်ညွတ်နဲ့ တပ်ပေါင်းစုံကြီးပြန်ဖြစ်အောင် တတ်အားသရွေ့ ကူညီ စောင့်ရှောက်ကြဖို့ပါ။ အဲဒါဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျွန်တော်တို့အဖွဲ့ကို အခုလောလောဆယ်အနေမှာ ဖွဲ့သင့်မဖွဲ့သင့်၊ ဒီလိုလုပ် ငန်းတွေကို လုပ်သင့်မလုပ်သင့်၊ ကျွန်တော်တို့ကို တတ်နိုင်သမျှ အကြံဥာဏ်ပေးစေလိုပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျား။
ဖြေ။ ။ ဒေလီက၊ Prospect Burma ကျောင်းအုပ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ပေးခဲ့တာကို ကျေးဇူးတင်ပါတယ်။ တပ်မတော်နဲ့ ပြည်သူအကြားကြည်ဖြူစေမယ့်ကိစ္စတွေ လုပ်တယ်ဆိုတာဟာ ကောင်းပါတယ်။ အရေးကြီးတာကတော့ တပ်မတော်သားတွေဟာလည်း ပြည်သူပါပဲဆိုတာကို မမေ့ဖို့ပါပဲ။ ကျွန်မတို့ လူ့အခွင့်အရေးတွေနဲ့ ဒီမိုကရေစီကောင်းကျိုးတွေအတွက် လုပ် နေတယ်ဆိုတာ တပ်မတော်သားတွေ အပါအ၀င်ပြည်သူတွေအားလုံး ဒီအခွင့်အရေး ဒီကောင်းကျိုးတွေကို ခံစားစေချင်လို့ ဖြစ်ပါတယ်။ ဒါ တွေကို တပ်မတော်သားတွေ သဘောပေါက်မယ်ဆိုရင် ပြည်သူနဲ့တပ်မတော်အကြား စိတ်ဝမ်းကွဲစရာအကြောင်း ရှိမယ်မဟုတ်တော့ပါဘူး။ ဆရာကြီးတို့စေတနာနဲ့ လုပ်ဆောင်တာတွေကို အထင်မှားအမြင်မှားတွေ မဖြစ်စေဖို့တော့ သတိထားဖို့လိုပါလိမ့်မယ်။