ပြည်သူသာ အမိ ပြည်သူသာ အဖ
“ပင်လုံ”တပ်ပေါင်းစုံကူညီစောင့်ရှောက်ရေးအဖွဲ့(ပ-လ-တ-က)
‘Pin Lon’ Assistance Association for All Armies (PLAAAA)
အဖွဲ့၏ရည်ရွယ်ချက်များ
+ “ပင်လုံစိတ်ဓါတ်”ပြန်လည်ရှင်သန်စည်ပင်ပြန့်ပွားရေး။
+ ထာဝရအပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းစစ်ရပ်စဲရေး။
+ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ တွေ့ဆုံဆွေးနွေးအဖြေရှာရေး။
+ လက်ရှိတပ်မတော်ကိုပြည်ထောင်စုသားများ အားလုံးစုပေါင်းပါဝင်ကြသည့်
ပြည်ထောင်စုတပ်မတော်အဖြစ်သို့အသွင်ပြောင်းရေး။
+ မည်သည့်တပ်မတော်မှ မြေမြှုပ်မိုင်း၊ ဓါတုလက်နက်၊ ပိုးမွှားလက်နက်၊ အနုမြူလက်နက်၊ စသည်များ လုံးဝအသုံးမပြုရေး။
+ အများပြည်သူသဘောမတူသည့် တချက်လွှတ်စစ်မှုမထမ်းမနေရ အမိန့်အာဏာများဥပဒေများ စုပေါင်းဆန့်ကျင်ကန့်ကွက် ရုတ်သိမ်းပယ်ဖျက်စေရေး။
+ အသက်၆၅နှစ်ပြည့်ပြီးသူ မည်သူမဆိုအဆင့်အတန်းမရွေး တပ်မတော်မှလုံးဝနှုတ်ထွက် အငြိမ်းစားယူစေရေး။
+ လက်ရှိတပ်မတော်၏စည်းကမ်းနည်းလမ်းများနှင့်အညီ တပ်မှထွက်လိုသူများ ပင်စင်လစာအခွင့်အရေးအပြည့်ဖြင့် တရားဝင်အလျင်အမြန် ထွက်ခွင့်ပြုရေး။
+ အကြောင်းအမျိုးမျိုးကြောင့် လက်ရှိတပ်မတော်မှထွက်ပြေး
တိမ်းရှောင်ပုန်းအောင်းနေရသူ (တပ်ပြေး)များအား ဥပဒေနှင့်အညီအကာအကွယ်ပေးရေး။
+ နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ ချက်ချဉ်းလွတ်ရေး။
+ ရာဇ၀တ်အကျဉ်းသားများအား အထမ်းသမားများအဖြစ်အသုံးမပြုရေး။
+ အမျိုးသမီးနှင့်ကလေးသူငယ်များအား စစ်လက်နက်အဖြစ်အသုံးမပြုရေး။
+ ဖြတ်လေးဖြတ်စံနစ်လုံးဝအသုံးမပြုရေး။
+ လူတိုင်းကိုယ်စီ လူ့အခွင့်အရေးအားလုံး လေးစားလိုက်နာရေး။
+ နိုင်ငံတကာစစ်ဥပဒေများ လေးစားလိုက်နာရေး။
+ တပ်ပေါင်းစုံသုံ့ပမ်းလဲလှယ်ရေး၊ နိုင်ငံတကာစံနှုန်းနှင့်အညီ သုံ့ပမ်းများအားဆက်ဆံရေး။
+ ရဲဘော်အကြပ်အောက်ခြေမိသားစုများ စာနာယိုင်းပင်းကူညီထောက်ပံ့ရေး။
+ တပ်လစာရိက္ခာ သာတူညီမျှဖြစ်ရေး။
+ တပ်တွင်းကြီးနိုင်ငယ်ညှင်းပပျောက်ရေး။
+ တပ်တွင်းအဓမ္မလုပ်အားပေးပပျောက်ရေး။
+ တပ်တွင်းမတရားအမိန့်အာဏာများ ၀ိုင်းဝန်းကန့်ကွက်ဖီဆန်ရေး။
+ ကလေးစစ်သားများ လုံးဝပပျောက်ရေး။
+ ကလေးစစ်သားများ လိမ်ညာခြိမ်းခြောက် အဓမ္မစုဆောင်းသူများအား ဆန့်ကျင်ဖေါ်ထုတ်အပြစ်ပေးရေး။
++++++++++++++++
အဖွဲ့၏ရည်ရွယ်ချက်များအတွက်လုပ်ဆောင်ရန်နည်းလမ်းများ
+ မိမိနှင့်အနီးကပ်ဆုံးဆွေမျိုးသားချင်း မိတ်ဆွေအပေါင်းအသင်း တပ်မတော်သားများကို ပြည်သူလူထုဘက်ပါဝင်လာအောင် လိုအပ်သလို ကူညီစောင့်ရှောက်စည်းရုံးကြရန်။
+ ပြည်တွင်းပြည်ပ ဆက်သွယ်ရေးလမ်းကြောင်းအမျိုးမျိုးဖြင့် ကွန်ယက်ဖွဲ့ စုစည်း၍
အထက်ပါရည်ရွယ်ချက်များပြည့်ဝလာအောင် စည်းရုံးကြရန်။
+ အသင်း၏ရည်ရွယ်ချက်များအတွက် Internet, Websites, Blogs, Facebook, Twitter, email စသည်များတွင် အတတ်နိုင်ဆုံးအုပ်စုဖွဲ့ပါဝင်လှုပ်ရှားကူညီကြရန်။
+ တူနီးရှား၊ အီဂျစ်၊ လစ်ဗျား စသည့် အာဏာရှင်ဖြုတ်ချရေးကြိုးပမ်းမှုများ၏
အားသာချက်၊ အားနည်းချက်များကိုသင်ခန်းစာရယူလျက် တပ်မတော်သားအများစု ပြည်သူလူထုနှင့် တသားတည်းဖြစ်ရေး မမေ့မလျော့ ဇွဲသတ္တိရှိရှိ သည်းခံစိတ်ရှည်စွာ ကြိုးပမ်းကြရန်။
+ မြန်မာပြည်သူပြည်သားမှန်သမျှ တပ်မတော်အမျိုးမျိုးဖြင့် တနည်းမဟုတ်တနည်း ဆက်စပ်ပတ်သက် နေခဲ့ကြရသူချည်းဖြစ်သဖြင့် အသင်း၏ရည်ရွယ်ချက်များအတိုင်း တတ်နိုင်သမျှပါဝင်ကူညီလှုပ်ရှားဆောင်ရွက်ကြရန်။
+ အသင်း၏ရည်ရွယ်ချက်များသည် အခုရောနောင်ပါအမြဲလုပ်ဆောင်နေကြရမည့်
လုပ်ငန်းများဖြစ်သဖြင့် မြန်မာနိုင်ငံသား ပြည်တွင်းပြည်ပ လူမျိုးမရွေး ဘာသာမရွေး အသက်အရွယ်မရွေး မည်သူမဆို တတ်နိုင်သမျှပါဝင်လှုပ်ရှားဆောင်ရွက်ကြရန်။
No comments:
Post a Comment