Saturday 23 July 2011

ဆရာကြီး သခင် ကိုယ်တော် မှိုင်း ကွယ်လွန်တဲ့ ၄၇ နှစ်မြောက် နှစ်ပတ် လည်နေ့ ငြိမ်းချမ်းရေး ကြေညာချက် ထုတ်ပြန်

ဆရာကြီး သခင် ကိုယ်တော် မှိုင်း ကွယ်လွန်တဲ့ ၄၇ နှစ်မြောက် နှစ်ပတ် လည်နေ့ ငြိမ်းချမ်းရေး ကြေညာချက် ထုတ်ပြန်

ဆရာကြီး အသက် ထင်ရှားရှိစဉ်က ကမ္ဘာ လှည့်ပြီး ငြိမ်းချမ်းရေး တရားဟောခဲ့ဇူလိုင်လ၂၃ရက်နေ့ဟာ မြန်မာ့ ငြိမ်းချမ်း ရေး ဖခင်ကြီး ဆရာကြီး သခင် ကိုယ်တော် မှိုင်း ကွယ်လွန်တဲ့ ၄၇ နှစ်မြောက် နှစ်ပတ် လည်နေ့ ဖြစ်ပါတယ်။ဒီနှစ်ပတ်လည် နေ့မှာပဲ မြန်မာပြည် ငြိမ်းချမ်း ရေး လိုလားသူတွေနဲ့ သခင် ကိုယ်တော်မှိုင်းရဲ့ မိသားစုတွေက ငြိမ်းချမ်း ရေး ကြေညာချက် တစ်စောင်ကို ထုတ်ပြန် လိုက်ပါတယ်။ဆရာကြီး သခင် ကိုယ်တော်မှိုင်းရဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက်မှာ အမြဲတမ်း ကော်မီတီ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သလို ပြည်တွင်း ငြိမ်းချမ်းရေး အဖွဲ့ဝင် အဖြစ်လည်း ဆောင်ရွက်ခဲ့သူ ကဗျာဆရာ၊ စာရေးဆရာ ကြီး ဦးအံ့မောင်က ဒီကြေညာချက်ဟာ ပြည်တွင်းစစ်တွေ ချုပ်ငြိမ်း သွားစေဖို့အတွက် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ပြီး ငြိမ်းချမ်းရေး ဆောင်ရွက်သွားကြဖို့ ပန်ကြားထားတဲ့ ကြေညာချက် ဖြစ်တယ်လို့ ပြောပါတယ်။ဆရာကြီး သခင် ကိုယ်တော်မှိုင်း မကွယ်လွန်ခင်က တိုင်းပြည် ငြိမ်းချမ်းရေး ရတာ မြင်သွား ချင်တယ်လို့ တဖွဖွ ပြောသွားခဲ့ပေမဲ့ အခု သူကွယ်လွန်ပြီး နှစ်ပေါင်း ၄၀ကျော် ကြာတာ တောင် ဆန္ဒ မပြည့်ဝနိုင် သေးတာဟာ ကြေကွဲစရာ ဖြစ်တယ်လို့ ဆရာကြီး ဦးအံ့မောင်က ပြောပါတယ်။အဲဒီတုန်းက ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်မှာ ပါဝင်ခဲ့သူတွေ အထဲက ဒုတိယ ဥက္ကဌ ဒဂုန် တာရာနဲ့ အတွင်းရေးမှူး ဦးအံ့မောင်တို့ပဲ အခုအခါ သက်ရှိ ထင်ရှား ကျန်ပါတော့တယ်။၁၉၆၀ ခုနှစ်တဝိုက်က ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့် ရခဲ့သလို ပြည်တွင်း ငြိမ်းချမ်းရေး အဖွဲ့အဖြစ်လည်း တရားဝင် ဖွဲ့စည်းခွင့် ရခဲ့ပေမဲ့ အခု လက်ရှိ အချိန်မှာတော့ အဲဒီလို တရားဝင် အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့် မရဘူးလို့ ဆရာကြီး ဦးအံ့မောင်က ဘီဘီစီကို ပြောပါတယ်။

No comments:

Post a Comment