Thursday 28 July 2011

ဒေါ်အောင်ဆန်းစုကြည်၏အိတ်ဖွင့်ပေးစာနှင့်တိုင်းရင်းသားခေါင်းဆောင်များ၏ကြိုဆိုမှု

တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျာ။

အမျိုးသားခေါင်းဆောင်ကြီးနှင့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားညီအကိုများ မှီတင်းနေထိုင်ရာ ပြည်နယ်တချို့မှာ လတ်တလော တောက်လောင်နေတဲ့ စစ်မီးတောက်များ ငြိမ်းအေးသွားစေရေးအတွက် ကိုယ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်ပေးလိုတဲ့စေတနာနဲ့ သက်ဆိုင်သူများထံ အိတ်ဖွင့်ပေးစာတစ်စောင် ဒီကနေ့ ပေးပို့၊ ထုတ်ပြန်လိုက်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံးရပ်ဆိုင်းဖို့ ၊ ပြသနာ တွေကိုတွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ အနူးအညွတ် တိုက်တွန်းပန်ကြားထားပါတယ်။ ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်တဲ့ ဒီအိတ်ဖွင့်ပေးစာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တရားဝင်လမ်းကြောင်းက ပေးပို့ပြီးဖြစ်ပါတယ်။ ကျန်ပုဂ္ဂိုလ်များကတော့ ဆက်သွယ်ရန်လမ်းကြောင်း မရှိတဲ့အတွက် အဖွဲ့ချုပ်ပြန်ကြားရေးကပဲ ထုတ်ပြန်ထားပါတယ်။ ရယူလေ့လာဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံပါတယ်။

ဦးအုန်းကြိုင်
သတင်းနှင့်ပြန်ကြားရေးဌာန

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက် တိုင်းရင်းသားများ ကြိုဆို

2011-07-28
မြန်မာ့ဒီမိုက ရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ အမျိုးသားသွေးစည်း ညီညွတ်ရေး တိုက်တွန်းကမ်းလှမ်းချက်ကို ၊ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ ဖက်ဒရယ် ကောင်စီ UNFC က ကြိုဆိုထောင်ခံ လိုက်ပါတယ်။
မွန်ပြည်သစ်ပါတီရဲ့  ခေါင်းဆောင်တစ်ဦးလည်းဖြစ် UNFC ရဲ့ အတွင်းရေးမှူးလည်း ဖြစ်တဲ့ နိုင်ဟံသာ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်ဟာ သင့်မြတ်ကောင်းမွန်တဲ့ ကိစ္စဖြစ်ကြောင်း မွန်ပြည်သစ်ပါတီရဲ့  ခေါင်းဆောင်တစ်ဦးလည်းဖြစ် UNFC ရဲ့ အတွင်းရေးမှူးလည်း ဖြစ်တဲ့ နိုင်ဟံသာက အခုလိုပြောဆိုပါတယ်။ “ကျနော်တို့ ထောက်ခံတယ်။ ကြိုဆိုတယ်။ သူ့အနေနဲ့ အားလုံးကိုယ်စားလုပ်တာလဲ ဖြစ်တယ်။ သူ့အနေနဲ့ ကြားဝင်းလုပ်ပေးတာလဲ ဖြစ်တယ်။ ဒါကိုကျနော်တို့ ၀ိုင်းပြီး ထောက်ခံကြိုဆိုပါတယ်” UNFC မှာ မွန်၊ ကချင်၊ ကရင်၊ ရှမ်း စတဲ့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့အတူ စုစုပေါင်း တိုင်းရင်းသား ၁၁ ဖွဲ့ ပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်ကို အစိုးရနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ KIO ကချင် လွတ်မြောက်ရေးအဖွဲ့က လက်ကမ်း ကြိုဆိုလိုက်သလို ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSA ကလည်းကြိုဆိုတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလ ကအခုလိုပြောပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးသိန်းစိန်ဆီ ပေးတဲ့ အိတ်ဖွင့်စာထဲမှာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့အတွက် နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ရှင်းဖို့။ အခု ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းဖို့ တောင်းဆိုထားတဲ့ အချက်အလက်တွေကို ကျနော်တို့ ခြွင်းချက်မရှိ ထောက်ခံပါတယ်။ ဒါက ကျနော်တို့ SSA ရဲ့ သဘောထား ပေါ့နော်” ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိတ်ဖွင့်ပေးစာမှာ ပြည်တွင်း ငြိမ်းချမ်းရေးကိုလက်နက်နဲ့ တည်ဆောက်လို့  မရနိုင်ကြောင်း၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား သွေးစည်းညီညွတ်ရေး မရှိရင် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်အောင် မဆောင်ရွက်နိုင်ကြောင်း အဓိက ရေးသား ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိတ်ဖွင့်ပေးစာနဲ့ ပတ်သက်ပြီး တိုင်းရင်းသားအဖွဲ့တွေရဲ့ တုံ့ပြန်ချက်ကို ဦးဇော်မိုးကျော်က စုစည်းတင်ပြ ထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

No comments:

Post a Comment