Thursday 31 March 2011

မှော်ဘီအခြေချ ခလရ ၉၁မှာ ပစ်ခတ်မှုဖြစ် (31-3-2011)

မှော်ဘီအခြေချ ခလရ ၉၁မှာ ပစ်ခတ်မှုဖြစ် (31-3-2011)

ဒီနေ့မနံက် (၃)နာရီမှာ ရန်ကုန်တိုင်း မှော်ဘီအခြေချ ခလရ (၉၁)တပ်ရင်းကို လုံခြုံရေးယူထားတဲ့ တပ်တွေ ကတပ်ရင်းဝင်ပေါက် ကင်းစခန်းကို စတင်ပစ်ခတ်လိုက်တယ်လို့ အပစ်ခံလိုက်ရတဲ့ ခလရ(၉၁)က တပ်သားတဦးကဘီဘီစီကိုပြောပါတယ်၊

လုံခြုံရေးအခြေအနေက အလွန်တင်းကြပ်လို့အပစ်ခံလိုက်ရတဲ့ တပ်ရင်းကတပ်သားတွေနဲ့ ဘီဘီစီက မိနစ်ပိုင်းလောက်ဘဲ စကားပြောခွင့်ရလိုက်ပါတယ်၊

ဖြစ်ပွားပုံက ဒီနေ့မနက်(၃)နာရီအချိန်မှာ တပ်ရင်းဝင်ပေါက်ကင်းတဲက ရဲဘော်တွေ ကင်းချိန်ပြောင်းလဲတဲ့အချိန်မှာ တပ်ရင်းပြင်ပက လုံခြုံရေးတပ် တွေကနေ အရင်ပစ်ခတ်လိုက်တာပါ၊ (၁၅)မိနစ်ခန့် လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်တယ်လို့ ပစ် ခတ်မှုမှာပါတဲ့ တပ်သားတဦးကပြောပါတယ်။ ဒီပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်တွေကို ရုတ်သိမ်းပေးဖို့ တပ်ရင်းမှုးဒုဗိုလ်မှုး ကြီးသောင်းအေးက ရန်ကုန် တိုင်းတိုင်မှုးထံကိုတင်ပြထားတယ်လို့ဆိုပါတယ်၊

တကယ်တော့ဒီပြသနာဟာ ရန်ကုန်တိုင်း မှော်ဘီအခြေချ ခလရ (၉၁)တပ်ရင်းက စားဝတ်နေရေးဖြေရှင်းဖို့အပါအဝင် နိုင်ငံရေး အရအချက်(၄)ချက်ပါ တောင်း ဆိုချက်ကို ရန်ကုန်တိုင်းတိုင်းမှုးထံတင်ပြခဲ့ ကြရာက တုံ့ပြန်မှုဘာမှမရဘဲ အခုလို ပစ်ခတ်တဲ့အထိဖြစ်ပွားခဲ့တာဖြစ်ပါတယ်။လုံခြုံရေးအရတဖက်နဲ့တဖက် အလွန်တင်းမာလျက်ရှိပါတယ်။

တပ်မတော်မှာ အရာရှိဆိုးသာရှိတယ် စစ်သည်ဆိုးမရှိ ...ဦးတင်ဦးပါဝင်ဆွေးနွေး။

မြန်မာ့ တပ်မတော် ရေလိုလလို ကျင့်ဖို့လိုတပ်မတော်မှာ အရာရှိဆိုးသာရှိတယ် စစ်သည်ဆိုးမရှိတဲ့အတွက် လက်ရှိဆိုးနေတဲ့ ကိစ္စဟာ ထိပ်ပိုင်းကနေသာလျှင် ဒီတိုင်းသူ ပြည်သား အားလုံးအပေါ် တကယ်ချစ် တဲ့ မေတ္တာစိတ်နဲ့ ပြုပြင်ဖို့လိုအပ်တယ်လို့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးက လွတ်လပ် အတွေး ဆွေးနွေးဖလှယ် အစီအစဉ်ကနေ ပြောကြားသွားပါတယ်။ပြည်သူသာအမိ ပြည်သူသာအဖ ဆိုတဲ့ ဆောင်ပုဒ်နဲ့ တပ်မတော် စခဲ့တာဖြစ်'' ဂုဏ်သိက္ခာရှိတဲ့ လူထုလေးစားတဲ့ စစ်တပ် ပြန်ဖြစ်အောင် ဘာလုပ်သင့်လဲ'' ခေါင်းစဉ်နဲ့ သောတရှင်တွေ ဆွေးနွေးကြတဲ့ ဒီကနေ့ လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ် မှာ ဦးတင်ဦးက တပ်မတော်အနေနဲ့ စစ်သည် တော် ကျင့်ဝတ်ထဲပါသလို ပြည်သူကို ဆက်ဆံတဲ့ နေရာမှာ ရေလိုလလို ကျင့်ကြဖို့နဲ့ နေလိုမီးလို မကျင့်ဖို့ ကိုလည်း ပြောကြားသွားပါတယ်။ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ မြန်မာ့ တပ်မတော်ဟာ အခုအချိန်မှာ ဂုဏ်သိက္ခာဟာ ကျဆင်းနေ့ပြီး ပြည်သူလူထုရဲ့ ယုံကြည် ကိုးစားမှုလည်း နည်းပါးလာ နေပါတယ်။ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့တဲ့ တပ်မတော်ဟာ ကိုယ်ကျိုးစွန့်မှု အနစ်နာခံမှုတွေရှိပြီး၊ အဲဒီလို ဗိုလ်ချုပ်ရဲ့ခေါင်းဆောင်တဲ့ တပ်မတော်မှာ သူ စတင်ဝင်ရောက်ခဲ့တာ ဖြစ်ကြောင်း ဦးတင်ဦးက ရှင်းပြပါတယ်။တပ်မတော်ထဲမှာ ကျွန်တော်တို့အားလုံးရဲ့ အားကိုးရာဟာ ပြည်သူလူထုဖြစ်တယ် အဲဒီတော့ ''ပြည်သူသာအမိ ပြည်သူသာအဖ'' ဆိုတဲ့ အင်မတန် ပြောင်မြောက်တဲ့ ဆောင်ပုဒ်နဲ့စခဲ့တာ ဖြစ်ကြောင်းလည်း သူကပြောပါတယ်။ဗိုလ်ချုပ်အောင်ဆန်းကလည်း အခါအားလျော်စွာ သူတို့ကို ဆုံးမတဲ့အခါတိုင်း အမြဲတန်း လိုလို ''ငါတို့တပ်မတော် ထောင်တာဟာ တယောက်၊ တဖွဲ့၊ တစုရဲ့ အကျိုး စီးပွား အလို့ငှာ မဟုတ်ဘူး၊ တပြည်လုံးမှာရှိတဲ့ ပြည်သူပြည်သားအားလုံး တိုင်းရင်းသား အားလုံးရဲ့ အကျိုးစီးပွားအလို့ငှာ ဖြစ်တယ်'' လို့ ဆုံးမကြောင်း ဦးတင်ဦးက ပြောပါတယ်။ဦးတင်ဦးက တိုင်းရင်းသားတွေအပေါ် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး၊ စစ်သည်တွေဟာ တိုင်းရင်းသားတွေအပေါ် တန်းတူညီတူတင် မကပဲ သူတို့နဲ့ ပတ်သက်ရင် ကောင်းတဲ့ဘက်ကို အကြောပေးပြီးတော့ ဆောင်ရွက်တာမျိုးကို လုံးလဥဿဟ ထားပြီးတော့ ဆောင်ရွက်ဖို့ ကောင်းတယ်လို့ ပြောပါတယ်။စစ်သည်တော့ကျင့်ဝတ်ထဲမှာလည်း ပြည်သူနဲ့ ဆက်ဆံတဲ့နေရာမှာ အဓိကကတော့ ရေလိုလလို ဆက်ဆံရမယ်၊ မီးလိုနေလိုမကျင့်ရဘူးပါကြောင်းလည်း သူကဆိုပါတယ်။နောက်ဆုံးအနေနဲ့တော့ ဦးတင်ဦးက တပ်မတော်မှာ အရာရှိဆိုးသာရှိတယ် စစ်သည်ဆိုး မရှိကြောင်း ပြောကြားသွားပါတယ်။

Monday 28 March 2011

စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု ရန်ကုန်မှာ ဖြစ်ပွား


စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု ရန်ကုန်မှာ ဖြစ်ပွား  

Monday, March 28, 2011 
ရန်ကုန်တိုင်း ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ အင်အားစုလို့ နံမယ်ပေးထားတဲ့ အဖွဲ့ဝင် လူငယ်တွေဟာ မတ်လ ၂၄ ၊ ၂၅ ရက်နေ့တွေက ရန်ကုန်မြို့က မြို့လယ်ခေါင် လူစည်ကားတဲ့ နေရာတွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုံ့ဆော်တဲ့ စာရွက် စာတမ်းတွေကို ဖြန့်ဝေ ကြဲချခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဒီလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်က တပ်မတော်သားတွေကို ပြည်သူလူထုနဲ့ အတူ ပူးပေါင်း ပါဝင်လာအောင် စည်းရုံးလှုံ့ဆော်တာ ဖြစ်ကြောင်း လှုပ်ရှားမှုမှာ ပါဝင်တဲ့ လူငယ်တဦးက အခုလို ပြောပြပါတယ်။

၈၈၈၈ လုံးတုန်းက ဘာကြောင့် မဆလ ပြုတ်လဲ။

၈၈၈၈ လုံးတုန်းက ဘာကြောင့် မဆလ ပြုတ်လဲ။

အဲဒီချိန်က ကျွန်တော်တို့ ဟာ ဒီနေ့ လစ်ဗျားလို ပဲ လုပ်ခဲ့ ကြလို့ ပါ။ နယ်မြိုနယ် အသီးသီးမှာ နေ့ ဘက်ဆန္ဒပြတယ် ညဖက် ရောက်ရင်လူ စုပြီး ကောင်စီ ပါတီ လူကြီး အိမ်ခဲ နဲ့ ဝိုင်းပေါက်ပြီး ထွက်ပြေး ကိုယ်ရောင်ဖြောက် (မြို့တွင်း ပျောက်ကြားတိုက်ခဲလုံးတိုက်ပွဲ) ဆင်နွဲတယ်။ ကောင်စီပါတီ လူကြီး ကားဖြတ်ရင် အော်တယ် ဆဲတယ် လစ်လျင် လေးခွနဲ့ ဆော်တယ်။ လူအုပ်နဲ့ ရဲစခန်းကို ၀ိုင်းမယ် သတင်းလွင့်တယ် လူအုပ်နဲ့ ကောင်စီရုံး ပါတီရုံး ကို ခဲနဲ့ ဝိုင်းပေါက်တယ် ညဖက်တွေ မှာ။

တပ်မတော်နဲ့ ပြည်သူ တသားတည်းစည်းလုံးရေး ၂၀၁၁ ခုနှစ် တော်လှန်ရေးနေ့အထိမ်းအမှတ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်

တပ်မတော်နဲ့ ပြည်သူ တသားတည်းစည်းလုံးရေး ၂၀၁၁ ခုနှစ် တော်လှန်ရေးနေ့အထိမ်းအမှတ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်

၂၇ မတ် ၂၀၁၁ - တပ်မတော်တခုဟာ ကိုယ် လုပ်တဲ့ အလုပ်ကို ကျွမ်းကျင်ရမယ်။ ကိုယ်လုပ်တဲ့ အလုပ်ကို လေးစားရမယ်။ ကိုယ်လုပ်တဲ့ အလုပ် ကို တန်ဖိုးထားရမယ်၊ ဒီတော့ ပထမဦးဆုံး ကိုယ် လုပ်တဲ့ အလုပ်က ဘာလဲဆိုတာ နားလည်ရမယ်၊ အဲဒီတော့ တပ်မတော်ကောင်းတခုဆိုလို့ရှိရင်တကယ်တော့ စစ်တိုက်ဖို့ သင်ထားပေ မယ့် ဒီ စစ်တိုက်တာ ဘာဖြစ်လို့ တိုက်ရသလဲဆိုတာ နားလည်ရမယ်၊ ပြီးတော့ မျိုးချစ်စိတ်ကို အခြေခံပြီးတော့ တိုက်ရမယ်၊ ကာကွယ်သင့်တဲ့ လူတွေကို ကာကွယ် နိုင်အောင်လို့ တိုက်ရမယ်၊ တခြားလူတွေကို သတ်ချင်လို့။ ဖြတ်ချင်လို့ မဟုတ်ဘူး။ အမုန်းတရားကို အခြေခံပြီးတော့ တိုက်ရမှာ မဟုတ်ဘူး။ မေတ္တာတရားနဲ့ တာဝန်ကို အခြေခံပြီးတော့ တိုက်ရမှာဆိုတာ အဲဒါကို နားလည်ရမှာ ဖြစ်ပါတယ်၊

Sunday 27 March 2011

တော်လှန်ရေးနေ့  (မတ်လ ၂၇) ရက်နေ့  အထိမ်းအမှတ်အဖြစ် -ပြည်သူ့ တပ်မတော်သားများအား ဂုဏ်ပြု မှတ်တမ်းတင်ခြင်း။


တော်လှန်ရေးနေ့  (မတ်လ ၂၇) ရက်နေ့  အထိမ်းအမှတ်အဖြစ် - 

ပြည်သူ့ တပ်မတော်သားများအား ဂုဏ်ပြု မှတ်တမ်းတင်ခြင်း။

အာဏာရှင်စနစ်လက်အောက်ကို ၁၉၆၂ ခုနှစ်ကနေ ကျရောက်ခဲ့ရတဲ့ မြန်မာပြည်သူပြည်သားတွေ ဘ၀ကို စာနာထောက်ထားပြီး၊ ပြည်သူတွေဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြတဲ့ ပြည်သူ့ တပ်မတော်သားတွေ ရှိကြပါတယ်။

အထူးသဖြင့် ပြည်သူလူထုတစ်ရပ်လုံးပါဝင်ခဲ့တဲ့ ၁၉၈၈ ခုနှစ်၊ အာဏာရှင်ဆန့် ကျင်ရေး ပြည်သူလူထုအရေးတော်ပုံကြီးအတွင်းမှာ တပ်မတော်အတွင်းကနေ ပြည်သူနဲ့  ပူးပေါင်းလက်တွဲခဲ့ကြသူ ပြည်သူ့ တပ်မတော်သားတွေ အများအပြားပေါ်ပေါက်ခဲ့ပါတယ်။


Friday 25 March 2011

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်ရေးအတွက် မြန်မာ စစ်ဥပဒေချုပ်ကို HRW တိုက်တွန်း

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်ရေးအတွက် မြန်မာ စစ်ဥပဒေချုပ်ကို HRW တိုက်တွန်း


မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန်းကရပ်အောင် လုပ်ပေးဖို့နဲ့ ချိုးဖောက်ခဲ့သူတွေကို အရေးယူပေးဖို့ မြန်မာတပ်မတော် စစ်ဥပဒေချုပ်ထံကို နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က မနေ့တုန်းက စာရေးသား တောင်းဆိုလိုက်ပါတယ်။ စစ်ဥပဒေချုပ် အနေနဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရေးကို ထောက်ခံဖို့လည်း ဒီစာထဲမှာ တိုက်တွန်းထားပါတယ်။ အပြည့်အစုံကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကို ဆက်သွယ် မေးမြန်းထားတဲ့ ဦးဝင်းမင်းက တင်ပြပေးထားပါတယ်။

Monday 21 March 2011

“ တပ်မတော်အတွင်းရှိ အရာရှိအရာခံအကြပ်တပ်သားများထံအထူးပန်ကြားလွှာ ”


“ တပ်မတော်အတွင်းရှိ အရာရှိအရာခံအကြပ်တပ်သားများထံအထူးပန်ကြားလွှာ ”
ရက်စွဲ ။ ။ ၂၀၁၁ ခုနှစ် ၊ မတ်လ ( ၁၇ )ရက်
စာအမှတ် ။ ။ ၀၀၄ / ၂၀၁၁ / သပ / မလအ
မင်္ဂလာပါစစ်သည်အပေါင်းတို့ရေ …......... ။
ကိုယ်ကျန်းမာလို့ ၊ စိတ်ချမ်းသာကြပါရဲ့လား …..ဘ၀နောက်ကျော တွေကောလုံ ခြုံစိတ်ချရရဲ့လား ၊ ကိုယ့်အခွင့်အရေးတွေအတွက်ဘာတွေလုပ်နိုင်ခဲ့ကြပါသလဲ ၊ ရသင့်ရထိုက် တဲ့အခွင့် အရေးတွေဆုံရှုံးနေတာ ၊ ရဟန်းသံဃာ ကျောင်းသား ပြည်သူတွေကို ရန်သူလိုနှိမ်နင်းမှု မပြုချင်ဘဲ ပြု နေရတာတွေ ၊ အထက်အောက် ဖိနှိပ်မှုတွေကြောင့် စိတ်ကုန်နေခဲ့တာတော့ကြာပြီပေါ့နော် ၊ တပ်မတော်က ပေး တဲ့လစာနဲ့ ရိက္ခာကလည်းမိသားစုအသက်ရှင်ရပ်တည်ဘို့ပင် အနိုင်နိုင်မို့ ၊ စု ငွေလေးတွေထုတ်ပြီး စိုက် သုံး ဖို့ကြိုးစားပြန်တော့လည်းစုငွေတွေပြန်ထုတ်မရတာကြောင့်မိသားစု ဘ၀တွေအဖို့ရရာအလုပ် ပြင်ပ ထွက်လုပ်ရတဲ့ အဖြစ်စတဲ့ မကျေလည် မှုတွေဟာတပ်မတော်ကိုဝင်ခဲ့တုန်းက ယုံကြည်ချက်ခံယူချက်တွေနဲ့ လွဲလွဲကြီးဖြစ်နေမှန်း သိသိနဲ့ နောက်ဆုတ် ထွက်မရ ၊ ရှေ့တိုး ထမ်းပိုးထမ်း နေရတဲ့ ဘ၀မျိုးကြုံနေရတယ် မဟုတ်ပါလား ၊

Sunday 20 March 2011

စကားတွေအများကြီးပြောနေသောဓါတ်ပုံတပုံ

စကားတွေအများကြီးပြောနေသောဓါတ်ပုံတပုံ          
လန်ထောင်စပ်စုလေး

    ၁၉၆၃ခုနှစ်ကထုတ်ဝေဖြန့်ချိခဲ့သော စာရေးသူ၏ဖခင် လန်ထောင်ဦးစပ်စု ရေးသားခဲ့သည့် "ဦးစပ်စု၏၇၅နှစ်အကြား ၄၉နှစ်အမြင် မြန်မာပြည်" စာအုပ်မှ အောက်ပါဆောင်းပါးတိုလေးကို ဖတ်ရှုကြည့်ပြီး ဖေါ်ပြထားသည့်ဓါတ်ပုံကို လေ့လာကြည့်စေလိုပါသည်။
"ပင်လုံဒေါ်နုရင်နှင့် ဆီချက်ခေါက်ဆွဲ"
    ထိုစဉ်က အဖွဲ့တစ်ဖွဲ့ရှိသည်။ ဤအဖွဲ့မှာ တပ်ပေါင်းစုံ အမျိုးသမီး ချီးမြှင့်ရေးအဖွဲ့ပင် ဖြစ်ပါသည်။ ယင်းအဖွဲ့ထဲတွင် ကျွန်ုပ်၏ဇနီးနှင့်တကွ ခယ်မ၊ မရီးများပါ ပါဝင်ကြလေသည်။ ကြီးမှူးစီစဉ်ညွှန်ကြားသူက ပင်လုံဒေါ်နုရင်၊ အမျိုးသားဘက်ကဆိုလျှင် ကျွန်ုပ်စပ်စု၊ အိန္ဒိယအမျိုးသား ဘာဘူကြီး၊ ဗမာအမျိုးသားထဲကဆိုပါလျှင် ဦးဘသွင်တို့ ဖြစ်ပါသည်။ ဤအဖွဲ့သည် မင်္ဂလာဒုံ စစ်ဆေးရုံသို့တက်ရောက်ကုသနေသောလူနာများအား သူတို့စားသောက်လိုသည့် အစာအာဟာရကို တစ်လလျှင်တစ်ကြိမ် ကျွေးမွေးလှူဒါန်းပါသည်။


(စာမျက်နှာ ၆၄-ပုံစာ  ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နှင့်သားသမီးသုံးယောက်၊ ဦးဘသွင်၊ အိန္ဒိယဘာဘူကြီး
(Mr. Chenllal) ၊ ဦးစပ်စု တို့၏ တပ်ပေါင်းစုံအမျိုးသမီး ချီးမြှင့်ရေးအဖွဲ့။ ဤတကြိမ်တွင် စားသောက်စရာ၊ စောင်၊ မျက်နှာသုတ်ပုဝါ၊ ဆပ်ပြာများ လှူဒါန်းထောက်ပံ့သည့်ပြင် ရွှေနှင်းဆီအငြိမ့်ဖြင့် ကပြဖျော်ဖြေ လေသည်။)
   
   

၁၉၅၀ ၀န်းကျင်က ပင်လုံတပ်ပေါင်းစုံအမျိုးသမီးချီးမြှင့်ရေးအဖွဲ့ Pin lon Women Assistance Association(1950)



Saturday 19 March 2011

ဂုဏ်သိက္ခာရှိတဲ့ လူထုလေးစားတဲ့ စစ်တပ် ပြန်ဖြစ်အောင် ဘာလုပ်သင့်လဲ

ဂုဏ်သိက္ခာရှိတဲ့ လူထုလေးစားတဲ့ စစ်တပ် ပြန်ဖြစ်အောင် ဘာလုပ်သင့်လဲ

ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ အခုအချိန်မှာ ဂုဏ်သိက္ခာဟာ ကျဆင်းနေပြီး ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု လည်း နည်းပါးလာနေပါတယ်။ ဂုဏ်သိက္ခာရှိပြီး လူထု လေးစားယုံကြည်လာတဲ့ စစ်တပ်ပြန်ဖြစ်လာအောင် ဘယ်လို လုပ်သင့်တယ်လို့ ထင်ပါသလဲ။ လူထုအနေနဲ့ကော ဘာတွေ လုပ်သင့်ပါသလဲ၊ ဘာတွေ လုပ်ပေးနိုင်ပါသလဲ၊ သောတရှင်တို့ရဲ့ အတွေးအမြင်တွေကို လာမဲ့ မတ်လ ၂၃ ရက် ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ်အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။ဘီဘီစီကိုemail နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။ burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ဝဝ၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်း နံပါတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။

http://www.bbc.co.uk/burmese/programmes/2011/03/110322_hysarmy.shtml

Friday 18 March 2011

ပင်လုံတပ်ပေါင်းစုံကူညီစောင့်ရှောက်ရေးအဖွဲ့ကိုဖွဲ့ဖြစ်စေခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ဖြေကြားချက်များ

ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ရေး ဒေါ်အောင်ဆန်းစုကြည် ပြောဆို---RFA


ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ရေး ဒေါ်အောင်ဆန်းစုကြည် ပြောဆို

2011-03-17
ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်အောင် လုပ်တဲ့နေရာမှာ တိုင်းရင်းသားတွေက ဗမာအစိုးရကို မယုံသလို၊ ဗမာအစိုးရက တိုင်းရင်းသားအရေးကို အလေးမထားဘူးလို့ ခံယူနေတဲ့အတွက် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာသင့်သလောက် မခိုင်မာခဲ့တာ ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သုံးသပ် ပြောဆိုလိုက်ပါတယ်။
နာဂ တိုင်းရင်းသား ပွဲတော်မြင်ကွင်း ဖြစ်ပါသည်။ တိုင်းရင်းသား လူမျိုးစုများစွာ မှီတင်းနေထိုင်သော မြန်မာနိုင်ငံတွင် ပင်လုံသဘောတူညီချက်အရ လူမျိုးတိုင်း တန်းတူ အခွင့်အရေးကို အခြေခံသော ဖယ်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို လိုလား တောင်းဆိုနေကြပါသည်။

အိန္ဒိယနိုင်ငံသား လူငယ်တဦး ကလေးစစ်သားအဖြစ် စုဆောင်းခံရ---RFA


အိန္ဒိယနိုင်ငံသား လူငယ်တဦး ကလေးစစ်သားအဖြစ် စုဆောင်းခံရ

2011-03-17
မြန်မာနိုင်ငံသား မဟုတ်တဲ့ အိန္ဒိယနိုင်ငံသား အသက်မပြည့်သေးတဲ့ နာဂကလေးငယ်တဦးကို မြန်မာစစ်တပ်က စစ်သားအဖြစ် စုဆောင်းခဲ့တယ်လို့ အမှုကို ကူညီဆောင်ရွက်နေတဲ့ ရှေ့နေတွေက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်ထဲရှိ ရှေ့တန်း စစ်စခန်းတခုတွင် နအဖ တပ်ဖွဲ့မှ စစ်သားများကို တွေ့ရပုံ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များတွင် ကလေးစစ်သား ၇၀,ဝ၀ဝခန့် ရှိနိုင်ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက ခန့်မှန်းထားသည်။
အိန္ဒိယနိုင်ငံသားတဦး ဖြစ်တဲ့ ထန်မိုင်စိုးလ်ဟာ အိန္ဒိယနိုင်ငံ နာဂလန်းပြည်နယ်က နာဂလူမျိုး တဦးဖြစ်ပြီး လွန်ခဲ့ ၃ နှစ်က လူမှောင်ခို ပွဲစားတွေကတဆင့် စစ်သား စုဆောင်းရေးကို ရောင်းစားခဲ့တာလို့ အမှုကို ကူညီပေးနေတဲ့ ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောပါတယ်။
“မိဘတွေက အင်ဖာမြို့မှာ နေတဲ့ နာဂတန်းဆိုတာ ရပ်ကွက်မှာပေါ့နော်၊ အဲဒီမှာနေတာ သူ့အဖေ နာမယ်က ရော့က်ဆန်း၊ အမေနာမယ်က ဟာမီလာ။ သူ့ကို ဒီ အိန္ဒိယ-ဗမာ နယ်စပ်မှာ ဒီဖက်ကို ယူလာပြီး ရောင်းလိုက်တာဗျ။ ရောင်းလိုက်ရင်းနဲ့ သူက ဒီ အင်တိုင်းမှာ ရှိတဲ့ ၃၆၁ တပ်ကို စစ်သားအဖြစ်နဲ့ ရောက်သွားတယ်။ ရောက်တဲ့အချိန်မှာ သူက အသက်က ၁၆ နှစ် မပြည့်သေးဘူး။”
“ဒါပေမဲ့ သူ့ကို ထန်မိုင်စိုးလ် ခေါ် ထန်မင်းဇော်ဆိုပြီး ပြောင်းပြီးတော့ အဖေနာမယ်ကိုလည်း ဦးသန်းလွင် ဆိုပြီးတော့ အဲဒီ လာပို့တဲ့လူက သူ့နာမယ် သွင်းလိုက်တာ။ အဲဒီတော့ သူက ဒီ ကရင်ပြည်နယ် စစ်ဆင်ရေးကို လွှတ်လိုက်တဲ့အခါကျတော့ သူက မလိုက်လိုတော့ သူ့မှာ ပြန်ဖို့ကလည်း မရှိဘူး။ အဲဒီတော့ သူက အရာရှိရဲ့ သေနတ်ကို ယူပြီးတော့ ရောင်းဖို့ ဆိုပြီးတော့ ပြန်လာတာ၊ မန္တလေးမြို့မှာ အဖမ်းခံလိုက်ရတယ်။ အဲဒီတော့ စစ်တရားရုံးက ထောင် အနှစ် ၂၀ ချလိုက်တယ်။”
ဒီကိစ္စနဲ့ပတ်သက်ပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေဆီကို တင်ပြထားတယ်လို့ သိရပါတယ်။

စစ်မှုမထမ်းမနေရ ဥပဒေ လူငယ်များ မလိုမလားရှိနေ--ကန္တာရ၀တီတိုင်း(မ်)

စစ်မှုမထမ်းမနေရ ဥပဒေ လူငယ်များ မလိုမလားရှိနေ

ကြာသပတေးနေ့၊ မတ်လ 17 ရက် 2011 ခုနှစ် ကူးဒူ သတင်း - ကန္တာရ၀တီတိုင်း(မ်)
အမျိုးသမီးများ အပါအ၀င် အသက် ၁၈ နှစ်ပြည့်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို စစ်အစိုးရမှ ပြဌာန်းမည်ဆိုသည့် သတင်းများ ပြည်သူလူထုအကြား ပျံ့နှံ့နေလျက်ရှိပြီး ထိုဥပဒေသည် နိုင်ငံ၏ လက်ရှိအခြေအနေနှင့် မကိုက်ညီသေးသည့်အတွက် လူငယ်များ မလိုမလားရှိနေကြသည်။

Tuesday 15 March 2011

လူထုအုံကြွမှုမျိုး တဖန်ပြန်လည်ပေါ်ပေါက်နိုင်မှု ရှိ၊ မရှိ

လူထုအုံကြွမှုမျိုး တဖန်ပြန်လည်ပေါ်ပေါက်နိုင်မှု ရှိ၊ မရှိ

နယူးဒေလီ (မဇ္ဈိမ) ။      ။  မြန်မာနိုင်ငံမှာ ၈၈၈၈ လူထုအုံကြွမှုမျိုး တဖန်ပြန်လည်ပေါ်ပေါက်နိုင်မှု ရှိ၊ မရှိနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ သြဇာကြီးသော ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်၊ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေနှင့် ထိုင်းအခြေစိုက် ဗဟုဖွံ့ဖြိုးမှုအဖွဲ့မှ ဦးအောင်သူငြိမ်းတို့ကို မဇ္ဈိမက မေးမြန်းထားသည်။

ဦးဝင်းတင်က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် ဖိနှိပ်မှုများ၊ မတရား ခေါင်းပုံဖြတ်မှုများအပြင် ပြည်သူလူထု ဆင်းရဲတွင်း နက်နေခြင်းများက လူထုအုံကြွမှု ဖြစ်ပေါ်စေမည့် အချက်များဟု သုံးသပ်သည်။ ထို့ပြင် အရှေ့အလယ်ပိုင်း နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် အာဏာရှင်ဖြုတ်ချရေး လူထုအုံကြွမှု ဂယက်များသည်လည်း အင်အားတခုအဖြစ် တည်ရှိနေသည်ဟုဆိုသည်။

သို့သော် ယခင်က NLD ခေါင်းဆောင်တဦးဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်း ဦးခင်မောင်ဆွေကမူ လူထုအုံကြွမှု ဖြစ်ပေါ်ရန် အလားအလာ နည်းနေသည်ဟု ဆိုသည်။ လူထုအုံကြွမှုများကို စစ်အစိုးရက ဖိနှိပ်ခဲ့သည့်အတွက် ယခုလို သုံးသပ်ကြောင်းနှင့်  လူထုအနေဖြင့် အသက်စွန့်လှုပ်ရှားရန်မှာ မဖြစ်နိုင်သေးကြောင်း သူက ပြောဆိုသည်။

ထိုင်းအခြေစိုက် ဗဟုဖွံ့ဖြိုးမှုအဖွဲ့မှ ဦးအောင်သူငြိမ်းကမူ အသစ်ဖြစ်ပေါ်နေသည့် လွှတ်တော်အတွင်း ပြောင်းလဲမှု တစုံတရာ ဖြစ်ပေါ်လာရန် ပြည်သူများက စောင့်ကြည့်နေပြီး၊ ပြောင်းလဲမှု မရှိလျှင် ပါလီမန်ပြင်ပ နိုင်ငံရေးကို ဦးတည်သွားနိုင်သည်ဟု သုံးသပ်သည်။

မြန်မာပြည်မှာ လူထုအုံကြွမှု ပြန်ဖြစ်နိုင်မယ်လို့ ယူဆပါသလား။ ဖြစ်နိုင်တယ်ဆိုရင် ဘာကြောင့်၊ မဖြစ်နိုင်ဘူးဆိုရင် ဘာကြောင့် ဆိုတာလေး ရှင်းပြပေးပါခင်ဗျ။

ဦးဝင်းတင်

“အခု မြန်မာပြည်က လူတွေကို ကြည့်မယ်ဆိုရင် ဆင်းရဲတဲ့ အနေအထားမှာ ရှိနေကြပြီ။ အခု ရန်ကုန်မြို့လယ်က ချမ်းသာနေတဲ့ လူတွေကို ကြည့်ပြီး အမျိုးမျိုး ပြောနေတာကိုး။ နယ်တွေကို မပြောနဲ့ တကယ် ရန်ကုန်ထဲမှာ တောင်ဒဂုံ၊ မြောက်ဒဂုံ စတဲ့ နေရာတွေမှာ ဆင်းရဲတဲ့သူ များနေတာကို တွေ့တယ်။ ဆင်းရဲတယ်ဆိုတာ တော်တော့ကို ဆင်းရဲတဲ့ အနေအထားမှာ ရှိနေတယ်။ အဲဒီတော့ စီးပွားချွတ်ခြုံကျမှုဟာ လူထုအုံကြွမှု ဖြစ်ပေါ်ဖို့အတွက် ဖြစ်တတ်တယ်လို့ ကျနော်က သုံးသပ်တယ်။ အခု မြန်မာပြည်မှာက ထားစရာ မရှိတဲ့သူနဲ့ စားစရာမရှိတဲ့သူလို ဖြစ်နေတယ်”

“နောက်တခုကတော့ မတရားမှုတွေပေါ့။ မတရားမှုဆိုတာ လူလူချင်း ဆက်ဆံတဲ့ နေရာမှာ မတရားတာ၊ အနိုင်ကျင့်တာ၊ ဗိုလ်ကျတာ။ ဒီလိုမတရားမှုတွေက မြန်မာပြည်တပြည်လုံး နေရာအနှံ့ ဖြစ်နေတယ်။ နောက်ပြီး ဒီမတရားမှုတွေကို ကိုယ်တိုင်လည်း ခံစားရတယ်။ နောက်ပြီး တခြားသူတွေ ခံစားနေရတာကိုလည်း  မီဒီယာတွေကနေတဆင့် လူတွေက သိလာကြတော့ အုံကြွပေါက်ကွဲမှုဆိုတာ အချိန်မရွေး ဖြစ်နိုင်တယ်ဗျ”

“အဲဒါတွေအပြင်ကို နောက်ထပ် Sector တခုက ဘာလဲဆိုရင် အခု အရှေ့အလယ်ပိုင်းမှာ ဖြစ်တဲ့ ကိစ္စတွေပေါ့ဗျာ။ အီဂျစ်တို့၊ တူရကီတို့မှာ ဖြစ်တဲ့ ကိစ္စတွေ။ အဲဒီကိစ္စတွေက ကျနော်တို့ရဲ့ မြန်မာပြည်ကို ဂယက်ရိုက်လာတယ်ပေါ့။ ဒီနေ့ခေတ်မှာ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေး ဖြစ်နေတယ်ဆိုတဲ့ အခါကျတော့ တခုနဲ့ တခု ဆက်စပ်နေတယ်”

“ဒီအခြေအနေတွေ အားလုံးကို သုံးသပ်တဲ့ အခါကျတော့ ကျနော်တို့အတွက်တော့၊ မြန်မာပြည်မှာတော့ ဒီဂယက်တွေကတော့ ပေါ်နေပြီ။ တရုတ်ပြည်မှာတောင် ပေါ်နေတာ၊ မြန်မာပြည်ကတော့ ပိုပေါ်တော့မှာပေါ့ဗျာ။ ဆိုတော့ အဲဒီလို အခြေအနေတွေကြောင့် မြန်မာပြည်မှာ လူထုအုံကြွမှု ပေါ်ပေါက်နိုင်တဲ့ အနေအထားတွေ အများကြီး ရှိနေတယ်လို့ ကျနော် သုံးသပ်တာ ဖြစ်ပါတယ်”

ဦးခင်မောင်ဆွေ

“ဖြစ်နိုင်ဖို့ကတော့ သိပ်ကို နည်းပါတယ်ခင်ဗျ။ ပါလီမန်က ထွက်လာမယ့် ဟာတွေက ဘာတွေဖြစ်ဦးမလဲလို့ ဝေဝေဝါးဝါးလည်း ဖြစ်နေတယ်။ ပြီးတော့ ကျနော်တို့နိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံဆိုတော့ မွတ်စလင်နိုင်ငံတွေနဲ့တော့ အတွေးအခေါ် ကွာတယ်ဗျ။ အဲဒါ တချက်ပေါ့။ လူ့အသက်ကို စွန်ဖို့၊ လွယ်လွယ်ကူကူ စွန့်ဖို့ဆိုတာ ခက်ပါတယ်”

“နောက်ပြီးတော့ အာဏာရှင်နိုင်ငံတွေမှာ ဖြစ်နေတဲ့ ဒီလူထုလှုပ်ရှားမှုတွေဟာ နှစ်ပေါင်း ၃ဝ အတွင်းမှာ တခါမှ အခုလို များများစားစား၊ ဆူဆူပူပူ မရှိခဲ့ဖူးဘူး။ မြန်မာနိုင်ငံမှာက အများဆုံးဖြစ်တဲ့ နိုင်ငံလေ။ ဒါတောင်မှ ဖြစ်လာတဲ့ ဆူပူမှုတွေကို နှိမ်နင်းခံရတာလည်း ရှိနေတော့ကာ ပြည်သူကလည်း အများကြီး သတိထားပုံပေါ်တယ်။ အဲဒီတော့ ဖြစ်ချင်လည်း ဖြစ်မှာပေါ့လေ။ ဖြစ်ဖို့တော့ အခွင့်အရေး သိပ်နည်းတယ်လို့ ကျနော် ထင်တယ်”

“နောက် မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင်နိုင်ငံတွေကလည်းပဲ စီးပွားရေးပဲ မျှော်မှန်းနေတဲ့ အခါကျတော့ နိုင်ငံမှာ ဆူဆူပူပူ ဖြစ်မယ်ဆိုရင် စီးပွားရေးအခွင့်အလမ်းတွေ ထိခိုက်မှာ စိုးတဲ့အခါကျတော့ ဒါတွေက သိပ်ပြီး အားပေးချင်တဲ့ပုံ ရှိမှာ မဟုတ်ဘူးလို့ ယူဆစရာအကြောင်း ရှိပါတယ်။ မြန်မာလူထုဟာ သိပ်ကို ခံစားနေရပြီ၊ အခုလို ဆင်းရဲမွဲတေနေပြီ။ သို့သော်လည်း လမ်းမပေါ်ထွက်ရလောက်အောင် အခြေအနေ မပေးသေးဘူးလို့ ကျနော် တွက်ပါတယ်”

ဦးအောင်သူငြိမ်း

“ကျနော်တို့ဆီမှာ လူထုအုံကြွမှု မဖြစ်နိုင်ဘူးလို့တော့ မပြောနိုင်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတဲ့ အခါကျတော့ ကျနော်တို့ဆီမှာ ရေခံမြေခံတွေက အတော်များများ ရှိတယ်။ အခုဖြစ်တဲ့ အရှေ့အလယ်ပိုင်း ကိစ္စတွေကို ပြန်ကြည့်တဲ့ အခါကျတော့ လူတွေက သူတို့ရဲ့ ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့  ထိပါးခံရတဲ့ အနေအထား၊ မကျေနပ်တာတွေ ပါတယ်။ နောက်တခါကျတော့ အစိုးရပိုင်းမှာ လာဘ်စားနေတဲ့ အကျင့်ပျက် ခြစားနေတဲ့ ကိစ္စတွေ ပါတယ်။ နောက်တခါကျတော့ လူတွေက အထွေထွေ ကျပ်တည်းမှုတွေ ပါတယ်။ နောက် လူတန်းစား သိပ်မညီမျှမှုတွေ ပါတယ်ပေါ့နော်။ ဆိုတော့ ဒီအခြေအနေတွေ ပြန်ကြည့်ရင် ကျနော်တို့ တိုင်းပြည်မှာလည်း ဒါတွေက ဖြစ်နေတယ်ဗျ”

“နောက်တခုကကျတော့ လူတွေက အပြောင်းအလဲကို မျှော်လင့်နေတယ်ဆိုတာ ကျနော်တို့ တနိုင်ငံလုံး သေချာတယ်ပေါ့။ ဒါပေမဲ့ အခုဖြစ်လာတဲ့၊ ပါလီမန်ထဲမှာ ဖြစ်နေတဲ့ ဆွေးနွေးပွဲတွေ၊ အပြောင်းအလဲတွေက ဘယ်လောက်ထိ သူတို့ရဲ့ မျှော်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်မလဲပေါ့။ ဒါ မျှော်လင့်ချက် မရှိတော့ဘူးဆိုရင်လည်း လူတွေက ပါလီမန်ပြင်ပ နိုင်ငံရေးဘက်ကို ပြန်လှည့်လာနိုင်တဲ့ သဘောလည်း ရှိပါတယ်’’

လူထုအုံကြွမှုဖြစ်ဖို့အတွက် ဘယ်လိုအချက်က အခြေခံအချက်လို့ မြင်ပါသလဲ။

ဦးဝင်းတင်

“ဆင်းရဲတွင်းနက်နေတဲ့ လူထုရဲ့ အခြေအနေ၊ နောက် လူထုရဲ့ ပတ်ဝန်းကျင်မှာ မတရားဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေ၊ ပိုင်စိုးပိုင်နင်း လုပ်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ မတရားခိုင်းစေမှုတွေ၊ လယ်ယာမြေတွေ သိမ်းခံရတာဗျာ။ အလုပ်သမားတွေကို လုပ်ခမပေး ဘာမပေးဖြစ်ရတာတွေ စသဖြင့် အများကြီးပေါ့ဗျာ”

ဦးခင်မောင်ဆွေ

“အဲဒါကတော့ စာအုပ်ကြီးထဲမှာ ရှိတဲ့ဟာတွေပါ။ ပေါက်ကွဲမှုဆိုတာက အမှိုက်ကစ ပြဿဒ်မီးလောင်တာပဲ။ လူတွေရဲ့ ခံစားချက်ကို သိပ်ထိခိုက်လွန်းရင် ဖြစ်မှာပေါ့။ ပြည်သူလူထုက သိပ်ပြီးတော့ ခံနိုင်ရည်စွမ်းရည် မြင့်မားတယ်ဗျ။ ဒါက ဗုဒ္ဓဘာသာတွေ ဖြစ်တာလည်း ပါမှာပေါ့ဗျာ”

“နောက်ပြီးတော့ ဟိုတုန်းက ကုန်ဈေးနှုန်းတွေ တက်တုန်းက ဘယ်လောက်ခံရတယ်ဆိုတာ ခင်ဗျား သိမှာပါ။ ဘဲဥကို တနေ့ နှစ်လုံးစားတဲ့ သူက တနေ့ကို တခြမ်းတောင် မဟုတ်တော့ဘူး။ တစိတ်ပဲ စားပြီး နေနေကြတဲ့ မြန်မာပြည်သူတွေကို သွားပြီးတော့ကာ အများကြီး မျှော်လင့်လို့ မရဘူးလို့ ထင်ပါတယ်။ သို့သော်လည်း ဖြစ်နိုင်ခြေ မရှိဘူး၊ ရှိတယ်ဆိုတာ ကျနော် အပ်ကျမတ်ကျ ပြောလို့ မရပါဘူး။ ပေါက်ကွဲချိန်ကျ ပေါက်ကွဲတာကိုး။ သို့သော် အခွင့်အရေးကတော့ အလွန်နည်းပါတယ်”

ဦးအောင်သူငြိမ်း

“အဓိကကတော့ လူထုအုံကြွမှုတွေ ကြည့်လိုက်လို့ရှိရင် သေချာပြင်ဆင်လှုံ့ဆော်ပြီးတော့ ခေါ်တယ်။ ဒါပေမဲ့လည်း ဖြစ်ချင်မှ ဖြစ်တာမျိုးပေါ့။ ဒါပေမဲ့ မျှော်လင့်မထားဘဲနဲ့ အခြေအနေတွေ ပေါင်းစုံလာတော့ အုံကြွပေါက်ကွဲမှုတွေ ဖြစ်တာမျိုးလည်း ရှိတာပေါ့။ အဲဒီတော့ အတိအကျတော့ ပြောလို့ ခက်ပါတယ်”

လူထုအုံကြွမှုဖြစ်ပေါ်ဖို့ ဘယ်လိုလူတန်းစားက အရေးကြီးဆုံးလို့ ထင်ပါသလဲဗျ။

ဦးဝင်းတင်

“အထူးသဖြင့် အဓိက အကျဆုံးကတော့ ကျနော်တို့ မြန်မာပြည်က အတွေ့အကြုံမှာတော့ အမြဲတမ်း ဒီ ပညာတတ်ပေါ့ဗျာ။ ပညာတတ်လို့ပဲ ပြောရမှာပေါ့။ ကျောင်းသားတို့ဘာတို့ဆိုတဲ့ ကျောင်းသားအင်အားစုတွေဟာ  အဓိက အကျဆုံးပါဘဲ။ ဟိုးလွန်ခဲ့တဲ့ ၁၉၂ဝ ကျောင်းသားသပိတ်တို့ ဘာတို့ကနေ အစပေါ့ဗျာ။ သပိတ်တလျှောက်လုံးဟာလည်း မြန်မာပြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှု အားလုံးဟာ ကျောင်းသားလူငယ် ခေါင်းဆောင်မှုက အဓိကပဲ။ ကျောင်းသားလူငယ်ဆိုတဲ့နောက် ဘာပဲပြောပြော ပညာတတ်တွေလို့ ပြောလို့ ရပါတယ်။ ဒါက တပိုင်းပေါ့။ ဒါက အလွန့်အလွန်ကို အရေးကြီးတဲ့ တပ်ဦးက အင်အားစုပေါ့”

ဦးခင်မောင်ဆွေ

“အခြေခံလူတန်းစားတွေရဲ့ဘဝ မပြည့်စုံဘူး၊ ထွက်ပေါက်မရှိတော့ဘူး၊ စားစရာလည်း မရှိတော့ဘူး၊ ဘာမှ မျှော်လင့်ချက်လည်း မရှိတော့ဘူးဆိုရင် ပေါက်ကွဲကြတာပေါ့ဗျာ။ မြန်မာနိုင်ငံမှာတော့ လူလတ်တန်းစားမှာ ပါနေတဲ့ ကျောင်းသားတွေက စခဲ့တာဆိုတော့ သမိုင်းမှာ အထင်အရှား ရှိခဲ့တာပဲ။ ကျောင်းသားတွေလည်း အခု ဘယ်လို နေတယ်ဆိုတာ ခင်ဗျားတို့ မှန်းလို့ ရပါတယ်။ တကယ်ကော လူထုအုံကြွမှု လိုပြီလား၊ မလိုဘူးလားဆိုတာလည်း ရှိပါတယ်။ ဒါကို တထိုင်တည်းနဲ့ ပြောလို့မရဘူး”

ဦးအောင်သူငြိမ်း

“ကျနော်ထင်တာကတော့ အဓိကကတော့ဗျာ… မကျေနပ်တဲ့ လူစုလူဝေးပေါ့နော်။ ဘာလို့ဆိုတော့ ဒီဥစ္စာက အရေးကြီးတယ်ဗျ။ နောက်တခုကကျတော့ ကျနော်ထင်တယ်… လူလတ်တန်းစားက အဓိကအားဖြင့်တော့ ဒီကိစ္စတွေမှာ ဦးဆောင်ကြတာ။ Opinion လူစားလို့ ခေါ်တာပေါ့။ သူတို့က အမြင်ရှိတယ်၊ ကျန်တဲ့ သူတွေကို ရှင်းပြနိုင်တယ်၊ ချပြနိုင်တယ်၊ ဦးဆောင်နိုင်တယ် စသဖြင့် ဒီလိုအနေအထားတွေကျတော့ ကျနော်တို့ဆီမှာ လူထုအုံကြွမှုတွေက အဲဒါမျိုးမှာ ပေါင်းစပ်တာမျိုး ဖြစ်တတ်တာပေါ့”

လူထုအုံကြွမှု အောင်မြင်နိုင်ဖို့ သော့ချက်ကကော။

ဦးဝင်းတင်

“အဓိကအကျဆုံး သော့ချက်လို့ ကျနော်ထင်တာကတော့ လူထုပါဖို့ပဲဗျ။ လူထုပါဖို့ဆိုတာကတော့ ဥပမာ ၈၈ တုန်းက လူထုပါလို့ ဖြစ်တာ။ လူထုမပါရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ရပ်ကွက်တွေ၊ ရပ်ကွက်တွေတိုင်းမှာ ပါတီယူနစ်တွေ ရှိတယ်။ နောက်ပြီး အဖွဲ့အစည်းတွေ ရှိတယ်။ ဒီအဖွဲ့အစည်းတွေ ဘယ်လောက်ပဲရှိရှိ တကယ့်ကို အုံကြွမှုလည်း ပေါ်လည်းလာကော လူထုတရပ်လုံး ထွက်လာတာ။ လူထုဆိုတဲ့ နေရာမှာ ခုနကပြောသလို ကျောင်းသားလူငယ်တင် မကတော့ဘူး။ အလုပ်သမား၊ လယ်သမားတို့၊ မြို့နေလူတန်းစားတွေ ပါလာတယ်။ ရပ်ကွက်ထဲက လူတွေ ထွက်လာတယ်။ ဒါက ပါဝင်တဲ့ နေရာမှာ အရေးကြီးတဲ့ အင်အားစုဟာ လူထုလို့ ပြောလို့ ရတယ်။ လူထုပါလာပြီဆိုရင်တော့ ဒီလူထုအုံကြွမှု၊ လှုပ်ရှားမှုဟာ အောင်မြင်နိုင်တဲ့ အလားအလာ ရှိတယ်”

ဦးခင်မောင်ဆွေ

“ခင်ဗျား ထိုင်းကို ကြည့်ပါလားဗျ၊ အခု လစ်ဗျားကို ကြည့်ပါလားဗျာ။ နိုင်ငံမှာရှိနေတဲ့ ကာကွယ်ရေး အဖွဲ့အစည်းတွေပေါ့။ ကာကွယ်ရေး အဖွဲ့အစည်းတွေက ဘယ်ဘက်က ပါသလဲ၊ ဘယ်နေရာမှာ နေသလဲ၊ ကြားမှာ နေသလား။ အုပ်ချုပ်သူ လူတန်းစာက ဘယ်လောက်မှားယွင်းနေသလဲ၊ ပြည်သူတွေက ဘယ်လောက်မှန်ကန်ပြီးတော့ မှန်ကန်စွာ ဒီဟာကို သယ်ဆောင်နိုင်သလဲဆိုတဲ့ အခြေခံအချက်တွေ လိုတာပေါ့ဗျာ”

“ပြည်သူတရပ်လုံး ပါဝင်နိုင်တဲ့ လှုပ်ရှားမှုသာလျှင် အောင်မြင်နိုင်တာပေါ့။ ဒီလို အစိတ်အပိုင်းတချို့သာ ပါဝင်လာရုံနဲ့တော့လည်း ဒီကိစ္စကြီးတခုလုံးကို မှောက်လှန်ကြည့်ဖို့ဆိုတာလည်း သိပ်မလွယ်လှပါဘူး”

ဦးအောင်သူငြိမ်း

“အဓိကကတော့ ကျနော်ထင်တယ် အချက်တွေက တော်တော်များပါတယ်။ အဓိကကတော့ နိုင်ငံတကာ အခြေအနေလည်း ပါတယ်၊ နောက် ကိုယ့်လူထုဘက်က ဘယ်လောက် အင်အားစုစည်းမိသလဲဆိုတဲ့ အချက်လည်း ပါတယ်။ နောက်တခါ ခေါင်းဆောင်မှုလည်း အရေးကြီးပါတယ်။ နောက် ဘယ်လိုမျိုး မဟာဗျူဟာ ကျင့်သုံးမှာလဲပေါ့”

“အထူးသဖြင့်ကတော့ အုပ်ချုပ်သူဆီမှာရှိတဲ့ စစ်တပ်အပိုင်းပေါ့ဗျာ။ စစ်တပ်တို့၊ ရဲတို့ စသဖြင့် ဒီလို လက်နက်ကိုင် အဖွဲ့အစည်းတွေက ဆန္ဒပြတဲ့ သူတွေဘက်ကို လာပေါင်းမလားပေါ့။ ဒီအချက်လည်း အရေးကြီးတယ်”

မြန်မာ့ဒီမိုကရေစီကူးပြောင်းရေး
အတွက် အဓိကအချက်က ဘာလို့ သုံးသပ်နိုင်သလဲ။

ဦးဝင်းတင်

“အလွယ်ဆုံး၊ အဓိက အကျဆုံးအချက်ကတော့ ဒီစစ်အာဏာရှင်တွေ မရှိအောင်၊ စစ်အာဏာရှင် ပြုတ်ကျအောင် ဒီစနစ်ဆိုးကို ပြည်သူလူထုရဲ့ အုံကြွမှုတို့၊ လူထုအုံကြွမှုတို့နဲ့ ရိုက်ချိုးနိုင်ဖို့ပဲ။ အဲဒါက အဓိကပဲလို့ ကျနော်တို့ ပြောလို့ ရနိုင်ပါတယ်။ ဒီမိုကရေစီစနစ် ဖြစ်ထွန်းဖို့အတွက်ကို ဒီမိုကရေစီစနစ်နဲ့ ကြိုးစားတဲ့ နေရာမှာ လူထုအုံကြွမှုတွေက ဒီမိုကရေစီနည်းနဲ့ လူတွေရဲ့ လှုပ်ရှားမှုပဲ”

“ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိစ္စမှာ အရေးကြီးဆုံးက ဘာလဲဆိုတော့ စစ်အာဏာရှင်တွေဆိုတဲ့ အုပ်ချုပ်သူ အဖွဲ့အစည်းပေါ့… ပါတီဖြစ်ရင် ဖြစ်မယ်၊ စစ်တပ်ဖြစ်ရင် ဖြစ်မယ်၊ လူတစုကို ကိုယ်စားပြုတဲ့ အာဏာရှင်တွေဖြစ်ရင် ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ဒီအာဏာရှင်တွေ၊ အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်ခြင်းသာလျှင် ဒီမိုကရေစီ အောင်မြင်ရေးအတွက် လမ်းစဖြစ်မယ်”

“အာဏာရှင်ကို မတိုက်ဝံ့ရင် ဒီမိုကရေစီတိုက်ပွဲဆိုတာက ကျနော်ထင်တယ်… လူတွေ လမ်းပေါ်မှာ ဆန္ဒပြရုံလောက်ပဲ ရှိမှာပဲ။ အဲဒီကနေ ဘာမှ တက်လာမှာ မဟုတ်ဘူး”

ဦးခင်မောင်ဆွေ


“အဓိက အကျဆုံးအချက်ကတော့ ကျနော်တို့ ထောင်ထဲ မရောက်ခင်တုန်းကတော့ ဒီစစ်အစိုးရကို ဖြုတ်ချဖို့ပဲပေါ့ဗျာ။ အခုက စစ်အစိုးရ မဖြုတ်ချနိုင်ဘူးလေ။ မရနိုင်တဲ့အပြင် သူကတောင်မှ ပြောင်းပြီးတော့ လွှတ်တော်ခေါ်ပြီးတော့ နောက်အစိုးရ ဖြစ်သွားပြီဗျာ။ အဲဒီလိုဆိုတော့ ကျနော်တို့ သွားရမှာက စစ်အစိုးရ ဖြုတ်ချဖို့ သက်သက်ချည်း လုပ်မှာလား၊ သို့မဟုတ် အခြေခံဥပဒေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လွှတ်တော်ကတဆင့် ဖြည်းဖြည်းချင်းပဲ စီးပွားရေးဒီမိုကရေစီရအောင် ထူထောင်ပြီးတော့ တဖြည်းဖြည်းချင်း ဒီမိုကရေစီလမ်းကြောင်း ရောက်အောင်ပေါ့ဗျာ၊ ပြည်သူလူထု မနစ်နာဘဲနဲ့ သွားတဲ့ လမ်းကြောင်းကို ယူမလားဆိုတဲ့ ဟာကို နိုင်ငံရေးသမား အားလုံး၊ နိုင်ငံရေးပါတီ အားလုံး၊ ပါဝင်နေတဲ့ State holder အားလုံးက ရွေးချယ်ရမယ့်ကိစ္စ ဖြစ်ပါတယ်”

“မြန်မာနိုင်ငံအဖို့ကတော့ ဆင့်ကဲဖြစ်စဉ်နဲ့ ပြောင်းလဲတဲ့ဘက်ကို သွားနေတာတော့ ကျနော်တို့ မြင်နေရတာပဲဗျာ။ အခုက စစ်အစိုးရက ဆုတ်သွားပြီလေ။ ဆုတ်သွားတဲ့ စစ်အစိုးရ ဖြုတ်ချဖို့ဆိုတာ မရှိတော့ဘူးဗျာ။ ဖြုတ်ချချင်တယ်ဆိုလည်း စိတ်ကူးယဉ်ပဲ ဖြစ်မယ်။ အဲဒီတော့ တကယ် လက်တွေ့ကျတဲ့ ဟာကို စဉ်းစားပြီးတော့ ဒီပွဲမှာ နွှဲပြီး၊ ဒီတပွဲမှာ မအောင်မြင်ရင် နောက် ၅ နှစ်တိုင်အတွင်းမှာ ကျနော်တို့ ပြည်သူတွေ ရွေးချယ်တဲ့ လွှတ်တော်ကြီး ဖြစ်လာအောင်၊ အမှန်အကန် လွှတ်တော်ကြီး ဖြစ်လာအောင် ဝိုင်းဝန်းကြိုးပမ်းခြင်းဖြင့်သာ ဒီ ဒီမိုကရေစီကို ဖြည်းဖြည်းချင်း သွားနိုင်မယ့် အခွင့်အလမ်းရမှာပဲ”

ဦးအောင်သူငြိမ်း

“ကျနော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုတာမျိုးကတော့ အကုန်လုံးပြောနေတာပေါ့။ လက်ရှိ စစ်အစိုးရက ရွေးကောက်ပွဲတွေ လုပ်ပြီးတော့ သူတို့လည်း ဒီမိုကရေစီ သွားမယ်လို့ ပြောနေတာပဲ။ ကျန်တဲ့ အတိုက်အခံ အင်အားစုတွေကလည်း ဒီမိုကရေစီသွားမယ်လို့ ပြောနေတယ်ပေါ့ဗျာ။ ဆိုတော့ အဲဒီအနေအထားမှာ အကုန်လုံး ညှိနှိုင်းပြီးတော့ တူညီတဲ့ လမ်းကြောင်း ရှာနိုင်လို့ ရှိရင်တော့ အကောင်းဆုံးပေါ့”

“ကျနော်တို့ တိုင်းပြည်မှာက တဖက်နဲ့ တဖက်က အားယူပြီး အပြိုင်အဆိုင်လုပ်တဲ့ နိုင်ငံရေးမျိုးက ဆက်ရှိနိုင်တဲ့ အလားအလာမျိုး ရှိပါတယ်”

Daw Aung San Suu Kyi Vedio for Migrant Assistance Programme (MAP)


Sunday 13 March 2011

တကယ်လုပ်ချင်ရင်----Zin Thant

တကယ်လုပ်ချင်ရင်----Zin Thant

၁။စစ်သားမယား သူငယ်ချင်းထဲမှာ ဘယ်နှစ်ယောက်ရှိလဲ
၂။သူတို့မှာ ထမိန်ဘယ်နှစ်ထည်ရှိလဲ
၃။စစ်ဗိုလ်မယား တွေ လှလှပပပြင်ဆင်နိုင်ရဲ့လား
၎။စစ်တပ်ထဲကသတင်းဘာများထူးတာပြောသံကြားလဲ
၅။စစ်တန်းလျားထဲက နေ့စဉ်ဘ၀များကို တစ်ရက်တာ ထိုင်ကြည့်ဖူးလား
၆။စစ်သားမယား ကင်းစောင့်သွားတာကို မြင်ဖူးလား/၂၀၀၀ခုနှစ်နောက်ပိုင်းမှာစစ်သင်တန်းတက်ခိုင်းနေပြီ
၇။ကလေးစစ်သားမြင်ဖူးလား မြင်ဖူးရင် စကားပြောခွင့်ရဖူးလား ရရင် ဘယ်အရပ်ကလဲသိလား
သိရင် ဘာလုပ်ပေးသင့်လဲ???????
၈။အရပ်ထဲမှာ နိုင်ငံရေးသမားတစ်ဦးရှိတဲ့အိမ်နဲ့ စစ်သားနဲ့အမျိုးစပ်ရင်ရှိတဲ့အိမ်အချိုးသိလား
၉။မုဆိုးမတွေထဲမှာ စစ်သားစစ်ဗိုလ်မုဆိုးမတွေက အသက်အငယ်ဆုံးမြန်မာမလေးတွေ
သိန်းနဲ့ချီပြီးရှိတာသိလား
၁၀။ရန်ကုန်မြို့ မိုင်၂၀အတွင်းမှာ မုဆိုးမ မြို့တော်ကိုရောက်ဖူးလား ရောက်ရင်အသိမိတ်ဆွေ ရှိရဲ့လား
၁၁။၁၉၄၈ကနေ ယနေ့ထ စစ်သားစစ်ဗိုလ် အာဏာရှင်တို့လက်ထဲမှာသေပေးရတာ

ဘယ်နှစ်သိန်းရှိလဲသိလား
၁၂။မင်္ဂလာဒုံစစ်သင်းချိုင်းမှာ အောင်ဆန်းသူရိယကအစ ဗိုလ်ချုပ်ကြီးတင်ဦး(အက်စ်၂)အစ

မြှုပ်ထားတယ် ခု စုတ်ပြတ်သတ်နေတာ သိလား...
၁၃။သိတဲ့ထဲမှာ ထမင်းငတ်နေတဲ့ သူတို့မိသားစုပင်စင်ဘယ်လောက်လဲသိလား
အထက်ပါ ၁၃ ချက်ကို ဘဲ လေ့လာပါ အားထုတ်ပါ ဆန်းစစ်ပါ တကယ်လုပ်ကြည့်ပါ
မြန်မာ့ဒီမိုကရေစီရေးမှာ သူတို့မပါပါ။ ဘာကြောင့်လဲဆိုတော့ အမိန့်ပေးစနစ်နဲ့ အရာရှိ
ရိုးရိုးရဲဘော်အမိန့်စနစ်နဲ့တသွေတသံတည်ဆောက်မှ ရတဲ့အဖွဲ့အစည်းကို
ဒိမိုကရေစိတန်းတူညီမျှမှုတွေပေးလို့လဲမရ သူတို့ယူသုံးလို့လဲမရ
ဘယ်လိုမှမအပ်စပ်တာကို ခုလွှတ်တော်ထဲ ၀င်ထိုင်ခိုင်းနေတာကိုက
ဆေးမတိုးတဲ့ လူနာကို အောက်စိဂျင်သွင်း သွေးသွင်းပြီး ပက်လက်ကြီးဖြစ်နေတဲ့
အာဏာရှင် စစ်အာဏာရှင် စစ်မြေရှင်ပဒေသရာဇ် စနစ်ကို
အသက်သွင်းနေတာကို မြင်အောင်ကြည့် သိအောင်လုပ် ရောက်အောင်သွား
ပြောင်းလဲအောင်တိုက် မှ ရပါမယ်........

အားလုံးရဲ့အချု့ပ်ကတော့ စစ်ဗိုလ်စစ်သားတွေကို ရှက်တတ်လာအောင် သင်ပေးဖို့ပါ။
ခုလွှတ်တော်ထဲက စစ်ဗိုလ်လေးတွေလဲ ပုဆိုးဝတ်ထားတဲ့
သူတို့ဗိုလ်ချုပ်ကြီးတွေရဲ့အာဏာအသက်ဆက်ပွဲ စိတ်မပါလက်မပါနဲ့ကြည့်နေကြ၇ှာပါတယ်..
တစ်နေ့ကျ သူတို့လဲ ရှက်တတ်လာမှာကပါ တကယ့်စစ်သူရဲကောင်းဆိုတာ စစ်မြေပြင်မှာသာ
တင့်တယ်တယ်မဟုတ်လား...
၁၃ချက်ပဲပေးလိုက်တာ ဒီနေ့ ၁၃ ရက် မတ်လ ၁၉၈၈ ခု ည ၇ နာရီ ၄၀ဆို
ဖုန်းမော်ကသေပြီ။ စိုးသိန်းက ရန်ကုန်ဆေးရုံကြီးမှာ
အသက်ငင်နေတယ်လေ လွန်ခဲ့တဲ့ ၂၃နှစ်ကပေါ့
၁၃.မတ်.၁၉၈၈ ခုနှစ် အမှတ်တရ သေပေးလိုက်ရတဲ့ လူငယ်လေးတွေအုပ်စုထဲ ကို
လုံးထိန်းကတပ်က ဗရမ်းပတာ ကြောက်ကန်ကန်ပြီးတည့်တည့်ပစ်လိုက်တာ..
အဲဒီလတစ်လလုံးကို နေ့ခင်းကြ၊ီးကို ၇န်ကုန်ထဲမှာကျီးကန်းတွေအုပ်လိုက်ပြိုတယ်
အင်းစိန် မင်္ဂလာဒုံလေယာဉ်ကွင်းနားက စက်ကန်ကြိးမှာသွေးတွေ
လိုရဲလာတယ်တစ်လလုံးနော်...........ရန်ကုန်ဆေးရုံကြီးအနောက်အုတ်တံတိုင်းမှာ
အရူးတစ်ယောက် စာတွေအပြည့်ရေးတယ် တော်လှန်ရေးတဲ့
ကြခတ်ဝါးရုံတွေ အပွင့်တွေပွင့်ပြီးသေကုန်တယ် ရုံးတစ်ချို့မှာ
နိုင်ငံတော်တံဆိပ်တွေ မိုးမရွာလေမတိုက် ဘဲ အောက်ကိုပြုတ်ကျပြီးအစိတ်စိတ်ကွဲကုန်တယ်
 

ဒါတွေနိမိတ်ဘဲ မကြာခင်တွေ့လာရမှာပါ.......

ပင်မစစ်လက်နက်ခဲယမ်းနှင့်သိုလှောင်ရေးတပ်မှာ တပ်တွင်းပုန်ကန်မှုဖြစ်နေပြီ။


ကုလလုံခြုံရေးကောင်စီ "ကလေးများနှင့်လက်နက်ကိုင်ဝိရောဓိကော်မတီ" (CAAC)

ကုလလုံခြုံရေးကောင်စီ "ကလေးများနှင့်လက်နက်ကိုင်ဝိရောဓိကော်မတီ" (CAAC)

The Security Council Working Group on Children and Armed Conflict (CAAC) was established in July 2005 pursuant to the Security Council resolution 1612 (2005). Consisting of the 15 Security Council members, the Working Group meets in close session to:

1) Review the reports of the monitoring and reporting mechanism (MRM) referred to in paragraph 3 of resolution 1612 (2005)

2) Review progress in the development and implementation of the action plans mentioned in paragraph 5 (a) of resolution 1539 (2004) and paragraph 7 of resolution 1612 (2005);

3) Consider other relevant information presented to it.

4) Make recommendations to the Council on possible measures to promote the protection of children affected by armed conflict, including through recommendations on appropriate mandates for peacekeeping missions and recommendations with respect to parties to the conflict;

5) Address requests, as appropriate, to other bodies within the United Nations system for action to support implementation of Security Council resolution 1612 (2005) in accordance with their respective mandates.

The monitoring and reporting mechanism seeks to monitor the following six grave abuses:

1. Killing or maiming of children;
2. Recruiting or using child soldiers;
3. Attacks against schools or hospitals;
4. Rape and other grave sexual violence against children;
5. Abduction of children;
6. Denial of humanitarian access for children.

By December 2010 the Working Group had considered over 30 country reports, making specific recommendations for each context and taking concrete actions towards parties to the conflicts via the Chairmen of the Working Group and the Council.

In addition to these country-specific reports of the Secretary-General, the United Nations Secretariat also submits for consideration of the Working Group at its bimonthly meetings a horizontal reporting note that highlights relevant development in all situations of concern for children. The horizontal reporting note represents a vital tool to flag critical emerging situations and update developments in other situations of concern.

Discernible progress has been observed as a result of the recommendations of the Working Group, including drawing the attention of the Security Council as well as its sanctions committees to specific issues. In the Democratic Republic of the Congo, after an initial delay, the Government brought to trial former Mai-Mai Commander Kyungu Mutanga, alias "Gedeon", for war crimes and crimes against humanity, including the recruitment of 300 children in Katanga Province from 2003 to 2006. This action follows strong recommendations by the Working Group to take appropriate legal measures against members of armed groups accused of grave crimes against children.

Report of the activities of the SCWG of 2007, 2008 , 2009, 2010 and 2011.

Saturday 12 March 2011

တပ်မတော်အသစ်လိုပြီ


(ပ-လ-တ-က)အဖွဲ့၏ရည်ရွယ်ချက်များနှင့်လုပ်ဆောင်ရန်နည်းလမ်းများ


ပြည်သူသာ အမိ ပြည်သူသာ အဖ
“ပင်လုံ”တပ်ပေါင်းစုံကူညီစောင့်ရှောက်ရေးအဖွဲ့(ပ-လ-တ-က)
‘Pin Lon’ Assistance Association for All Armies (PLAAAA)

အဖွဲ့၏ရည်ရွယ်ချက်များ

+       “ပင်လုံစိတ်ဓါတ်”ပြန်လည်ရှင်သန်စည်ပင်ပြန့်ပွားရေး။

+       ထာဝရအပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းစစ်ရပ်စဲရေး။

+       အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ တွေ့ဆုံဆွေးနွေးအဖြေရှာရေး။

+       လက်ရှိတပ်မတော်ကိုပြည်ထောင်စုသားများ အားလုံးစုပေါင်းပါဝင်ကြသည့် 
          ပြည်ထောင်စုတပ်မတော်အဖြစ်သို့အသွင်ပြောင်းရေး။

+       မည်သည့်တပ်မတော်မှ မြေမြှုပ်မိုင်း၊ ဓါတုလက်နက်၊ ပိုးမွှားလက်နက်၊ အနုမြူလက်နက်၊ စသည်များ လုံးဝအသုံးမပြုရေး။

+       အများပြည်သူသဘောမတူသည့် တချက်လွှတ်စစ်မှုမထမ်းမနေရ အမိန့်အာဏာများဥပဒေများ           စုပေါင်းဆန့်ကျင်ကန့်ကွက် ရုတ်သိမ်းပယ်ဖျက်စေရေး။

+       အသက်၆၅နှစ်ပြည့်ပြီးသူ မည်သူမဆိုအဆင့်အတန်းမရွေး တပ်မတော်မှလုံးဝနှုတ်ထွက် အငြိမ်းစားယူစေရေး။

+       လက်ရှိတပ်မတော်၏စည်းကမ်းနည်းလမ်းများနှင့်အညီ တပ်မှထွက်လိုသူများ ပင်စင်လစာအခွင့်အရေးအပြည့်ဖြင့် တရားဝင်အလျင်အမြန် ထွက်ခွင့်ပြုရေး။

+       အကြောင်းအမျိုးမျိုးကြောင့် လက်ရှိတပ်မတော်မှထွက်ပြေး
တိမ်းရှောင်ပုန်းအောင်းနေရသူ (တပ်ပြေး)များအား ဥပဒေနှင့်အညီအကာအကွယ်ပေးရေး။

+       နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ ချက်ချဉ်းလွတ်ရေး။

+       ရာဇ၀တ်အကျဉ်းသားများအား အထမ်းသမားများအဖြစ်အသုံးမပြုရေး။

+       အမျိုးသမီးနှင့်ကလေးသူငယ်များအား စစ်လက်နက်အဖြစ်အသုံးမပြုရေး။

+       ဖြတ်လေးဖြတ်စံနစ်လုံးဝအသုံးမပြုရေး။

+       လူတိုင်းကိုယ်စီ လူ့အခွင့်အရေးအားလုံး လေးစားလိုက်နာရေး။

+       နိုင်ငံတကာစစ်ဥပဒေများ လေးစားလိုက်နာရေး။

+       တပ်ပေါင်းစုံသုံ့ပမ်းလဲလှယ်ရေး၊ နိုင်ငံတကာစံနှုန်းနှင့်အညီ သုံ့ပမ်းများအားဆက်ဆံရေး။

+       ရဲဘော်အကြပ်အောက်ခြေမိသားစုများ စာနာယိုင်းပင်းကူညီထောက်ပံ့ရေး။

+       တပ်လစာရိက္ခာ သာတူညီမျှဖြစ်ရေး။

+       တပ်တွင်းကြီးနိုင်ငယ်ညှင်းပပျောက်ရေး။

+       တပ်တွင်းအဓမ္မလုပ်အားပေးပပျောက်ရေး။

+       တပ်တွင်းမတရားအမိန့်အာဏာများ ၀ိုင်းဝန်းကန့်ကွက်ဖီဆန်ရေး။

+       ကလေးစစ်သားများ လုံးဝပပျောက်ရေး။

+       ကလေးစစ်သားများ လိမ်ညာခြိမ်းခြောက် အဓမ္မစုဆောင်းသူများအား ဆန့်ကျင်ဖေါ်ထုတ်အပြစ်ပေးရေး။

++++++++++++++++

အဖွဲ့၏ရည်ရွယ်ချက်များအတွက်လုပ်ဆောင်ရန်နည်းလမ်းများ

+       မိမိနှင့်အနီးကပ်ဆုံးဆွေမျိုးသားချင်း မိတ်ဆွေအပေါင်းအသင်း တပ်မတော်သားများကို ပြည်သူလူထုဘက်ပါဝင်လာအောင် လိုအပ်သလို ကူညီစောင့်ရှောက်စည်းရုံးကြရန်။

+       ပြည်တွင်းပြည်ပ ဆက်သွယ်ရေးလမ်းကြောင်းအမျိုးမျိုးဖြင့် ကွန်ယက်ဖွဲ့ စုစည်း၍
အထက်ပါရည်ရွယ်ချက်များပြည့်ဝလာအောင် စည်းရုံးကြရန်။

+       အသင်း၏ရည်ရွယ်ချက်များအတွက် Internet, Websites, Blogs, Facebook, Twitter, email စသည်များတွင် အတတ်နိုင်ဆုံးအုပ်စုဖွဲ့ပါဝင်လှုပ်ရှားကူညီကြရန်။

+       တူနီးရှား၊ အီဂျစ်၊ လစ်ဗျား စသည့် အာဏာရှင်ဖြုတ်ချရေးကြိုးပမ်းမှုများ၏
အားသာချက်၊ အားနည်းချက်များကိုသင်ခန်းစာရယူလျက် တပ်မတော်သားအများစု ပြည်သူလူထုနှင့် တသားတည်းဖြစ်ရေး မမေ့မလျော့ ဇွဲသတ္တိရှိရှိ သည်းခံစိတ်ရှည်စွာ ကြိုးပမ်းကြရန်။

+       မြန်မာပြည်သူပြည်သားမှန်သမျှ တပ်မတော်အမျိုးမျိုးဖြင့် တနည်းမဟုတ်တနည်း ဆက်စပ်ပတ်သက် နေခဲ့ကြရသူချည်းဖြစ်သဖြင့် အသင်း၏ရည်ရွယ်ချက်များအတိုင်း တတ်နိုင်သမျှပါဝင်ကူညီလှုပ်ရှားဆောင်ရွက်ကြရန်။

+       အသင်း၏ရည်ရွယ်ချက်များသည် အခုရောနောင်ပါအမြဲလုပ်ဆောင်နေကြရမည့်
လုပ်ငန်းများဖြစ်သဖြင့် မြန်မာနိုင်ငံသား ပြည်တွင်းပြည်ပ လူမျိုးမရွေး ဘာသာမရွေး အသက်အရွယ်မရွေး မည်သူမဆို တတ်နိုင်သမျှပါဝင်လှုပ်ရှားဆောင်ရွက်ကြရန်။

“ပင်လုံ”တပ်ပေါင်းစုံကူညီစောင့်ရှောက်ရေးအဖွဲ့(ပ-လ-တ-က)‘Pin Lon’ Assistance Association for All Armies (PLAAAA)


ပြည်သူသာ အမိ ပြည်သူသာ အဖ
“ပင်လုံ”တပ်ပေါင်းစုံကူညီစောင့်ရှောက်ရေးအဖွဲ့(ပ-လ-တ-က)
‘Pin Lon’ Assistance Association for All Armies (PLAAAA)

Welcome to All!