၈၈၈၈ လုံးတုန်းက ဘာကြောင့် မဆလ ပြုတ်လဲ။
အဲဒီချိန်က ကျွန်တော်တို့ ဟာ ဒီနေ့ လစ်ဗျားလို ပဲ လုပ်ခဲ့ ကြလို့ ပါ။ နယ်မြိုနယ် အသီးသီးမှာ နေ့ ဘက်ဆန္ဒပြတယ် ညဖက် ရောက်ရင်လူ စုပြီး ကောင်စီ ပါတီ လူကြီး အိမ်ခဲ နဲ့ ဝိုင်းပေါက်ပြီး ထွက်ပြေး ကိုယ်ရောင်ဖြောက် (မြို့တွင်း ပျောက်ကြားတိုက်ခဲလုံးတိုက်ပွဲ) ဆင်နွဲတယ်။ ကောင်စီပါတီ လူကြီး ကားဖြတ်ရင် အော်တယ် ဆဲတယ် လစ်လျင် လေးခွနဲ့ ဆော်တယ်။ လူအုပ်နဲ့ ရဲစခန်းကို ၀ိုင်းမယ် သတင်းလွင့်တယ် လူအုပ်နဲ့ ကောင်စီရုံး ပါတီရုံး ကို ခဲနဲ့ ဝိုင်းပေါက်တယ် ညဖက်တွေ မှာ။ အဲ တော့  တစ်ပတ်တွင်းမှာ ကောင်စီ လူကြီး တွေ ရပ်ကွက်ထဲ မနေရဲတော့ဖူး စစ်တပ်ထဲကို ပြောင်းပြေးတယ်။ ရုံးမတက်နိုင်တော့ဖူး။ အဲ ဒီချိန် ကောင်စီ ရုံ့း ပါတီရုံးတွေကို လူကြီးအိမ်တွေကို လူအုပ်ကြီးနက ပုဆိန် ရဲတင်းကိုင်ပြိး ဖျက်တယ်။ အကုန်ဖျက်တယ် (မွန်ပြည်နယ်ဖက်ပါ) အဲ လို မြို့တော်တော်များများမှာ လုပ်ခဲ့ကြတယ် ရန်ကုန်မှာလဲ လုပ်ခဲ့ ကြတယ်။ နောက်ဆုံး မြို့နယ် ရုံးတွေ မဖွင့် နိုင်တော့ဖူး ပြည်နယ်ရုံးကလဲ တိုက်ရိုက်ကွပ်ကဲ မရတော့ ဖူး ၀န်ထန်းတွေ လဲ ရုံးမတက်တော့ဖူး။ အုပ်ချုပ်ရေး ယန္ဒရား ပျက်စီးသွားခဲ့ တယ် နောက်ဆုံး နေ၀င်း ရန်ကုန်အစိုးရပဲ ကျန်တော့တယ်။ သူတို့ ဘာဆေက်လုပ်မလဲ အစိုးရ ဖွဲ့ စည်းပုံပျက်သွား ပြီး ဆက်အုပ်ချုပ်မရတော့ဖူး။ အဲဒီချိန်နေ၀င်း တီဗွီကနေ မျက်ရည်ကျပြပြီး သမ္မတ တယောက်ပြီး တယောက် ထွက်ပြတယ်။ နှစ်လတွင်းမှာ သမ္မတ ၄ ။၅။၆ ယောက်ပြောင်းတာ ကမ္ဘာပေါ်မှာ မြန်မာတနိုင်ငံပဲ သမိုင်းမှာ ရှိဖူးတယ်ထင်တယ်။
ဒီနေ့ ကဒါဖီလဲ ၈၈ ကမဆလ အစိုးရလို ဖြစ်နေတယ်။ Tripoli တမြို့ နှင့် သူ ရဲ့ TV အသံလွင့် ရုံး ရယ် လက်တဆုပ်စာ အမျိုးတွေ နဲ့  အာဖရိက ငမွဲ တွေကို လက်နက်တပ်ထားတဲ့ ခါးပိုက်ဆောင်တပ်ကလွဲ ပြီး ဘာမှ မရှိတော့ဖူး။. နိုင်ငံအသီးသီးက သံအမတ်တွေ ထွက်ပြီး ဒုက္ခသည် လျောက်ကုန်ကြပြီး။ သံရုံးတွေ အကုန်ပိတ်ကုန်ပြီး။
ကွာခြားချက်က ၈၈ တုန်းက စက်တင်ဘာ ၁၈ ထိ မဆလ ပြုတ်တဲ့ ထိ စစ်တပ်က ကြားနေခဲ့တယ်။ ခု အခြေနေက မတူဖူး အဲဒီစစ်တပ်ကို ကျုပ်တို ကပြန်တိုက်ရမှာ ၈၈ထက် ကြမ်းနိုင်မှ အောင်မြင်မယ်။ မြို့ တွင်း ခဲလုံး တိုက်ပွဲ ထက် ပို ပြင်းထန်မှ အောင်မြင်မယ်။ ဒါပေမဲ့ ပေးဆပ်ရမယ် အဲဒီတွက် အချိန်လိုတယ်။ ငွေလိုတယ်။နည်းပညာ လိုတယ်။ ပြတ်သားတဲ့ ဦးဆောင်မှုလိုတယ်။ အရေးကြီးဆုံးက စစ်တပ်ကို ပညာပေးရမယ်။ အဓီက ပညာပေးနိုင်တာက မီဒီယာတွေပဲ။ စစ်ဗိုလ်တစ်ယောက်ချင်းကို အာပေါက်အောင်လိုက်ပြောလို့ မဖြစ်နိုင်ဖူးလေ။
စစ်ဘက် ခုလိ ကြံ့ဖွတ် ကို ပြောင်းတာ နောင်အနာဂတ်မှာ အောင်ပွဲ ခံဖို့ လမ်းစပဲ။ မှန်တာမှားတာ တွေ ငြင်းရမဲ့ အချိန်မဟုတ်တော့ပါ။ လုပ်စရာ ရှိတာ ဆက်လုပ်ရမဲ့ အချိန်ရောက်နေပါပြီး။ ရွေး ကောက်ပွဲ ၀င်သူတွေကို ထိုင်ဆဲလဲအချိန်ဖြုန်းတာပဲ ရှိမယ်။ မဆလတုန်းကလဲ ဦးနေ၀င်း ဦးစန်းယု အကုန်ဗိုလ်ချုပ်လူထွက်တွေပဲ။ စစ်တပ်က ကြားနေပြီး စစ်သား အလုပ်စစ်သားလုပ်ရင် တိုင်းပြည် အေးမယ်။ စစ်သား အလုပ်စစ်သားလုပ် နိုင်အောင် သူတို့ ကို ပညာပေးမှ ရမယ်။ သန်းရွေ ဖြုတ်ထားတဲ့ ဦးနှောက်တွေကို ပြန်ပြီး တပ်ဆင်ပေးရမယ်။
ဒါကတော့ ကျွန်တော့ ကိုယ်ပိုင်အမြင်ပဲ။
မိုးဟိန်း

No comments:
Post a Comment